Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

KnowledgeLifestyleLove
Home›Knowledge›ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

ဒီလို ချစ်သူမျိုး ရှိနေပြီဆို ဂရုစိုက်ဖို့ မမေ့ပါနဲ့

By Kyaw Hein
March 11, 2020
5918
0
Share:

 

လူတစ်ဦးတစ်ယောက်နဲ့ ချစ်ကြတယ် ကြိုက်ကြတယ် သံယောဇဉ်ဖြစ်ကြတယ် ဆိုတာ ရှေးရေစက် အတိတ်ကံ ဖန်လာလို့ပဲ မဟုတ်လား ?
ကိုယ်သိပ်ချစ်ရသူရဲ့ မျက်နှာကလေး မြင်လိုက်ရရင် ပျော်ရွှင်ရသလို ကိုယ်သိပ်ချစ်ရတဲ့ ချစ်သူရဲ့ အသံကလေး ကြားလိုက်ရရင်လည်း ကြည်နူးကြရတယ်။
ဒါဟာလည်း စိတ်ထဲမှာ စွဲမြဲစွာနှစ် ချစ်မိသူတိုင်း ဖြစ်ရတာတွေပါ။ အခြေအနေ အကြောင်းကြောင်းကြောင့် ဝေးနေခဲ့ကြရရင်လည်း သူ့အကြောင်းကိုတွေးပြီး ရင်ကိုနွေးစေနိုင်ကြတယ်။
မအားမလပ်တဲ့ကြားက သတိတရရှိလို့ ဖုန်းခေါ်ပြောမိကြရင်လည်း အနေအထိုင် အစားအသောက်ဆင်ခြင်ဖို့၊ အသွားအလာ ဂရုတစိုက်ရှိဖို့ နဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ မှာကြားပြီး ရင်အပူကို အေးစေကြတယ်။

အထူးသဖြင့် မိန်းကလေးတွေက ချစ်သူဆီက ဂရုစိုက်မှုကို ပိုပြီးလိုအပ်ပါတယ်။ ဘေးနားမှာ ကိုယ်တယောက်လုံး ရှိနေရက်နဲ့ သူများဆီက ဂရုစိုက်မှုတွေ ကြင်နာမှုတွေ မက်မောနေရတယ်၊ တောင့်တနေရတယ်၊ လိုအပ်နေတယ်ဆိုရင်တော့ ကိုယ်အသုံးမကျလို့ လို့သာ သိလိုက်ပါ။ကိုယ့်ကို ဂရုမစိုက် နားလည်မှု မပေးနိုင်တဲ့ ချစ်သူအနားမှာ တွယ်ကပ်နေတဲ့မိန်းကလေးတွေလည်း အများကြီးပါ။
ဒါပေမယ့် တနေ့တော့ ခံနိုင်ရည်လျော့ပြီး စိတ်ပျက်မိတာတွေများလာမှာပဲ…

ငါပစ်ထားတာတောင် ငါ့နားက မခွာနိုင်ဘူးဆိုတဲ့ စိတ်မျိုးနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမနေကြပါနဲ့ …

ဘယ်လောက် ထက်မြက်တဲ့ မိန်းမဖြစ်ပါစေ ကိုယ့်ချစ်သူရဲ့ ရင်ခွင်ထဲ ခေါင်းလေးတိုးပြီး ချွဲနွဲ့ချင်တာပါ။

