album ထွက်ပြီးပြီးချင်း record တွေဆက်တိုက်ချိုးသွားတဲ့ Red Velvet
ပရိတ်သတ်တွေ အချိန်အတော်ကြာစောင့်ဆိုင်းခဲ့ရတဲ့ Red Velvet ရဲ့ special mini album ‘The ReVe Featival 2022 – Feel My Rhythm‘ က Hanteo Chart မှာ ထွက်ရှိပြီး ပထမဆုံးနေ့မှာတင် 231,100 copies ရောင်းချခဲ့ရတာကြောင့် 1st day sale မှာတင် album အများဆုံးရောင်းရတဲ့အဖွဲ့ဖြစ်လာခဲ့ပါတယ်။ 2022 မှာ ရောင်းအားအကောင်းဆုံးဖြစ်တဲ့ Kep1er ရဲ့ ‘First Impact’ ကို ကျော်လွန်ပြီး ရောင်းအားအကောင်းဆုံး album အဖြစ်လည်း မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီ mini album မှာ စုစုပေါင်း သီချင်း ၆ ပုဒ်ပါဝင်ပြီး Title Song ကတော့ Feel My Rhythm ဖြစ်ပါတယ်။ ကိုယ်တွေရဲ့ကောင်မလေးတွေ ဘယ်လိုကြိုးစားထားကြလဲဆိုတာကို MV ထဲမှာ သိသာနေပြီး အကုန်လုံးလည်း အရမ်းလှနေကြတာမလို့ MV လေးကြည့်ပြီး မိုးအေးအေးမှာ နားထောင်လို့ကောင်းတဲ့သီချင်းလေးတစ်ပုဒ်လည်း ဖြစ်ပါတယ်နော်။ Congratulations ပါနော် ကောင်မလေးတို့ရေ။