Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ကမ္ဘာပေါ်က ရှေးအကျဆုံး ပိရမစ် (၈) ခု

ကမ္ဘာပေါ်က ရှေးအကျဆုံး ပိရမစ် (၈) ခု

By Kyaw Hein
February 5, 2020
3647
0
Share:

ပိရမစ်တွေဟာ ရှေးခေတ် အီဂျစ်ယဉ်ကျေးမှုကို ဖော်ပြနေတဲ့ အနီးစပ်ဆုံး အဆောက်အအုံတွေဖြစ်ပါတယ်။ အီဂျစ်နိုင်ငံမှာ ရှိတဲ့ ပိရမစ် သင်္ချိုင်းဂူတွေဟာ ခရစ် မပေါ်ခင် နှစ်ပေါင်း (၃၀၀၀) ခန့် ကတည်းက တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်ဖာရိုဘုရင်တွေ သေဆုံးတဲ့ အခါ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အအုံကြီးတွေမှာ မြုပ်နှံပေးဖို့အတွက် ပိရမစ်တွေကို တည်ဆောက်ကြတာ ဖြစ်ပါတယ်။ ပီရူးနိုင်ငံမှာ ရှိတဲ့ Caral Pyramid ကလွဲပြီး ကျန်တဲ့ ပိရမစ်တွေ အကုန်လုံးက အီဂျစ်နိုင်ငံမှာ တည်ရှိပါတယ်။ အခုထက်တိုင် မပျက်စီးဘဲ တည်ရှိနေတာကြောင့် ကမ္ဘာ့အံ့ဖွယ် တစ်ပါး ဆက်လက်ဖြစ်နေဆဲပါ။

(၁) Pyramid of Djoser

Pyramid of Djoser ကို ဘီစီ (၂၆၆၇-၂၆၄၈) ကြားမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အီဂျစ်နိုင်ငံ၊ Saqqara Necropolis ဒေသမှာ တည်ရှိပါတယ်။ Pyramid of Djoser ကိုတွေ့ရှိတာ မကြာသေးပေမဲ့ ကမ္ဘာပေါ်မှာ သက်တမ်း အရင့်ဆုံး ပိရမစ် အဖြစ် သမိုင်းပညာရှင်တွေက အခိုင်အမာပြောဆိုကြပါတယ်။ Pyramid of Djoser ကို တတိယမြောက် အီဂျစ် ဖာရိုမင်းဆက်ရဲ့ ပထမဆုံး ဘုရင် Djoser ဂူဗိမာန် အတွက် ဗိသုကာ ပညာရှင် Imohtep က ဦးဆောင် ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Imhotep က သူရဲ့ အရှင်သခင် အတွက် သချိုင်းကြီးရဲ့ အလယ်မှာ ထုံးကျောက်နံရံတွေ၊ ဘုရားကျောင်း တစ်ခု နဲ့ Djoser ဘုရင် ရဲ့ ရုပ်တုတွေ ပါဝင်အောင် လျို့ဝှက်တည်ဆောက်ထားခဲ့ပြီး အခမ်းနားဆုံး နဲ့ ပထမဆုံးသော ပိရမစ်တွေရဲ့ အဆင့်အဖြစ် ဖန်တီးခဲ့ပါတယ်။

 

 

(၂) Caral Pramids

Caral Pyramid ကို ဘီစီ (၂၆၂၇) မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ပီရူးနိုင်ငံ၊ Caral ဒေသမှာ တည်ရှိပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှုမြို့တော် ဖြစ်တဲ့အပြင် Norte Chico လူမျိုးစုတွေနေထိုင်ခဲ့တဲ့ မြို့တော်လည်းဖြစ်ပါတယ်။ ရှေးဟောင်းအမွေအနှစ်များစွာ ရှိတဲ့အပြင် ရှေးဟောင်းလယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကိရိယာများ၊ ဘုရားကျောင်းများ နဲ့ ကြီးမားတဲ့ ပိရမစ် ပုံစံ အဆောက်အအုံ (၆)ခုတို့လည်း ရှိပါတယ်။ Caral ပိရမစ်ကို (၁၉၄၈) ခုနှစ်မှာ စတင် တွေ့ရှိခဲ့ပေမယ့် (၁၉၇၀) ခုနှစ် ရောက်မှ သမိုင်းသုသေသန ပညာရှင်တွေက ကျယ်ကျယ်ပြန့်ပြန့် တူးဖော်တွေ့ရှိမှုတွေ ပြုလုပ်ခဲ့ပါတယ်။ (၂၀၀၉) ခုနှစ်မှာတော့ UNESCOအဖွဲ့က ဒီဒေသကို ကမ္ဘာအမွေအနှစ်ဆိုင်ရာ ထိမ်းသိန်းစောင့်ရှောက်ရေးနယ်မြေ အဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

