Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

BeautyKnowledgeLifestyle
Home›Beauty›လူတိုင်း အရပ်ရှည်မယ့် နည်းလမ်းကောင်းများ

လူတိုင်း အရပ်ရှည်မယ့် နည်းလမ်းကောင်းများ

By Su Myat Noe
April 21, 2020
3815
0
Share:

“အရပ်ရှည်အောင်ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းက အွန်လိုင်းမှာ အမေးများပါတယ်။ သေချာတွက်ကြည့်ရင် အရပ်ရှည်အောင် လုပ်နိုင်တဲ့နည်းတွေ များများစားစား မရှိပါဘူး။ အရပ်ရှည်ဖို့ အစားအသောက်၊ အနေအထိုင်နဲ့လေ့ကျင့်ခန်းကို အဓိကထားပြီး ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။

အရင်ဆုံး အနေနဲ့ အရပ်ရှည်နိုင်တဲ့ အစားအသောက်တွေကို လေ့လာကြည့်ရအောင်…

အရပ်ရှည်ဖို့ တကယ်လိုအပ်တဲ့ အာဟာရဓာတ်က ပရိုတင်းဓာတ် ဖြစ်ပါတယ်။ ပရိုတင်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ရဲ့ သက်ရှိအုပ်ချပ်တိုင်းက အမိုင်နိုအက်ဆစ်တွေ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့ အသားဓာတ် (အမိုင်နိုအက်ဆစ်) များများ လိုအပ်တယ်။ အသားစားခြင်းကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၈)မျိုးအပြင် စုစုပေါင်း အမျိုး(၃၀)ကျော်လောက်ကို ရရှိစေတယ်။

ပရိုတင်းပါတဲ့ အစားအသောက်ထဲမှာ နွားနို့၊ ကြက်ဥ၊ ဒိန်ခဲ၊ ထောပတ်၊ ငါး၊ အသား၊ အသည်း စတာတွေက ကောင်းပါတယ်။ နွားနို့မှာ ခန္ဓာကိုယ်ဖွဲ့စည်းမှု အတွက် လိုအပ်တဲ့ အခြေခံ ပရိုတင်းတွေ များစွာ ပါဝင် ပါတယ်။ အရပ်ရှည်ဖို့ တစ်ရက်ကို နွားနို့ နှစ်ခွက်မှ သုံးခွက် အထိ သောက်ပါ။ မလိုင်ထုတ်ပြီး နွားနို့မှာ အဆီပိုတွေ မရှိတော့လို့ ပိုကောင်းပါတယ်။ မနက်စောစော နွားနို့တစ်ခွက်သောက်ပြီး လေ့ကျင့်ခန်း လုပ်ကြည့်ပါ။ မြန်မာနိုင်ငံက အားကစားသမားတွေ အနေနဲ့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတွဲပြီး စနစ်တကျ လုပ်ဆောင်သင့်ပါတယ်။ ကြက်ဥ ကလည်း အသားဓာတ်တမျိုးပါပဲ။ ကြက်ဥအကာမှာ albumin ပရိုတင်းတွေ ကြွယ်ဝစွာ ပါဝင် ပါတယ်။ သတိပြုရမှာက ကြက်ဥ အနှစ်မှာ အဆီပိုတွေပါလို့ ဝတဲ့သူတွေ အနေနဲ့ ကြက်ဥအကာကိုသာ စားသုံးသင့်ပါတယ်။ အရပ်ရှည်အောင် ကြက်ဥ နှစ်လုံးကို နေ့စဉ်သုံးပါ။ အရိုးပါ ဝါးစားနိုင်တဲ့ ငါးသေးလေးတွေ တစ်ပတ် သုံးကြိမ် စားပေးပါ။ ဒါ့ပြင် ကြက်သား၊ အမဲသား စတာတွေ ကလည်း ကြီးထွားခြင်းကို ဖြစ်စေလို့ လိုအပ်ပါတယ်။ တစ်ရက်ကို အသား အနည်းဆုံး (၅၀) ဂရမ် စားပေးပါ။ သက်သက်လွတ်သမားတွေလည်း စိတ်ဓာတ်မကျပါနဲ့။ အသီးအရွက်တွေကနေ အသားဓာတ်ကို ရနိုင်တယ်။ အသီးအရွက်ထဲမှာ ပဲသီး၊ ပဲတောင့်ရှည်၊ ပဲတီစိမ်း၊ တို့ဖူး၊ မုန်လာဥဖြူ၊ တရုတ်မုန်လာ၊ ဟင်းနုနွယ်၊ ပဲပုတ်၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာထုပ်၊ ရုံးပတေသီး စတာတွေ ကောင်းပါတယ်။ အသားဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပဲပုတ်က အကောင်းဆုံးပါ။ ဂျပန်တွေအရပ်ရှည်လာတာ ပဲပုတ်စားတာလည်း ပါတယ်။ နေ့စဉ် ပဲပုတ် (၅၅) ဂရမ်လောက် စားပေးသင့်ပါတယ်။ အုတ်ဂျုံ ဆိုတာလည်း ပဲပုတ်လိုပဲ အသားဓာတ်ကြွယ်ဝပါတယ်။ ယာဂုကျိုရာမှာ သုံးကြပါတယ်။ အားသာချက်က အသားဓာတ်ကို ဖြည့်ဆည်းပြီး အဆီပိုတွေ လျှော့နည်းစေတာပါ။ မနက်စာ စားတိုင်း အုတ်ဂျုံ ဂရမ်(၅၀) ပါရင် (၆) လ အတွင်း အရပ် သိသိသာသာ ရှည်လာစေပါတယ်။

