Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

ExclusiveKnowledge
Home›Exclusive›အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်

အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ အချက် (၆) ချက်

By Htet Htet Aung
February 19, 2020
2364
0
Share:

အောင်မြင်တဲ့သူတွေ နဲ့ မအောင်မြင်တဲ့သူတွေရဲ့ စွမ်းဆောင်ရည်က အရမ်းကြီး မကွာခြားပါဘူး။ သူတို့ လိုချင်တာကို ရအောင်လုပ်နိုင်တဲ့ စွမ်းရည်ပဲ ကွာခြားတာပါ။ လူတိုင်းက အောင်မြင်ချင်ကြပါတယ်။ အောင်မြင်ချင်တယ် ဆိုတဲ့ အတွေးတွေ တွေးတယ်၊ အောင်မြင်တဲ့ သူတွေရဲ့ အကြောင်းတွေကို ဖတ်တယ်၊ အောင်မြင်ဖို့ အတွက် ဆုတောင်းကြတယ်။ အောင်မြင်မှု ဆိုတာ စာမေးပွဲအောင်ခြင်း၊ ကောင်းမွန်တဲ့ လုပ်ငန်းခွင် ရရှိခြင်း၊ ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေ တိုးမြင့်လာခြင်း၊ လူမှုဆက်ဆံရေး နယ်ပယ်မှာ အောင်မြင်ခြင်း စတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အောင်မြင်ဖို့ အတွက် အဓိက လိုအပ်တဲ့ အချက် (၆) ချက်ကို ပြောပြပေးသွားမှာ ဖြစ်လို့ ဆက်လက် ဖတ်ရှုပေးပါဦးနော်…

(၁) ကိုယ်ဖြစ်ချင်တာကို သိအောင်လုပ်ပါ

ပထမဆုံး အချက် အနေနဲ့ ကိုယ်ဘာကို လိုချင်လဲ ဆိုတာ သိအောင် လုပ်ရပါမယ်။ ကိုယ်ဘာလိုချင်လဲ ဆိုတာ မသိဘူး ဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ၊ မှန်ကန်တဲ့ ရည်မှန်းချက်တွေ ရှိမလာနိုင်ပါဘူး။
ကိုယ်ဖြစ်ချင်တာကို သိသွားပြီ ဆိုရင်တော့ အစီအစဉ်ဆွဲပြီး ခြေလှမ်း စလိုက်ပါတော့….

(၂) ရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းပါ

ကိုယ့်ရဲ့ ရည်မှန်းချက် အကြောင်းကို အသေးစိပ် သေချာလေ့လာပါ။ ဒါကို လုပ်ဖို့ ဘာတွေ လိုအပ်မယ်။ ဘာတွေကို လေ့လာရမယ်၊ ကိုယ့်ရဲ့ ဘဝမှာ ဘာတွေကို ပြောင်းလဲရမယ် စသဖြင့်ပေါ့…
ဒီအရာတွေက ကိုယ် အမှန်တကယ် လိုချင်တဲ့ အောင်မြင်မှုကို ရှင်းရှင်းလင်းလင်း သိစေနိုင်ပါတယ်။

(၃) စိတ်ရှည်ပါ

အရာရာတိုင်းက အခုလုပ်တာနဲ့ ချက်ချင်း ဖြစ်မလာပါဘူး။ အောင်မြင်တဲ့ ဘဝကို လိုချင်တယ်ဆိုရင် စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အနှောက်အယှက် နဲ့ အခက်အခဲတွေလည်း တွေ့လာနိုင်ပါတယ်။ ကျရှုံးခြင်းတွေကိုလည်း ကျော်လွှားနိုင်ရပါမယ်။

(၄) မဆုတ်မနစ်ကြိုးစားပါ

လူအများစုက သူတို့စခဲ့တဲ့ အရာကို ပြီးဆုံးအောင်လုပ်ဖို့ ဇွဲမရှိကြပါဘူး။ “ဒီအရာကို တစိုက်မတ်မတ်လုပ်ရင် အောင်မြင်မယ်” လို့ တွေးကြည့်လိုက်ပါ။ ဒီအတွေးလေးကြောင့် ရည်ရွယ်ထားတဲ့ ကိစ္စတွေကို အောင်မြင်အောင် လုပ်နိုင်သွားပါလိမ့်မယ်။

(၅) စိတ်အားထက်သန်ပါ

စိတ်အားထက်သန်မှုက ကိုယ့်ရဲ့ ရည်မှန်းချက် နဲ့ အောင်မြင်တဲ့ ရလဒ်ကို ရရှိစေပါတယ်။ ကိုယ့် ရည်မှန်းချက်ရဲ့ အရေးကြီးမှု၊ အကျိုးကျေးဇူး နဲ့ အောင်မြင်ချင်တဲ့ အကြောင်းအရင်းကို သေချာ သတိထားမိစေခြင်းက စိတ်အားထက်သန်မှုကို မြင့်မားစေနိုင်ပါတယ်။ ခံယူချက် ပြင်းပြခြင်း၊ အောင်မြင်တဲ့ လူတွေ အကြောင်းကို ဖတ်ခြင်းကလည်း စိတ်အားထက်သန်မှု မြင့်မားစေဖို့ အတွက် အထောက်အကူဖြစ်စေပါတယ်။

