မျက်နှာအတွက် ရေခဲတုံး၏ အသုံးဝင်ပုံ
ပျိုမေတို့လက်တစ်ကမ်းမှာပဲရှိနေတဲ့ ရေခဲတုံးက ဘယ်လိုတွေအသုံးဝင်လဲဆိုတာ ကြည့်လိုက်ကြရအောင်
မျက်ကွင်းညိုတာကို လျော့ချပေးပါတယ်။ မျက်ကွင်းနားတစ်ဝိုက်ကို ရေခဲတုံးနဲ့ ညင်သာစွာ ပွတ်ပေးခြင်းဖြင့် မျက်ကွင်းညိုတာကို သက်သာစေပါတယ်။
ဝက်ခြံတွေကိုလည်း ပျောက်ကင်းအောင် တွန်းထုတ်ပေးနိုင်ပါတယ်။ ရောင်ရမ်းနေတဲ့ ဝက်ခြံပေါ်ကို ရေခဲတုံးနဲ့ စက္ကန့်အနည်းငယ်ကြာအောင် ကပ်ပေးခြင်းဖြင့် ဝက်ခြံအဖုတွေကို သက်သာစေပါတယ်။
ချွေးပေါက်တွေကျဉ်းအောင်လည်းကူညီပေးပါတယ်။ မျက်နှာတစ်ပြင်လုံးကို ရေခဲတုံးနဲ့ ညင်သာစွာ ပွတ်ပေးခြင်းဖြင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကိုလည်း ဖယ်ရှားပေးပြီး မျက်နှာ အသားအရေ ကြည်လင် ချောမွတ်စေပါတယ်။
မိတ်ကပ်အောက်ခံအနေနဲ့လည်း အသုံးပြုလို့ရပါတယ်။ မိတ်ကပ်မလိမ်းခင် primer နေရာမှာ ရေခဲတုံးနဲ့ ပွတ်ပေးခြင်းက မိတ်ကပ်သားကို တစ်နေကုန်ခံစေပြီး မိတ်ကပ်ညပ်ညပ်လေးနဲ့ လှနေနိုင်ပါတယ်။
မျက်နှာအသားအရေလျော့ခြင်းကိုလည်းကာကွယ်ပေးပါတယ်။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ မျက်နှာ အသားအရေတွေက မတင်းရင်းတော့ပဲ လျော့လာပါတယ်။ အဲ့ဒီ အချက်ကို ရေခဲတုံးနဲ့ ကာကွယ်လို့ရပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ နေ့စဉ်နေ့တိုင်း ပွတ်တိုက်ပေးခြင်းက မျက်နှာအသားအရကို တင်းရင်းပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင် ပျိုမေတို့ ရေခဲတုံးရဲ့အသုံးဝင်ပုံကို သိရှိသွားပြီဆိုတော့ အမြန်ဆုံး အသားအရေထိန်းသိမ်းလိုက်ကြရအောင်………..