Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ဒါတွေကို လုပ်ပါ

ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ဒါတွေကို လုပ်ပါ

By Htet Htet Aung
April 30, 2020
1940
0
Share:

၁။ တက်တက်ကြွကြွနဲ့ အားသွန်ခွန်စိုက်လုပ်ရတဲ့ အရာတစ်ခုခုကိုလုပ်ပါတစ်ခါတလေ ဘာမှန်းမသိပဲ စိတ်အခြေအနေ ကျဆင်းနေသလို ဖြစ်တတ်ပါတယ်။ အဲ့အခါဆိုရင် အားအင်သုံးပြီး လုပ်ရမယ့် အိမ်မှုကိစ္စတစ်ခုခု ထလုပ်လိုက်ပါ။ ဥပမာ မီးဖိုချောင် ကြမ်းပြင်တွေ ရေဆေးပစ်တာမျိုး အားနဲ့အင်နဲ့ လုပ်ရတာတစ်ခုခုကို တကယ် စိတ်ပါလက်ပါ လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါ။ အဲ့လို ဆုံးဖြတ်လိုက်တာနဲ့ ပျော်ရွှင်သွားတာ တွေ့ရပါလိမ့်မယ်။ နောက်တစ်မျိုး အရေးကြီးတာ ရှိနေတယ်လို့ တွေးမိရင်တောင် ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ကိုလုပ်ပါ။ ထူးခြားတာက Energy ကို သုံးလိုက်တာနဲ့ နောက်ထပ် Energy တွေထပ်ထွက်လာတာပါပဲ။ အလုပ်တစ်ခုခုပြီးမြောက်သွားရင် ကိုယ့်ကို ကိုယ်ကျေနပ်မှုဖြစ်ရတာ ပျော်ရွှင်စရာ ကောင်းပါတယ်။

၂။ ကိုယ့်တစ်နေ့တာအတွင်း ရရှိတဲ့ ကောင်းတာလေးတွေကို တန်ဖိုးထားပါ
ကောင်းတာတွေ ကိုယ့်မှာ ဘယ်လောက် ဖြစ်နေလဲ ပြန်ရေတွက်ကြည့်လိုက်ရင် အများကြီးနော်။ မနက်ကျရင် နွေးထွေးတဲ့ အိပ်ယာထဲကနေ ထရတယ်။ ပြီးရင် ရေကောင်းရေသန့်နဲ့ ရေချိုးရတယ်။ ပြီးရင်လည်း မနက်စာလေးစားပြီးမှ လုပ်စရာ ရှိတာ လုပ်ရတယ်။ ဒါလောက်လေးများ ဒါတွေနေ့တိုင်းရနေတာပဲ လို့ မတွေးပါနဲ့။ ခဏလေးပဲ အချိန်ပေးပြီး ဒီအသေးအမွှားလေးတွေကိုပဲ အပြည့်အဝခံစားလိုက်ပါ။ အဲ့ဒါလေးတွေကို ပဲ စိတ်ထဲမှာ ကြည်နူးရင်း ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်တဲ့ စိတ်ကလေးနဲ့ ခဏနေလိုက်ရင်ပဲ စိတ်ထဲမှာ ဘယ်လောက် ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှု ဖြစ်လာသလဲဆိုတာ တွေ့ရပါလိမ့်မယ်။ ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ရှိနေတဲ့ မပြောပလောက်ပါဘူးဆိုတဲ့ အကောင်းမှန်သမျှကို သတိတရရှိပြီး တန်ဖိုးထားတာ ပျော်ရွှင်ဖို့ အတွက် ကြီးမားတဲ့ အကျိုးပြုပါတယ်။

၃။ အနားယူဖို့ လိုတဲ့အချိန်တွေကို သိပါ
တစ်ခါတလေ စိတ်မပျော်ရွှင်ဖြစ်နေတာက ကိုယ်အနားယူချင်တဲ့ အချိန် မနားလိုက်ရလို့ဖြစ်တတ်ပါတယ်။ အလုပ်များပြီးတဲ့အချိန် တစ်ရေးနိုးပြီး ပြန်အိပ်မပျော်တော့ပဲ မိုးလင်းသွားတာနဲ့ ထလိုက်ရတဲ့ အချိန်တွေမျိုးမှာ လူက energy တွေကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့လိုအချိန်တွေမှာ နားချင်ပေမယ့်မနားပဲ အလုပ်တွေ ဆက်လုပ်နေမယ်ဆိုရင် အတင်း push လုပ်မိသလိုဖြစ်တတ်ပါတယ်။ နားပြီဆိုရင်လည်း နားတဲ့အချိန်လေးမှာ တကယ်ကို စိတ်ရော ကိုယ်ရော အနားပေးရမှ ကောင်းမှာပါ။ နားတယ်ဆိုပြီး internet ကြည့်တာ Facebook သုံးတာတွေ မလုပ်သင့်ပါဘူး။ အရမ်းပင်ပန်းနေတဲ့ အချိန် ကောင်းကောင်းအနားယူလိုက်မှ တစ်နေကုန် စိတ်က ရွှင်ရွှင်လန်းလန်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။

၄။ ကိုယ့်ကိုကိုယ် ကျေအေးလိုက်ပါ
ကိုယ့်အမှားတွေ ပြန်ပြန်သတိရပြီး ကိုယ့်ကိုကိုယ် စိတ်ဆိုးစိတ်ပျက်နေတာ ဘယ်လောက်များကောင်းလို့လဲ။ ကိုယ့်ကိုကိုယ် ခွင့်လွှတ်ကျေအေးဖို့လိုသေးတာ က ပိုတောင်အရေးကြီးပါတယ်။ မှားခဲ့တဲ့အရာ တွေကို အတွေးထဲမှာ တစ်ချိန်လုံး ကိုယ့်ကိုကိုယ် အပြစ်တင်နေထာထက် အမှားတွေဆီကနေ သင်ခန်းစာ ယူပြီး ကိုယ့်ကိုကိုယ် ငြိမ်းချမ်းရေးယူလိုက်ပါ။ ငါအမှားတစ်ခုခုကို နှစ်ခါမမှားစေရဘူးလို့ ကတိပြုလိုက်ပါ။ ပိုကောင်းတဲ့ဘက်ကို ပြောင်းလဲနိုင်စွမ်းရှိတဲ့ ကိုယ့်ကိုကိုယ် ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါ။

Previous Article

ဝိတ်ကျစေမယ့် ရေကူးနည်း အမျိုးအစားများ

Next Article

Instagram မှာလွှမ်းမိုးမှုအရှိဆုံး Cele တွေက ဘယ်သူတွေလဲ

Share:

Related articles More from author

  • HotKnowledge

    Girl Generation အဖွဲ့ဝင် တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီး K Dramas

    July 19, 2021
    By Kyaw Hein
  • BeautyKnowledgeLifestyle

    ကိုဗစ်ကာလမှာ DIY နည်းနဲ့ ကိုယ့်ဘာသာ ဆံပင် ဘယ်လို ညှပ်မလဲ?

    September 18, 2020
    By Htet Htet Aung
  • Knowledge

    Instagram မှာလွှမ်းမိုးမှုအရှိဆုံး Cele တွေက ဘယ်သူတွေလဲ

    May 4, 2020
    By Htet Htet Aung
  • Knowledge

    ကိုရီးယား ဇာတ်လမ်းတွဲတွေမှာ ဖြစ်လေ့ရှိတဲ့ ဇာတ်ညွှန်း (၁၀) ချက်

    May 5, 2020
    By Kyaw Hein
  • KnowledgeLove

    Crushဆီက Attention ရအောင်ဘယ်လိုလုပ်မလဲ?

    April 28, 2020
    By Kyaw Hein
  • ExclusiveKnowledge

    Aquarius Zodiac Sign ပိုင်ရှင်တွေဖြစ်ကြတဲ့ နာမည်ကြီး Kpop Idol တွေကဘယ်သူတွေလဲ?

    February 16, 2023
    By Htet Htet Aung

YOU MIGHT BE INTERESTED

  • Exclusive

    BLACKPINK ထဲမှာ ROSE ကအလှဆုံးဆိုတဲ့ Lee Kwang Soo

  • Exclusive

    OST MVတွေထဲမှာ ကြည့်ရှူသူအများဆုံးဖြစ်လာခဲ့တဲ့ Punch နဲ့ Exo’s Chanyeol တို့ရဲ့ ” Stay With Me”

  • ExclusiveHot

    April မှာ comback နဲ့အတူ ပရိတ်သတ်တွေရှေ့ပြန်ရောက်လာမဲ့ Moonbyul

Timeline

  • June 1, 2023

    SM Entertainment နှင့် ၎င်းတို့၏ သီးသန့်စာချုပ်များကို ရပ်စဲခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun ၊Xiumin နှင့် Chen

  • May 31, 2023

    “FATE” World Tour လုပ်မဲ့ နေရာနဲ့အချိန်ကို အတိအလင်းကြေညာလိုက်တဲ့ “ENHYPEN”

  • May 31, 2023

    Lee Seung Gi သူ့ရဲ့ Instagram Post တွေကို ဖျက်ပစ်ရတဲ့ အကြောင်းအရင်း ကို ရှင်းပြခဲ့တဲ့ Lee Seung Gi ရဲ့ Agency

  • May 29, 2023

    “Summer” မှာ ကြည့်ကို ကြည့်သင့်တဲ့ Summer Vibe Korean Drama လေး “Our Beloved Summer”

  • May 25, 2023

    ‘Cannes ရုပ်ရှင်ပွဲတော်’မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တတ်နေတဲ့ ပွဲဦးထွက်စီးရီး’The Idol’

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • SM Entertainment နှင့် ၎င်းတို့၏ သီးသန့်စာချုပ်များကို ရပ်စဲခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun ၊Xiumin နှင့် Chen

    By Htet Htet Aung
    June 1, 2023
  • “FATE” World Tour လုပ်မဲ့ နေရာနဲ့အချိန်ကို အတိအလင်းကြေညာလိုက်တဲ့ “ENHYPEN”

    By Htet Htet Aung
    May 31, 2023
  • Lee Seung Gi သူ့ရဲ့ Instagram Post တွေကို ဖျက်ပစ်ရတဲ့ အကြောင်းအရင်း ကို ရှင်းပြခဲ့တဲ့ Lee Seung Gi ရဲ့ ...

    By Htet Htet Aung
    May 31, 2023
  • “Summer” မှာ ကြည့်ကို ကြည့်သင့်တဲ့ Summer Vibe Korean Drama လေး “Our Beloved Summer”

    By Htet Htet Aung
    May 29, 2023
  • SM Entertainment နှင့် ၎င်းတို့၏ သီးသန့်စာချုပ်များကို ရပ်စဲခဲ့တဲ့ EXO အဖွဲ့ဝင် Baekhyun ၊Xiumin နှင့် Chen

    By Htet Htet Aung
    June 1, 2023
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.