Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Beauty
Home›Beauty›၀က်ခြံကင်းစင်တဲ့ မျက်နှာလေးဖြစ်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ

၀က်ခြံကင်းစင်တဲ့ မျက်နှာလေးဖြစ်အောင် ဘယ်လို ပြုမူနေထိုင်ရမလဲ

By Pwint Thit Tin Maw
May 14, 2020
4505
0
Share:

မျက်နှာကို စနစ်တကျ သန့်စင် ဆေးကြောပါ

ဝက်ခြံကင်းစင်ဖို့ ပထမ အရေးကြီးဆုံး အချက်က မျက်နှာမှာ ရှိတဲ့ မလိုအပ်တဲ့ အဆီတွေ အညစ်အကြေးတွေ ရှင်းလင်းဖို့ဖြစ်ပါတယ်။ မျက်နှာကို တစ်နေ့ နှစ်ကြိမ် သစ်ဖို့လိုအပ်ပါတယ်။ ဝက်ခြံပေါက်တဲ့ အသားအရေတွေအတွက် မျက်နှာသစ်ဆေးကို ဓာတု ပစ္စည်းတွေ မပါဝင်တဲ့ ဆပ်ပြာ အပျော့စား နဲ့ပဲ သစ်ဖို့ အလွန်အရေးကြီးပါတယ်။

 

သင့်ရဲ့မျက်နှာ အရေပြား အမျိုးအစားကို သိပါ

မျက်နှာ အရေပြားအမျိုးအစားတွေက အသားရေခြောက်တာ၊ အဆီပြန်တာ စသဖြင့် အမျိုးအစား များစွာရှိပါတယ်။ အဲ့ထဲကမှ အဆီအရမ်းပြန်တတ်တဲ့ အသားအရေအများအပြားက ဝက်ခြံထွက်လွယ်တတ်ပါတယ်။ အဲ့တာကြောင့် သင့်မျက်နှာ အရေပြား အမျိုးအစားနဲ့ ကိုက်ညီတဲ့ skin care product တွေကို အသုံးပြုသင့်ပါတယ်။

မျက်နှာကို ရေဓာတ်ဖြည့်ပါ

မျက်နှာမှာ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ မျက်နှာမှာ ရေဓာတ်မရှိရင် ဖုန်၊ အညစ်အကြေးတွေက မျက်နှာရဲ့ ချွေးပေါက်တွေထဲ အလွယ်တကူ ဝင်ပြီး ဝက်ခြံဖြစ်နိုင်ပါတယ်။ အဲ့တာကြောင့် မျက်နှာသစ်ပြီးတိုင်း ရေဓာတ်ဖြည့်ပေးတဲ့ skin care product ကိုအသုံးပြုဖို့ လိုအပ်ပါတယ်။

ခန္ဓာကိုယ်အတွက်လည်း ရေဓာတ်ပြည့်ဝအောင်ထားပါ

တနေ့ကို ရေ ၈ ခွက် အနည်းသုံး သောက်ပေးသင့်ပါတယ်။ ခန္ဓာကိုယ်ကလည်း ရေဓာတ်ပြည့်ဝနေမှာ အသားအရေကြည်လင်ပြီး ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်မှာဖြစ်ပါတယ်။ တနေ့ကို ရေ ၈ ခွက် အနည်းသုံး သောက်ပေးသင့်ပါတယ်။

မိတ်ကပ်တွေအများကြီး လျော့ပါ

နေ့စဉ်နေ့တိုင်း မလိုအပ်ပဲ မိတ်ကပ်တွေ အများကြီး မလိမ်းသင့်ပါဘူး။ မိတ်ကပ်တွေ အများကြီး လိမ်းတာဟာ ချွေးပေါက်တွေ ပိတ်ပြီး ဝက်ခြံကို ဖြစ်စေပါတယ်။ ဝက်ခြံတွေ ပေါက်နေတဲ့ အချိန် မျက်နှာကို မိတ်ကပ်တွေ မလိမ်းပဲ အာဟာရပြည့်ဝအောင်ထားဖို့လိုအပ်ပါတယ်။

မျက်နှာကို မလိုအပ်ပဲ မထိပါနဲ့

မျက်နှာကို မလိုအပ်ပဲ ထိတာကိုင်တာဟာ ဝက်ခြံကို ပိုပြီး ဖြစ်စေပါတယ်။ လက်မှာက မမြင်နိုင်တဲ့ ပိုးမွှားတွေများစွာ ရှိနေနိုင်တာမလို့ မျက်နှာကို လက်နဲ့ ခဏခဏကိုင်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

နေလောင်ကာခရင်မ်လိမ်းပါ

မဖြစ်မနေ နေပူထဲ ထွက်ရမယ်ဆို နေလောင်ကာခရင်မ် လိမ်းဖို့ လိုအပ်ပါတယ်။ မျက်နှာက နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများလာရင် အသားအရေပျက်စီးပြီး စေနိုင်ပါတယ်။