(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ

ကိုယ့်ကိုယ်ကို ဘယ်လောက် အထိ ယုံကြည်တယ် ဆိုတာက ဘဝမှာ ရရှိခဲ့တဲ့ အရာတွေနဲ့ အများကြီး သက်ဆိုင်ပါတယ်။ ရိုးရှင်းတဲ့ ရည်မှန်းချက်တွေက ပိုမိုကြီးမားတဲ့ ပန်းတိုင်တွေနောက်ကို လိုက်ဖို့ ယုံကြည်မှု ပိုရှိစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့တဲ့ သူကတော့ စွန်းစားတဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။
ဒီဗီယိုလေးထဲမှာ ဖော်ပြထားတဲ့ အချက်တွေကို အသုံးချပြီး ဘဝရဲ့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြည့်ပါ။ အောင်မြင်ဖို့ အတွက် Comfort Zone ကနေ ထွက်ခွာဖို့ သတ္တိရှိပါ။

 

#Chelmo #ChelmoTeam #Exclusive

Previous Article

မျက်လုံးပါဝါ ကျစေမယ့် နည်းလမ်းများ

Next Article

ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

Share:

Related articles More from author

  • Knowledge

    Detox Waterသောက်ခြင်းမှရရှိမယ့် အကျိုးကျေးဇူးများ

    April 24, 2020
    By Htet Htet Aung
  • Exclusive

    ထိုင်းရုပ်သံလိုင်း Channel 7 ကနေ အသစ်ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအသစ်များ

    October 28, 2020
    By Kyaw Hein
  • Knowledge

    ကမ္ဘာတစ်လွှား ထူးထူးခြားခြား သေဆုံးခဲ့သူများ

    July 8, 2020
    By Htet Htet Aung
  • Exclusive

    October မှာ ပြသတော့မယ့် Cha Eun Woo၊ Park Gyu Young နှင့် Lee Hyun Woo ၏ Rom-Com ဒရမ်မာအသစ် A Good Day to ...

    August 23, 2023
    By Htet Htet Aung
  • Knowledge

    စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်မလဲ

    February 25, 2020
    By Htet Htet Aung
  • Exclusive

    ဂျပန်လူမျိုးလို့မထင်ရလောက်အောင် ကိုရီးယားစကားကျွမ်းကျင်လွန်းတာကြောင့် ပရိတ်သတ်တွေချီးကျူးခံနေရတဲ့ Treasure’s Haruto

    April 6, 2023
    By Htet Htet Aung

YOU MIGHT BE INTERESTED

  • Hot

    Walkerhill ဟိုတယ်မှာ private outdoor wedding ပြုလုပ်သွားမဲ့ Son Ye Jin နဲ့ Hyun Bin

  • ExclusiveHot

    Comeback သီချင်းသစ်တစ်ပုဒ်နဲ့ပရိသတ်တွေရှေ့တစ်ကျော့ပြန်လာဉီးမယ့် Jay Park

  • Exclusive

    Park Shin Hey ရဲ့ဒရာမာသစ်မှာ BTS ရဲ့ “Spring Day” သီချင်းလည်းပါဝင်ခဲ့

Timeline

  • September 19, 2023

    Comeback ပြုလုပ်တော့မယ့် Red Velvet

  • September 15, 2023

    စက်တင်ဘာ ၁၄ ရက်နေ့တွင် မဂ်လာပွဲကျင်းပခဲ့ကြတဲ့ Mark Prin နဲ့ Kimmy Kimberley

  • September 12, 2023

    ကိုးရီးယားမှာ မလုပ်သင့်တဲ့ အပြုအမူများ

  • September 5, 2023

    IU’s Palette အစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်မည့် Kim Se Jeong

  • September 1, 2023

    M Countdown မှာ MCအသစ် အဖြစ် ပါဝင်မယ့် ZEROBASEONE’s Sung Han Bin

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Comeback ပြုလုပ်တော့မယ့် Red Velvet

    By Htet Htet Aung
    September 19, 2023
  • စက်တင်ဘာ ၁၄ ရက်နေ့တွင် မဂ်လာပွဲကျင်းပခဲ့ကြတဲ့ Mark Prin နဲ့ Kimmy Kimberley

    By Htet Htet Aung
    September 15, 2023
  • ကိုးရီးယားမှာ မလုပ်သင့်တဲ့ အပြုအမူများ

    By Htet Htet Aung
    September 12, 2023
  • IU’s Palette အစီအစဉ်တွင် ဧည့်သည်အဖြစ် ပါဝင်မည့် Kim Se Jeong

    By Htet Htet Aung
    September 5, 2023
  • Comeback ပြုလုပ်တော့မယ့် Red Velvet

    By Htet Htet Aung
    September 19, 2023
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.