Happy Pride Month ပါနော် LGBTQ+ အဖွဲ့သားတို့ရေ
Happy Pride Month ပါနော် ပရိတ်သတ်ကြီးတို့ရေ 🏳️🌈။ June လဆိုတာ Pride Month ဖြစ်တဲ့ လှပတဲ့လလေးတစ်လလည်း ဖြစ်ပါတယ်နော်။
June 5 ရက်နေ့က ဘန်ကောက်မှာပြုလုပ်ခဲ့တဲ့ ကျား၊ မ ကွဲပြားမှုနဲ့ ကျား၊ မတန်းတူအခွင့်ရေးရဖို့ ထောက်ခံအားပေးဖို့အတွက် ပထမဆုံး Pride Parade ကို ပြုလုပ်ခဲ့ပါတယ်။ ထောင်နဲ့ချီတဲ့ LGBTQ+ အဖွဲ့ဝင်တွေဟာ “Bangkok Naruemit Pride Parade” ကို ပါဝင်ဆင်နွှဲခဲ့ကြပြီး သက်တံအလံများကို ဝှေ့ယမ်းကာ သက်တံ့ရောင်အဝတ်အစားတွေကိုဝတ်ဆင်ခဲ့ကြပြီး ဘန်ကောက်မြို့ရဲ့ မိန်းလမ်းမကြီးတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။ လိင်တူလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု အဆုံးသတ်ရေးနှင့် လိင်လုပ်သားများကို ခွဲခြားဆက်ဆံခြင်းကဲ့သို့သော LGBTQ+ အသိုက်အဝန်းအတွက် အခြေခံအခွင့်အရေးများကို တောင်းဆိုရန် LGBTQ+ အခွင့်ရေးနဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူတွေက ပါဝင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ယခုပြုလုပ်ခဲ့တဲ့ Parade ပွဲဟာ အစိုးရရဲ့ ပထမဆုံးခွင့်ပြုမိန့်နဲ့ ကျင်းပခဲ့တဲ့ပွဲလည်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Chadchart Sittipunt က Bangkok Art and Culture Centre မှာ ကျင်းပခဲ့တဲ့အခမ်းနားကိုတက်ရောက်ခဲ့ပြီးနောက် Pride Month ဟာ နှစ်တစ်နှစ်ရဲ့ ၁၂ လရာသီပွဲတွေရဲ့ပွဲတော်တစ်ခုဖြစ်လာမှာပါလို့ ကြေငြာခဲ့ပါတယ်။ LGBTQ+ စုံတွဲများဆိုင်ရာ ဥပဒေကြမ်းနှစ်ခု၊ အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဥပဒေမူကြမ်းနှစ်ခုသည် ပါလီမန်ရဲ့အတည်ပြုဖို့ကို စောင့်ဆိုင်နေတာဖြစ်ပြီး လိင်တူလက်ထပ်ခြင်းဥပဒေမူကြမ်းသည် “လက်ထပ်ခြင်းဆိုင်ရာ တန်းတူညီမျှမှု” လို့ အမည်ပေးထားတဲ့ဥပဒေမူကြမ်းဟာ LGBTQ+ စုံတွဲများအတွက် လက်ထပ်ခြင်းအပါအဝင် တန်းတူညီမျှအခွင့်အရေးများကို ရှာဖွေပေးမည်ဖြစ်ပြီး ထိုဥပဒေမူကြမ်းက လိင်တူချစ်သူများကို အသိအမှတ်ပြုပြီး အိမ်ထောင်သည်များကဲ့သို့ တရားဝင်အခွင့်အရေးနီးပါးပေးမှာလည်း ဖြစ်ပါတယ်။
အခုလိုနေ့မျိုး တရားဝင်ရောက်လာအောင်ကြိုးစားခဲ့ကြတဲ့ LGBTQ+ အသိုင်းဝိုင်းနဲ့ တက်ကြွလှုပ်ရှားသူအားလုံးကို စိတ်ရင်းနဲ့ ဂုဏ်ပြုလိုက်ရပါတယ်ရှင်။ နောက်ဆိုရင် ကွဲပြားခြားနားမှုမရှိပဲ သက်တံ့လိုအရောင်စုံပြီးလှပတဲ့လူမှုအသိုင်းဝိုင်းကို အကုန်လုံးအတူတူ ဖန်တီးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အချစ်ဆိုတာ ကျား၊ မ ခွဲခြားပြီးချစ်တာမျိုးမဟုတ်ပဲ နှလုံးသားရှိသူတိုင်းက ချစ်တတ်ပါတယ်ဆိုတာကို နားလည်စေခဲ့တဲ့ LGBTQ+ အဖွဲ့သားများအားလုံးကို Congratulations ပါရှင်။