ပူပြင်းလှတဲ့ ရာသီဥတုမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရေချိုးနည်း
အခုလို ပူတဲ့ရာသီမှာ ခဏခဏ ရေချိုးချင် စိတ်တွေရှိနေကြမယ် ထင်ပါတယ်။ ရေချိုးတော့မယ် ဆိုရင် ပထမဆုံး နားလည်ရမှာက မိမိ ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်း အပူတွေဟာ မှန်ကန်တဲ့ နည်းလမ်းနဲ့ ထွက်သွားနိုင်ဖို့ လိုပါတယ်။
ပထမဆုံး ရေချိုးတော့မယ်ဆိုရင် ဘယ်ခြေ ဖမိုး ကနေ ပေါင်းရင်းအထိ ရေကိုလောင်းပါ။ အေးသွားပြီ ဆိုရင် ညာဘက် လက်ဖမိုးမှ လက်မောင်းရင်းထိ ရေလောင်းပါ။
ဘာကြောင့် ဘယ်ခြေ၊ ညာလက်ရေ စပြီး လောင်းရသလဲ ဆိုရင် ဦးနှောက် အလုပ်လုပ်ပုံက ဘယ်ခြေ ညာလက် အလုပ်လုပ်ပါတယ်။ ဒါမှ ဟန်ချက်ညီပါတယ်။ ဒါကြောင့် စစ်သားတွေ လမ်းလျှောက်တဲ့အခါ ဟန်ချက်ညီစေဖို့ အတွက် ဘယ်ခြေ ညာလက် စတင် လမ်းလျှောက်ရပါတယ်။
ညာခြေဖမိုး ကနေ ပေါင်းလယ် အထိ ရေကို ဖြေးဖြေးလောင်းပါ။ ပြီးရင် ဘယ်နာရွက်၊ ညာနာရွက်၊ နှင့် နှာသီးဖျား တွေကိုလည်း ရေစွတ်ပေးပါ။ ဂုတ်ပိုး နှင့် နားရွက်နောက်၊ လည်ပင်း တစ်ဝိုက်ကို ရေဆွတ်ပါ။
ဒါတွေပြီးရင်တော့ ရေကို ရှုပေးစေချင်ပါတယ်။ ရေရှုခြင်းက ရောဂါပျောက်ကင်းစေနိုင်တဲ့ ဆေးနည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ အဲဒီ့နောက် ကိုယ်အောက်ပိုင်းက စတင်ပြီး ရေကို တစ်ဖြည်းဖြည်း လောင်းချိုးပါ။
ရေချိုး ရပ်သင့်၊ မရပ်သင့်ကို လူ့ခန္ဓာ ကိုယ်ပေါ်မှာ အချက်ပြကိရိယာရှိပါတယ်။ အဲတာကတော့ ဂျိုင်း ပါ။ ဂျိုင်းကို လက်နဲ့ စမ်းကြည့်လိုက်လို့ ပူနေသေးတယ် ဆိုရင် ရေဆက်ချိုးဖို့ လိုအပ်သလို၊ မပူ မအေး အနေအထား ရောက်ပြီဆိုရင်တော့ ရေချိုးရပ်သင့်တဲ့ အချိန်ကို ရောက်ရှိပြီ ဖြစ်ပါတယ်။
ခေါင်းလျှော်မယ့် သူတွေ ကလည်း ရေမချိုးရသေးခင် ခေါင်းလျှော်ဖို့ မသင့်တော်ပါဘူး။
ခေါင်းက စပြီး ခြောက်သွေ့အောင် သုတ်ဖို့လိုပါတယ်။ ခန္ဓာကိုယ် အပူများတယ်လို့ ထင်ရင်တော့ သနက်ခါးရေကျဲ (သို့) ကရမက်ရေကျဲလေးကို လိမ်းသင့်ပါတယ်။