Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Beauty
Home›Beauty›အရေပြားအတွက် သံလွင်ဆီရဲ့ ကောင်းကျိုးများနဲ့ အသုံးဝင်ပုံများ

အရေပြားအတွက် သံလွင်ဆီရဲ့ ကောင်းကျိုးများနဲ့ အသုံးဝင်ပုံများ

By Kyaw Hein
February 21, 2020
8381
0
Share:

သံလွင်ဟာဆိုရင် ကျန်းမာရေးအတွက် ကောင်းပြီး ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ သဘာဝဆေးစွမ်းကောင်းတစ်ခုဆိုလည်း မမှားပါဘူး။ အရေပြားအတွက် သံလွင်ဆီရဲ့အသုံးဝင်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

Soften the Hands

နူးညံ့တဲ့လက်ချောင်းလေးတွေရဖို့အတွက် နေ့စဉ်နေ့တိုင်း လက်ချောင်းလေးတွေကို သံလွင်ဆီလိမ်းပေးပါ။ ရက်အနည်းငယ်ကြာတဲ့အခါမှာ သင့်လက်ချောင်းလေးတွေဟာ ပိုးသားလေးလို နူးညံ့လာပါလိမ့်မယ်။


Prevent Wrinkles

သံလွင်ဆီဟာဆိုရင် မျက်နှာပေါ်မှာ အရေးအကြောင်းများ မဖြစ်အောင် ကာကွယ်ပေးရုံသာမကပဲ ရှိနေတဲ့ အရေးအကြောင်းများကိုလည်း လျော့ပါးစေပါတယ်။ သံလွင်ဆီမှာ ဗီတာမင် E, phytosterols နဲ့ polyphenols စတဲ့ အစွမ်း သတ္တိတွေ ပါဝင်တဲ့အတွက်ကြောင့် အချိန်မတန်မီ အိုမင်းရင့်ရော်ခြင်း နဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်ပါတယ်။


Moisturizes Skin

သံလွင်ဆီမှာ ဗီတာမင် E နဲ့ antioxidant ပါဝင်တဲ့အတွက်ကြောင့် အရေပြားအတွက် အခြားရောဂါများမဖြစ်အောင် ကာကွယ်ပေးပြီး မျက်နှာအသားအရေကို အစိုဓာတ်ပေးပါတယ်။ သံလွင်ဆီဟာဆိုရင် မျက်နှာပေါ်မှာရှိတဲ့ အဆီအညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အစိုဓာတ်လည်းပြည့်ဝပြီး အသားအရေ ပြောင်လက်လာမှာဖြစ်ပါတယ်။ မျက်နှာကို စင်ကြယ်အောင်သန့်စင်ပြီး သံလွင်ဆီလိမ်းပေးပါ။ ၁၅ မိနစ်ခန့် နှိပ်နယ်ပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ။ အသားခြောက်တဲ့သူတွေကတော့ သံလွင်ဆီကို တစ်ညလုံး လိမ်းထားပြီး နောက်နေ့မနက်မှာ မျက်နှာသစ်ဆေး အပျော့စားနဲ့ သစ်ပြီးရေဆေးချလိုက်ပါ။


Remove Makeup

သံလွင်ဆီကို မိတ်ကပ်ဖျက်တဲ့အခါမှာလည်း အသုံးပြုလို့ရပါတယ်။ သံလွင်ဆီက ချွေးပေါက်ထဲမှာ ရှိတဲ့ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားသန့်စင်ပေးနိုင်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ဇွန်းထဲကို သန့်ရှင်းတဲ့ ဂွမ်းလုံးလေးတွေနှစ်ထည့်လိုက်ပါ။ မျက်နှာပေါ်က မိတ်ကပ်တွေကို ဖြည်းညင်းစွာပွတ်ပြီး ဖယ်ရှားနိုင်ပါတယ်။ သံလွင်ဆီမှာ အာဟာရဓာတ်များစွာ ပါဝင်ပြီး အရေပြားကျန်းမာကောင်းမွန်စေပါတယ်။ အရေပြားရောင်ရမ်းခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။


