ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ဒါတွေကို လုပ်ပါ
၁။ တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက်လုပ်ရတဲ့ အရာတစ်ခုခုကိုလုပ်ပါတစ်ခါတလေ ဘာမှန်းမသိပဲ စိတ်အခြေအနေ ကျဆင်းနေသလို ဖြစ်တတ်ပါတယ်။ အဲ့အခါဆိုရင် အားအင်သုံးပြီး လုပ်ရမယ့် အိမ်မှုကိစ္စတစ်ခုခု ထလုပ်လိုက်ပါ။ ဥပမာ မီးဖိုချောင် ကြမ်းပြင်တွေ ရေဆေးပစ်တာမျိုး အားနဲ့အင်နဲ့ လုပ်ရတာတစ်ခုခုကို တကယ် စိတ်ပါလက်ပါ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါ။ အဲ့လို ဆုံးဖြတ်လိုက်တာနဲ့ ပျော်ရွှင်သွားတာ တွေ့ရပါလိမ့်မယ်။ နောက်တစ်မျိုး အရေးကြီးတာ ရှိနေတယ်လို့ တွေးမိရင်တောင် ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ကိုလုပ်ပါ။ ထူးခြားတာက Energy ကို သုံးလိုက်တာနဲ့ နောက်ထပ် Energy တွေထပ်ထွက်လာတာပါပဲ။ အလုပ်တစ်ခုခုပြီးမြောက်သွားရင် ကိုယ့်ကို ကိုယ်ကျေနပ်မှုဖြစ်ရတာ ပျော်ရွှင်စရာ ကောင်းပါတယ်။
၂။ ကိုယ့်တစ်နေ့တာအတွင်း ရရှိတဲ့ ကောင်းတာလေးတွေကို တန်ဖိုးထားပါ
ကောင်းတာတွေ ကိုယ့်မှာ ဘယ်လောက် ဖြစ်နေလဲ ပြန်ရေတွက်ကြည့်လိုက်ရင် အများကြီးနော်။ မနက်ကျရင် နွေးထွေးတဲ့ အိပ်ယာထဲကနေ ထရတယ်။ ပြီးရင် ရေကောင်းရေသန့်နဲ့ ရေချိုးရတယ်။ ပြီးရင်လည်း မနက်စာလေးစားပြီးမှ လုပ်စရာ ရှိတာ လုပ်ရတယ်။ ဒါလောက်လေးများ ဒါတွေနေ့တိုင်းရနေတာပဲ လို့ မတွေးပါနဲ့။ ခဏလေးပဲ အချိန်ပေးပြီး ဒီအသေးအမွှားလေးတွေကိုပဲ အပြည့်အဝခံစားလိုက်ပါ။ အဲ့ဒါလေးတွေကို ပဲ စိတ်ထဲမှာ ကြည်နူးရင်း ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်တဲ့ စိတ်ကလေးနဲ့ ခဏနေလိုက်ရင်ပဲ စိတ်ထဲမှာ ဘယ်လောက် ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှု ဖြစ်လာသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ရှိနေတဲ့ မပြောပလောက်ပါဘူးဆိုတဲ့ အကောင်းမှန်သမျှကို သတိတရရှိပြီး တန်ဖိုးထားတာ ပျော်ရွှင်ဖို့ အတွက် ကြီးမားတဲ့ အကျိုးပြုပါတယ်။
၃။ အနားယူဖို့ လိုတဲ့အချိန်တွေကို သိပါ
တစ်ခါတလေ စိတ်မပျော်ရွှင်ဖြစ်နေတာက ကိုယ်အနားယူချင်တဲ့ အချိန် မနားလိုက်ရလို့ဖြစ်တတ်ပါတယ်။ အလုပ်များပြီးတဲ့အချိန် တစ်ရေးနိုးပြီး ပြန်အိပ်မပျော်တော့ပဲ မိုးလင်းသွားတာနဲ့ ထလိုက်ရတဲ့ အချိန်တွေမျိုးမှာ လူက energy တွေကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ နားချင်ပေမယ့်မနားပဲ အလုပ်တွေ ဆက်လုပ်နေမယ်ဆိုရင် အတင်း push လုပ်မိသလိုဖြစ်တတ်ပါတယ်။ နားပြီဆိုရင်လည်း နားတဲ့အချိန်လေးမှာ တကယ်ကို စိတ်ရော ကိုယ်ရော အနားပေးရမှ ကောင်းမှာပါ။ နားတယ်ဆိုပြီး internet ကြည့်တာ Facebook သုံးတာတွေ မလုပ်သင့်ပါဘူး။ အရမ်းပင်ပန်းနေတဲ့ အချိန် ကောင်းကောင်းအနားယူလိုက်မှ တစ်နေကုန် စိတ်က ရွှင်ရွှင်လန်းလန်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။
၄။ ကိုယ့်ကိုကိုယ် ကျေအေးလိုက်ပါ
ကိုယ့်အမှားတွေ ပြန်ပြန်သတိရပြီး ကိုယ့်ကိုကိုယ် စိတ်ဆိုးစိတ်ပျက်နေတာ ဘယ်လောက်များကောင်းလို့လဲ။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ကျေအေးဖို့လိုသေးတာ က ပိုတောင်အရေးကြီးပါတယ်။ မှားခဲ့တဲ့အရာ တွေကို အတွေးထဲမှာ တစ်ချိန်လုံး ကိုယ့်ကိုကိုယ် အပြစ်တင်နေထာထက် အမှားတွေဆီကနေ သင်ခန်းစာ ယူပြီး ကိုယ့်ကိုကိုယ် ငြိမ်းချမ်းရေးယူလိုက်ပါ။ ငါအမှားတစ်ခုခုကို နှစ်ခါမမှားစေရဘူးလို့ ကတိပြုလိုက်ပါ။ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကိုယ့်ကိုကိုယ် ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါ။