သင့်မျက်နှာ အရေပြားအမျိုးအစားကို ဘယ်လိုသိနိုင်မလဲ
လူတိုင်းကြုံတွေ့ရတတ်တဲ့ ပြဿနာကတော့ ကိုယ့်မျက်နှာ အရေပြားအမျိုးအစားကို မသိပဲ မှားယွင်းစွာ skin care တွေ အသုံးပြုမိနေကြတာ ပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ကိုယ့်အရေပြားက ဘယ်အမျိုးအစားထဲမှာ ပါလဲဆိုတာ သိနိုင်အောင် အောက်မှာ ဖော်ပြပေးထားတဲ့ အချက်တွေကို ကြည့်လိုက်ကြရအောင်……….
ပထမဆုံး မိတ်ကပ်တွေကို စင်ကြယ်အောင် ဖျက်လိုက်ပါ။ ပြီးရင်တော့ မျက်နှာသစ်ဆေး အပျော့စားနဲ့ သစ်ပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ မျက်နှာသုတ်တဲ့ အခါမှာလည်း ဖိပြီး ပွတ်ဆွဲတာမျိုးတွေ မလုပ်သင့်ပါ။ တစ်နာရီဝန်းကျင်လောက် မျက်နှာကို ဘာ skin care မှ မလိမ်းပဲထားလိုက်ပါ။ ပြီးမှ မျက်နှာကို သန့်စင်တဲ့ တစ်ရှူးနဲ့ ကပ်ထားလိုက်ပါ။
သင့်မျက်နှာပေါ်က တစ်ရှူးစမှာ အဆီပြန်ခြင်းလည်း မရှိ၊ မျက်နှာတင်းကျပ်ကျပ်ဖြစ်ခြင်း ဘာတစ်ခုမှ မဖြစ်ရင်တော့ normal skin (ပုံမှန် အသားအရေ) ဖြစ်ပါတယ်။
ပုံမှန် အသားအရေ ပိုင်ရှင်တွေဟာဆိုရင် အသားအရေညီညာတယ်၊ တင်းတိတ်ဝက်ခြံ ကင်းရှင်းတယ်၊ ချွေးပေါက်လည်း အနည်းငယ်သာ ကျယ်နိုင်တယ်၊ ထိခိုက်လွယ်တာ တွေလည်း မဖြစ်ပါဘူး။
သင့်မျက်နှာပေါ်က တစ်ရှူးမှာ နှဖူူး နဲ့ နှာခေါင်း တစ်ဝိုက်မှာပဲ အဆီတွေထွက်လာတယ်ဆိုရင် combination skin (ပေါင်းစပ်အသားအရေ) ဖြစ်ပါတယ်။
ပေါင်းစပ်အသားအရေ တွေမှာတော့ ပါးနှစ်ဖက်က ခြောက်သွေ့နေတတ်တယ်၊ တင်းတိတ် အနည်းငယ် ထွက်နိုင်တယ်၊ စတဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
သင့်မျက်နှာမှာ ဘာအဆီပြန်မှုမှ ဖြစ်မလာပဲ တင်းတင်းကြီးဖြစ်လာရင်တော့ dry skin (အသားခြောက်တဲ့အသားအရေ) ပဲဖြစ်ပါတယ်။
အသားခြောက်တဲ့အသားအရေ ပိုင်ရှင်တွေအတွက်ကတော့ မျက်နှာက ကြမ်းတမ်းပြီး အရေပြားအက်ကွဲနေသကဲ့သို့ ဖြစ်နိုင်ပါတယ်။
သင့်မျက်နှာပေါ်က တစ်ရှူးတစ်ခုလုံးမှာ အဆီတွေစုလာပြီဆိုရင်တော့ oily skin (အဆီအလွန်ပြန်တဲ့ အသားအရေ) ဖြစ်ပါတယ်။
အဆီအလွန်ပြန်တဲ့ အသားအရေတွေကတော့ ဝက်ခြံအလွယ်တကူ ထွက်နိုင်ပြီး ချွေးပေါက်အလွန်ကျယ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
မျက်နှာသစ်ပြီးခဏအကြာမှာ သင့်မျက်နှာက နီရဲလာမယ် (သို့မဟုတ်) ယားယံလာတယ်ဆိုရင်တော့ sensitive skin (ထိရှလွယ်တဲ့ အသားအရေ) ဖြစ်ပါတယ်။
ထိရှလွယ်တဲ့ အသားအရေတွေအတွက်ကတော့ မျက်နှာက ဘာလိမ်းလိမ်းမတည့်တာ၊ အမြဲတမ်းနီရဲနေတတ်တာ၊ ဝက်ခြံဖြစ်လွယ်တာ စတဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
ကဲ အခုဆိုရင်တော့ သင်တို့ရဲ့ မျက်နှာ အရေပြားအမျိုးအစားကို သိသွားနိုင်ပြီလို့ထင်ပါတယ်။ ကိုယ့်မျက်နှာအရေပြား နဲ့ ကိုက်ညီတဲ့ skin care တွေအသုံးပြုနိုင်ကြပါပြီနော်…..