Skin Exfoliation

သံလွင်ဆီက ဝက်ခြံကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မျက်နှာကြေးချွတ်တဲ့နေရာမှာလည်း အသုံးပြုနိုင်ပါတယ်။ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း နဲ့ ဆား စားပွဲတင်ဇွန်း တစ်ဝက်ကို ရောမွှေလိုက်ပါ။ မျက်နှာပေါ်ကိုတင်ပြီး ၁မိနစ်ခန့် ဖြည်းညင်းစွာ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ဆေးချလိုက်ပါ။

As a Lip Scrub

ပန်းရောင်သန်းပြီး နူးညံ့တဲ့ နှုတ်ခမ်းလေးပိုင်ဆိုင်ဖို့အတွက် သံလွင်ဆီက အကူအညီပေးနိုင်ပါတယ်။ သကြားညို၊ သံလွင်ဆီအနည်းငယ်နဲ့ သံပုရာရည်တို့ကို ရောမွှေပြီး နှုတ်ခမ်းပေါ်မှာ ၅မိနစ်လိမ်းထားလိုက်ပါ။ ပြီးနောက်ရေဆေးချလိုက်ပါ။ သံလွင်ဆီက နှုတ်ခမ်းသားအတွက် နူးညံံ့မှုကိုပေးနိုင်ပြီး သကြားညို နဲ့ သံလွင်ဆီကတော့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။


Keeps Hair Healthy

သံလွင်ဆီမှာရှိတဲ့ ဗီတာမင် E က ဆံပင် ကျွတ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ခေါင်းမလျှော်ခင် သံလွင်ဆီကို လိမ်းထားပြီး ပေါင်းထားပေးပါက ဆံပင်ကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ပေါက်နှုန်းများလာစေပါတယ်။


ကဲ….သံလွင်ဆီက ရရှိတဲ့ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ကိုယ့်အိမ်မှာ ဟင်းချက်တဲ့ သံလွင်ဆီပဲဖြစ်ဖြစ်ရှိရင်တောင် အခုပဲ အသားအရေကောင်းလာအောင် မြန်မြန် လုပ်ကြတော့နော်။

Previous Article

2020 မှာခေတ်စားလာမယ့် ဆံပင်ပုံစံများ…

Next Article

သွေးအမျိုးအစားအလိုက် နိုင်စားတတ်တဲ့ သူလေးတွေက ဘယ်သူလဲ?

Share:

Related articles More from author

  • BeautyExclusive

    Happiness is Yellow ChiChuuuuuu 💛✨

    March 2, 2022
    By Kyaw Hein
  • BeautyExclusive

    Group’s Comeback အတွက် ဆံပင် Strawberry Blonde အရောင် ဆိုးပစ်ခဲ့တဲ့ Girls’ Generation’s Sooyoung

    June 17, 2022
    By Kyaw Hein
  • Beauty

    ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

    February 19, 2020
    By Kyaw Hein
  • Beauty

    သင့်မျက်နှာ အရေပြားအမျိုးအစားကို ဘယ်လိုသိနိုင်မလဲ

    May 28, 2020
    By Kyaw Hein
  • BeautyFashion

    (၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ

    January 29, 2020
    By Kyaw Hein
  • BeautyExclusiveHot

    ဒရာမာစီးရီးအသစ်တွင်ပါဝင်သရုပ်ဆောင်မယ့် EXO’s Suho

    September 13, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • Hot

    “Savage” 1st  Mini Album နဲ့ အတူ comeback လာတော့မည်ဖြစ်ကြောင်း အတည်ပြုလိုက်တဲ့ Aespa

  • Hot

    “House With a Yard” သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲထဲမှာ အတူတူ မြင်တွေ့ရတော့မဲ့ ထိပ်တန်းအနုပညာရှင် လေးဉီး

  • Exclusive

    Instagram မှာGOT7 အဖွဲ့ဝင်သုံးဦးကို unfollow လုပ်ခဲ့တဲ့ J.Y.Park

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.