တစ်ယောက် နဲ့ တစ်ယောက် သဝန်တိုကြရတာလည်း ကိုယ်သိပ်ချစ်ရသူကို အလေးအနက်ဖြစ်ကြောင်း ပြသတဲ့ သဘောပါ။
သူ စိတ်ကောက် စိတ်ဆိုးရင် ကိုယ်ချော့၊ ကိုယ် စိတ်ကောက်စိတ်ဆိုးရင် သူချော့ပြီး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြစ်ရတာ ကလည်း ချစ်သူဘဝရဲ့ ပျော်ရွှင်စရာ ကာလတွေပါ။
“ချစ်တယ် ချစ်တယ်” လို့ ပါးစပ်ဖျားက မချ တဖွဖွပြောရုံနဲ့ အချစ်စစ်ဖြစ်တာ မဟုတ်ပါဘူး။
ကိုယ်ချစ်ရသူရဲ့ အကြောင်းကို စာနာနားလည်တဲ့ အသိ ရင်ဘတ်ထဲ အမြဲရှိနေရင် အချစ်စစ်လို့ ခေါ်ပါတယ်။ ချစ်သူတွေ ဆိုတာ ကိုယ့်ချစ်သူပျော်နေရင် ပြုံးနေတတ်ကြသလို ကိုယ့်ချစ်သူ မဲ့နေရင်လည်း ဝမ်းနည်းစိတ်တွေ ဖြစ်ကြရပါတယ်။ ကိုယ့်ချစ်သူ ခံစားနစ်နာ နာကျင်ရမှာကို မလိုလားကြပါဘူး။
သိပ်ချစ်ကြတာ စိတ်ညစ်စေဖို့မှ မဟုတ်ပဲလေ…
တကယ် စိတ်ထဲနှစ် မြတ်နိုးပြီး ချစ်ကြသူတိုင်းဟာ အပြန်အလှန်လေးစား တန်ဖိုးထားကြ သလို သစ္စာရှိ ကတိတည်တံ့မှုတွေနဲ့ ရာသက်ပန် ပေါင်းဖက်ဖို့ မျှော်လင့်နေကြတယ်။

ကဲ သင်မှာ အဲ့ဒီလို ချစ်သူမျိုး ရှိနေပြီလား ?
ဒါဆိုရင်တော့ ဂရုစိုက်ဖို့ မမေ့ပါနဲ့ …

” ပါးစပ်ပါလို့ ပြောတတ်ရုံနဲ့ ချစ်တတ်တယ် မထင်ပါနဲ့၊ ရင်ဘတ်ချင်း နားမလည်သရွေ့ ချစ်တယ် မမည်ပါဘူး ”

Source: Crd

Previous Article

Thai Celebrity တွေရဲ့ official Instagram account များ

Next Article

အချမ်းသာဆုံး ထိပ်တန်း ကိုရီးယား မိန်းကလေးIdol (၁၀) ယောက်

Share:

Related articles More from author

  • Lifestyle

    အတွေးလွန်တဲ့စိတ်ကနေဘယ်လိုရုန်းထွက်မလဲ

    March 6, 2020
    By Kyaw Hein
  • BeautyKnowledgeLifestyle

    လူတိုင်း အရပ်ရှည်မယ့် နည်းလမ်းကောင်းများ

    April 21, 2020
    By Kyaw Hein
  • ExclusiveKnowledge

    ကိုရိုနာ ကပ်ရောဂါ ပြီးဆုံးသွားချိန်၊ ကမ္ဘာကြီးအတွက် ပြောင်းလဲသွားစေမယ့် ၆ချက်

    April 19, 2020
    By Kyaw Hein
  • KnowledgeLifestyle

    ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

    May 25, 2020
    By Kyaw Hein
  • HotKnowledge

    Fake Love သီချင်းမှာ  billion ချီတဲ့ ကြည့်ရှူသူအများဆုံးနဲ့ ထိပ်တန်းရောက်နေတဲ့ BTS

    September 10, 2021
    By Kyaw Hein
  • KnowledgeLifestyle

    B သွေးအမျိုးတွေ Stay Home ဖြစ်ရင် ဘာတွေ လုပ်တတ်သလဲ။

    April 25, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Hot

    2021 MTV Europe Music Awards အတွက် nominated ဝင်ခဲ့တဲ့ Kpop အနုပညာရှင်များ

  • ExclusiveHot

    နှစ်ပေါင်း ၃၀ အတွင်းအယ်လ်ဘမ်အရောင်းချရဆုံးနိုင်ငံတကာအနုပညာရှင်များစာရင်းတွင် အဆင့် ၃ နေရာရောက်ရှိလာခဲ့တဲ့ BTS

  • Exclusive

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.