 

 

(၃) Pyramid of Medium

Pyramid of Medium ကို ဘီစီ (၂၆၀၀) ခန့်က တည်ဆောက်ခဲ့တာဖြစ်ပြီး အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တော်မှာ တည်ရှိပါတယ်။  Medium ပိရမစ် ကို ပြိုကျတဲ့ပိရမစ် လို့လူသိများပါတယ်။ အခြားပိရမစ်တွေနဲ့ ပုံစံကွဲထွက်နေတဲ့ ဒီ Medium ပိရမစ်ကို တတိယမြောက် အီဂျစ်မင်းဆက်ရဲ့ ဖာရိုဘုရင် Djoser ကွယ်လွန်ပြီးတဲ့နောက်မှာ ဆောက်လုပ်ခဲ့ပါတယ်။ ဒီပိရမစ်ကို စတင် ဆောက်လုပ်ခဲ့တဲ့ သူကတော့ တတိယမြောက် အီဂျစ်မင်းဆက်ရဲ့ နောက်ဆုံး ဖာရိုဘုရင် Huni ဖြစ်ပါတယ်။ သူ့လက်ထက်မှာ မပြီးခဲ့တာကြောင့် စတုတ္ထမြောက် အီဂျစ်မင်းဆက်ရဲ့ ပထမဆုံးဘုရင် Sneferu ကပြီးဆုံးအောင် ဆက်လက် တည်ဆောက်ပေးခဲ့ပါတယ်။

 

 

(၄) Bent Pyramid

Bent Pyramid ကို ဘီစီ (၂၆၀၀) ခန့်က အီဂျစ်နိုင်ငံ၊ Dashur Necropolis ဒေသမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီပိရမစ်ဟာ ဖာရို ဘုရင် Sneferu ဆောက်လုပ်တဲ့ ဒုတိယမြောက် ပိရမစ်ဖြစ်ပြီး အဆောက်အအုံရဲ့ အနားတွေကို ချောမွတ်အောင် ပထမဆုံး ကြိုးစားထားတဲ့ ပိရမစ်တွေလည်းဖြစ်ပါတယ်။ Bent Pyramid ရဲ့ ထူးခြားချက် တစ်ခုကတော့ ဒီအဆောက်အအုံရဲ့ အပြင်ဘက်မှာ ကာထားတဲ့ ထုံးကျောက်တွေက ဒီနေ့အထိ မူလအတိုင်း ရှိနေသေးတဲ့ အချက်ပါ။ ဒီပိရမစ်မှာ ဝင်ပေါက် (၂)ခု ရှိပြီး ပထမ ဝင်ပေါက်မှာတော့ လာရောက်လည်ပတ်တဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့ အတွက် သစ်သားစောင်းတန်တွေ ထားရှိပေးထားပါတယ်။ ဒုတိယ ဝင်ပေါက်ကတော့ ပိရမစ်ရဲ့ မြင့်မားတဲ့ အပိုင်းကနေ ဝင်ရောက်ရတာဖြစ်ပါတယ်။ Bent Pyramid ရဲ့ အတွင်းပိုင်းနေရာတွေကိုတော့ အန္တရာယ်ရှိတဲ့အတွက် ဝင်ရောက်လေ့လာခွင့်မပြုပါဘူး။

 

 