ဝက်ခြံကိုမညစ်ပါနဲ့

မိန်းကလေးတွေအများစု အမှားလုပ်တတ်တဲ့ အကျင့်ကတော့ ဝက်ခြံကို ညစ်တာပဲဖြစ်ပါတယ်။ ဝက်ခြံညစ်လိုက်ပြီဆိုရင် အဲ့ကထွက်လာတဲ့ ပြည်အရည်ကြည်တွေက မျက်နှာရဲ့ အခြားနောက်ထပ်နေရာကို ထိနိုင်တာမလို့ ဝက်ခြံတွေ ပိုဆိုးလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် လက်မှာရှိတတ်တဲ့ ပိုးမွှားတွေကလည်း ဝက်ခြံထဲကို ရောက်သွားပြီး ဝက်ခြံပိုမို ထွက်လာခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဝက်ခြံကို လုံးဝမညစ်ပါနဲ့။

 

Stress တွေလျော့ချပါ၊ အချိန်မှန်အိပ်ပါ

ဝက်ခြံမဖြစ်စေဖို့ ဒီနှစ်ချက်ကလည်း အလွန်အရေးကြီးပါတယ်။ စိတ်ဖိစီးတာတွေကို အတတ်နိုင်ဆုံး လျော့ချပါ။ အချိန်မှန်အိပ်ဖို့လည်း အလွန်အရေးကြီးပါတယ်။ အိပ်ရေးပျက်တာကလည်း ဝက်ခြံတွေကို ဖြစ်စပါတယ်။ အဲ့တာကြောင့် ဝက်ခြံကင်းစင်ဖို့ အပေါ်ကအချက်တွေအားလုံးကို မိန်းကလေးတိုင်း လိုက်နာသင့်ပါတယ်နော်……..

 

Previous Article

ပူပြင်းလှတဲ့ ရာသီဥတုမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရေချိုးနည်း

Next Article

လူတစ်ယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရား

Share:

Related articles More from author

  • Beauty

    ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

    February 19, 2020
    By Pwint Thit Tin Maw
  • Beauty

    ကိုရီးယားက Oppa တွေရဲ့ ငယ်ဘ၀ ပုံရိပ်လေးများ

    April 23, 2020
    By Su Myat Noe
  • BeautyExclusive

    Group’s Comeback အတွက် ဆံပင် Strawberry Blonde အရောင် ဆိုးပစ်ခဲ့တဲ့ Girls’ Generation’s Sooyoung

    June 17, 2022
    By Htet Htet Aung
  • Beauty

    ချွေးပေါက်ကျဉ်းအောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ?

    July 6, 2020
    By Ei Thandar Thet
  • BeautyFashion

    (၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ

    January 29, 2020
    By Su Myat Noe
  • Beauty

    ပျိုမေတွေအတွက် နွေရာသီမှာ Skincare နည်းများ

    February 27, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Hot

    ကြည့်ရှူသူသန်းပေါင်း ရာကျော်သွားခဲ့တဲ့ Rose’ ရဲ့ “Gone” MV

  • Hot

    2021 MTV Europe Music Awards အတွက် nominated ဝင်ခဲ့တဲ့ Kpop အနုပညာရှင်များ

  • ExclusiveHot

    ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့ Asani

Timeline

  • June 24, 2022

    Blackpink Lisa, Twice’s Jihyo နဲ့ Mina , (G)I-DLE’s Minnie တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ သူမတို့ရဲ့ကြားက Friendship ကိုပြသခဲ့

  • June 23, 2022

    နာဟီးဒို ပုံစံကို ပရိသတ်တွေအမှတ်ရစေဖို့အတွက် Accessories တွေကို ပြန်လည်အသုံးပြုပြီး “Decision to leave” VIP premiere ကိုတတ်ရောက်ခဲ့တဲ့ Kim Tae Ri

  • June 22, 2022

    Cannes မှာ သူမရဲ့ Real Fan Girl တစ်ဉီးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ IU

  • June 21, 2022

    ကျောင်းတွင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ Nam Joo Hyuk

  • June 20, 2022

    Group Album နဲ့ Concert အတွက် ပြင်ဆင်နေတယ်ဆိုတဲ့ Mamamoo အဖွဲ့

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Blackpink Lisa, Twice’s Jihyo နဲ့ Mina , (G)I-DLE’s Minnie တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ သူမတို့ရဲ့ကြားက Friendship ကိုပြသခဲ့

    By Htet Htet Aung
    June 24, 2022
  • နာဟီးဒို ပုံစံကို ပရိသတ်တွေအမှတ်ရစေဖို့အတွက် Accessories တွေကို ပြန်လည်အသုံးပြုပြီး “Decision to leave” VIP premiere ကိုတတ်ရောက်ခဲ့တဲ့ Kim Tae Ri

    By Htet Htet Aung
    June 23, 2022
  • Cannes မှာ သူမရဲ့ Real Fan Girl တစ်ဉီးနဲ့အမှတ်မထင်တွေ့ဆုံခဲ့ရတဲ့ IU

    By Htet Htet Aung
    June 22, 2022
  • ကျောင်းတွင်းအနိုင်ကျင့်မှုဖြင့် စွပ်စွဲခံထားရတဲ့ Nam Joo Hyuk

    By May Thu
    June 21, 2022
  • Blackpink Lisa, Twice’s Jihyo နဲ့ Mina , (G)I-DLE’s Minnie တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေနဲ့ သူမတို့ရဲ့ကြားက Friendship ကိုပြသခဲ့

    By Htet Htet Aung
    June 24, 2022
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.40, Room No.(010) No (1) Industrial Road, Opposite to Central Bank, Bahan Township, Yangon, Myanmar
  • +95-9-9641-55430
  • info@chelmo.tips
Copyright © 2019-2022 Chelmo.tips. All rights reserved.