အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်
အောင်မြင်တဲ့သူတွေ နဲ့ မအောင်မြင်တဲ့သူတွေရဲ့ စွမ်းဆောင်ရည်က အရမ်းကြီး မကွာခြားပါဘူး။ သူတို့ လိုချင်တာကို ရအောင်လုပ်နိုင်တဲ့ စွမ်းရည်ပဲ ကွာခြားတာပါ။ လူတိုင်းက အောင်မြင်ချင်ကြပါတယ်။ အောင်မြင်ချင်တယ် ဆိုတဲ့ အတွေးတွေ တွေးတယ်၊ အောင်မြင်တဲ့ သူတွေရဲ့ အကြောင်းတွေကို ဖတ်တယ်၊ အောင်မြင်ဖို့ အတွက် ဆုတောင်းကြတယ်။ အောင်မြင်မှု ဆိုတာ စာမေးပွဲအောင်ခြင်း၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ရရှိခြင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ တိုးမြင့်လာခြင်း၊ လူမှုဆက်ဆံရေး နယ်ပယ်မှာ အောင်မြင်ခြင်း စတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အောင်မြင်ဖို့ အတွက် အဓိက လိုအပ်တဲ့ အချက် (၆) ချက်ကို ပြောပြပေးသွားမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှုပေးပါဦးနော်…
(၁) ကိုယ်ဖြစ်ချင်တာကို သိအောင်လုပ်ပါ
ပထမဆုံး အချက် အနေနဲ့ ကိုယ်ဘာကို လိုချင်လဲ ဆိုတာ သိအောင် လုပ်ရပါမယ်။ ကိုယ်ဘာလိုချင်လဲ ဆိုတာ မသိဘူး ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ မှန်ကန်တဲ့ ရည်မှန်းချက်တွေ ရှိမလာနိုင်ပါဘူး။
ကိုယ်ဖြစ်ချင်တာကို သိသွားပြီ ဆိုရင်တော့ အစီအစဉ်ဆွဲပြီး ခြေလှမ်း စလိုက်ပါတော့….
(၂) ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းပါ
ကိုယ့်ရဲ့ ရည်မှန်းချက် အကြောင်းကို အသေးစိပ် သေချာလေ့လာပါ။ ဒါကို လုပ်ဖို့ ဘာတွေ လိုအပ်မယ်။ ဘာတွေကို လေ့လာရမယ်၊ ကိုယ့်ရဲ့ ဘဝမှာ ဘာတွေကို ပြောင်းလဲရမယ် စသဖြင့်ပေါ့…
ဒီအရာတွေက ကိုယ် အမှန်တကယ် လိုချင်တဲ့ အောင်မြင်မှုကို ရှင်းရှင်းလင်းလင်း သိစေနိုင်ပါတယ်။
(၃) စိတ်ရှည်ပါ
အရာရာတိုင်းက အခုလုပ်တာနဲ့ ချက်ချင်း ဖြစ်မလာပါဘူး။ အောင်မြင်တဲ့ ဘဝကို လိုချင်တယ်ဆိုရင် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အနှောက်အယှက် နဲ့ အခက်အခဲတွေလည်း တွေ့လာနိုင်ပါတယ်။ ကျရှုံးခြင်းတွေကိုလည်း ကျော်လွှားနိုင်ရပါမယ်။
(၄) မဆုတ်မနစ်ကြိုးစားပါ
လူအများစုက သူတို့စခဲ့တဲ့ အရာကို ပြီးဆုံးအောင်လုပ်ဖို့ ဇွဲမရှိကြပါဘူး။ “ဒီအရာကို တစိုက်မတ်မတ်လုပ်ရင် အောင်မြင်မယ်” လို့ တွေးကြည့်လိုက်ပါ။ ဒီအတွေးလေးကြောင့် ရည်ရွယ်ထားတဲ့ ကိစ္စတွေကို အောင်မြင်အောင် လုပ်နိုင်သွားပါလိမ့်မယ်။
(၅) စိတ်အားထက်သန်ပါ
စိတ်အားထက်သန်မှုက ကိုယ့်ရဲ့ ရည်မှန်းချက် နဲ့ အောင်မြင်တဲ့ ရလဒ်ကို ရရှိစေပါတယ်။ ကိုယ့် ရည်မှန်းချက်ရဲ့ အရေးကြီးမှု၊ အကျိုးကျေးဇူး နဲ့ အောင်မြင်ချင်တဲ့ အကြောင်းအရင်းကို သေချာ သတိထားမိစေခြင်းက စိတ်အားထက်သန်မှုကို မြင့်မားစေနိုင်ပါတယ်။ ခံယူချက် ပြင်းပြခြင်း၊ အောင်မြင်တဲ့ လူတွေ အကြောင်းကို ဖတ်ခြင်းကလည်း စိတ်အားထက်သန်မှု မြင့်မားစေဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်။
(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ
ကိုယ့်ကိုယ်ကို ဘယ်လောက် အထိ ယုံကြည်တယ် ဆိုတာက ဘဝမှာ ရရှိခဲ့တဲ့ အရာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ရိုးရှင်းတဲ့ ရည်မှန်းချက်တွေက ပိုမိုကြီးမားတဲ့ ပန်းတိုင်တွေနောက်ကို လိုက်ဖို့ ယုံကြည်မှု ပိုရှိစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တဲ့ သူကတော့ စွန်းစားတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။
ဒီဗီယိုလေးထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို အသုံးချပြီး ဘဝရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြည့်ပါ။ အောင်မြင်ဖို့ အတွက် Comfort Zone ကနေ ထွက်ခွာဖို့ သတ္တိရှိပါ။
#Chelmo #ChelmoTeam #Exclusive