(၅) Red Pyramid

Red Pyramid ကို ဘီစီ (၂၆၀၀) ခန့်က အီဂျစ်နိုင်ငံ၊ Dashur Necropolis ဒေသမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဖာရိုဘုရင် Sneferu ရဲ့ သချိုင်းတည်ရှိရာ အီဂျစ်ပြည်ရဲ့ တတိယမြောက် အကြီးဆုံး ပိရမစ်ဖြစ်ပါတယ်။ ဖာရိုဘုရင် Sneferu ဟာ ဒီပိရမစ်ကို မတည်ဆောက်ခင်က Medium နဲ့ Bent ပိရမစ် (၂)ကို တည်ဆောက်ခဲ့ပေမယ့် စိတ်တိုင်းကျ မဖြစ်ခဲ့ပါဘူး။ တတိယမြောက် တည်ဆောက်တဲ့ Red Pyramid မှသာ သူ့စိတ်တိုင်းကျဖြစ်အောင် တည်ဆောက်နိုင်ခဲ့တာပါ။ Red Pyramid လို့ နာမည်ပေးထား ပေမယ့် အဖြူရောင် ထုံးကျောက်တွေနဲ့ပဲ တည်ဆောက်ထားခဲ့တာပါ။ အခုအခါမှာတော့ Red Pyramid ကို အီဂျစ် အစိုးရက တရားဝင် ဖွင့်လှစ်ပေးထားပြီး တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်သူတွေနဲ့ ပြည့်နှက်နေပါတယ်။

 

 

(၆) Great Pyramid of Giza

Great Pyramid of Giza ကို ဘီစီ (၂၅၈၀-၂၅၆၀) ကြားမှာ ဖာရိုဘုရင် Khufu က အီဂျစ်နိုင်ငံ၊ Giza ဒေသမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ Giza ပိရမစ်ဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ပိရမစ် ဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ် (၇)ပါး မှာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသားတွေ ဖန်တီးထားတဲ့ အမြင့်ဆုံး အဆောက်အအုံ အဖြစ် နှစ်ပေါင်း (၃၈၀၀) လောက် ရပ်တည်နိုင်ခဲ့ပါတယ်။ (၁၈၈၉) ခုနှစ်၊ ပြင်သစ်နိုင်ငံက အီဖယ် မျှော်စင် ပေါ်ပေါက်လာမှသာ ပထမနေရာ ကနေ ဆင်းပေးခဲ့ရတာပါ။ ဒီပိရမစ်ကို နှစ်ပေါင်း (၂၀) ကျော်ကြာ ဆောက်လုပ်ခဲ့ရပြီး ကျောက်တုံးပေါင်း (၂.၃) သန်းခန့် ပါဝင် ပါတယ်။

 

 

(၇) Pyramid of Khafre

Pyramid of Khafre ကို ဘီစီ (၂၅၂၀) ခန့်က အီဂျစ်နိုင်ငံ၊ Giza ဒေသမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်ပြည်ရဲ့ ဒုတိယမြောတ် အကြီးဆုံး ပိရမစ်တစ်ခု ဖြစ်ပြီး လေးဆက်မြောက် ဖာရိုဘုရင် Khafre ရဲ့ သချိုင်းနေရာလည်း ဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ အောက်ခြေ ဟာ (၃၃)ပေ အထိ ရှိတာမို့ အကြီးဆုံး ပိရမစ် ဖြစ်တဲ့ Khufuရဲ့ ပိရမစ်ထက်တောင် ပိုမြင့်ပါတယ်။ Khafre ပိရမစ်ဟာ Khufu ရဲ့ ပိရမစ်ထက် ပိုမို ရူပ်ထွေးပြီး အသေးစိတ် ခြယ်သထားပါတယ်။ Khafre ပိရမစ် အထင်ရှားဆုံး လက်ရာတစ်ခု အဖြစ် အလွန် ကြီးမားတဲ့ စဖင့်ရုပ်ထု ကို တွေ့ရမှာပါ။ အဲဒီရုပ်တုကြောင့် ပိရမစ်ရဲ့ မြင်ကွင်းဟာ ရှုပ်ထွေးနေပေမယ့် ဖာရိုဘုရင် Khafre က သူနန်းတော်နဲ့ တူအောင် သူရဲ့ ဂူဗိမာန်မှာလည်း စဖင့် ရုပ်တုကို တည်ဆောက်စေခဲ့တာလို့ သမိုင်းပညာရှင်တွေက ယုံကြည်ကြပါတယ်။

 

 

(၈) Pyramid of Menkaure

Pyramid of Menkaure ကို ဘီစီ  (၂၄၉၀) ခန့်က အီဂျစ်နိုင်ငံ၊ Giza ဒေသမှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ အီဂျစ်တွေရဲ့ အရေးပါဆုံ အထိမ်းအမှတ် အဆောက်အအုံတွေထဲက တစ်ခု ဖြစ်ပြီး စတုတ္ထမြောက် ဖာရိုမင်းဆက်ရဲ့ (၅) ယောက်မြောက် ဖာရိုဘုရင် Menkaure ရဲ့ သချိုင်းနေရာလည်း ဖြစ်ပါတယ်။ Menkaure ပိရမစ် ရဲ့ သတိထားမိစရာ အကောင်းဆုံး အမှတ်အသားကတော့ ပိရမစ်ရဲ့ မြောက်ဘက်မျက်နှာမှာ တွေ့ရတဲ့ အပေါက်ကြီး ဖြစ်ပါတယ်။ (၁၂) ရာစု လောက်က Giza မှာရှိတဲ့ ပိရမစ်တွေကို တူရကီနိုင်ငံရဲ့ ဒုတိယမြောက် Ayyubid Sultan မင်းဆက် ဘုရင် Malek al-Aziz  က  ဖောက်ထွင်းဖို့ ကြိုးစားခဲ့ပါတယ်။  ဖောက်ထွင်းမှုကို  Pyramid of Menkaure ကနေ စတင်ခဲ့တာ ဖြစ်ပြီး ပိရမစ်ရဲ့ မြောက်ဘက်မှာ တွေ့ရတဲ့ အပေါက်ကြီးက ဘုရင် Malek al-Aziz ရဲ့ လက်ချက် ဖြစ်ပါတယ်။

 

 

Source: oldest.org

Previous Article

ကောင်လေးတွေက သူ့ကောင်မလေးကို ချစ်လွန်းအားကြီးရင် ပြတဲ့ အမူအရာတွေက …

Next Article

ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေသူ မိန်းကလေး တစ်ယောက်အကြောင်း

Share:

Related articles More from author

  • Knowledge

    Juneလမှာ မွေးဖွားတဲ့ ကိုရီးယားအနုပညာရှင်များ

    June 8, 2020
    By Kyaw Hein
  • KnowledgeLifestyle

    အချမ်းသာဆုံး ထိပ်တန်းကိုရီးယား Idol (၂၉) ယောက်

    May 12, 2020
    By Kyaw Hein
  • ExclusiveKnowledge

    အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်

    February 19, 2020
    By Kyaw Hein
  • Knowledge

    BLACKPINK အဖွဲ့ရဲ့ ပထမဆုံး Full Album ဖြစ်တဲ့ “THE ALBUM” Teaser Poster ထွက်ရှိ

    September 23, 2020
    By Kyaw Hein
  • Knowledge

    ရေသောက်ခြင်း၏ အကျိုးများ

    June 15, 2020
    By Kyaw Hein
  • HotKnowledge

    July လအတွက် အကောင်းဆုံး Reputation ranking မှာ top 3 ရခဲ့တဲ့ Jennie

    July 20, 2021
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Exclusive

    သူ့ရဲ့ ပထမဆုံး Fan Concert ကို Soul မှာ ရှိတဲ့ Gocheok Sky Dome မှာ ပြုလုပ်မည့်အကြောင်း ကြေညာခဲ့တဲ့ ZEROBASEONE

  • ExclusiveHot

    Tiffany က Song Joong Ki နဲ့အတူ ရှိနေမယ်ဆိုပဲ

  • Exclusive

    July လပထမအပတ်မှာ ရေပန်းအစားဆုံး ကိုရီးယား drama serie များ

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.