အစားအသောက်တွေထဲမှာ အဆီအဆိမ့် ပါတာ ရှောင်ပါ။ အာလူးကြော်၊ ကွတ်ကီ၊ ချောကလက်၊ ပီဇာ၊ ဟမ်ဘာကာ၊ မြန်မာလုပ် မုန့်ပဲသရေစာတွေက အဆီတက်စေတဲ့ အစားအစာတွေ ဖြစ်လို့ ရှောင်သင့်ပါတယ်။ အဆီပိုများတာနဲ့ အမျှ ခန္ဓာကိုယ်ဝိတ်များလာပြီး အရိုးတွေကို အပေါ်က ဖိထားသလို ဖြစ်စေတယ်။ ဒီအချက်က အရိုးတွေ ကြီးထွားခြင်း နှောင့်နှေးစေနိုင်တဲ့ အချက်ဖြစ်ပါတယ်။

အစားအသောက်တွေ စားတဲ့ အခါ သတိပြုရမှာတွေ ရှိပါတယ်။ စားတဲ့အခါ တစ်နေ့ သုံးကြိမ် စားသုံးတာထက် အကြိမ်အရေအတွက် များများနဲ့ အစားအသောက် စုံလင်အောင် စားသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ထိုင်တည်း အစာများများစားခြင်းက အင်ဆူလင်ဟော်မုန်း ရုတ်တရက် တက်လာစေလို့ပါပဲ။ အင်ဆူလင်ဟော်မုန်းက growth hormone (ကြီးထွားဟော်မုန်း) ထွက်ပေါ်ခြင်းကို တားဆီးပေးပါတယ်။ ဂလူးကို့စ် ရုတ်တရက်များလေ အင်ဆူလင်တက်လေ ဖြစ်ပြီး ကြီးထွားခြင်းကို ပိုမို နှေးကွေးသွားစေပါတယ်။

အစားအသောက်ပြီးရင် ဒုတိယအရေးကြီးတာက အနေအထိုင်ပါ။ လူတွေဟာ အပျင်းကြီးတဲ့ သတ္တဝါထဲမှာ ပါဝင် ပါတယ်။ အားနေရင် ထိုင်ချင်တာ သဘာဝပါ။ ဒီနေ့ခေတ်လူသားတွေရဲ့ နေပုံထိုင်ပုံကြည့်လိုက်ရင် အိပ်တာနဲ့ထိုင်တာက လွဲရင် လှုပ်ရှားသူက ခပ်နည်းနည်းပါ။ ဒီထဲမှာ ဆရာဝန်တွေနဲ့ ကွန်ပျူတာပညာရှင်တွေ ကတော့ အဆိုးဆုံး ဖြစ်ပါမယ်။ အထိုင်များသူတွေဟာ ယေဘုယျအားဖြင့် အရပ်ပုကြပါတယ်။ ထိုင်တဲ့လူတွေရဲ့ ကျောရိုး အနေအထားကို သတိထား လေ့လာကြည့်ရင် အများစုဟာ ခါးမတ်မတ်ထိုင်လေ့ မရှိဘဲ ကိုင်းနေတာကို တွေ့ရလိမ့်မယ်။ အထိုင်များသူတွေ အတွက် ခါးရိုးက ကောက်နေတာဖြစ်လို့ ပုံမှန်ထက် အရပ်ပုသွားစေပါတယ်။ အရပ်ရှည်ချင်သူတွေ ဒီအချက်ကို သတိထားပြုပြင်ဖို့ လိုအပ်ပါတယ်။ ထိုင်တဲ့အခါ ဖြစ်ဖြစ် နောက်ဆုံးအိပ်တဲ့အခါ ဖြစ်ဖြစ် ခါးရိုးကို ဆန့်ဆန့်ထားပါ။ အိပ်တဲ့အခါမှာ ဘေးစောင်းအိပ်တာထက် ပက်လက်အနေအထား ခါးဆန့်ပြီး အိပ်သင့်ပါတယ်။ ရသမျှအချိန်အတွင်း အကျိုးရှိအောင် ကုတင်ခြေရင်းကို ခြေဖျားနဲ့ မကြာခဏဆန့်ပြီး ထိပေးပါ။ နောက်ပိုင်းမှာ သိလာတာက အိပ်စက်ခြင်းက ကြီးထွားဟော်မုန်းကို ထွက်စေပါတယ်။ အိပ်ရေးဝဝ အိပ်စက်ခြင်းက ကြီးထွားမှုပေါ် သက်ရောက်စေပါတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ပြီး (၂) နာရီအကြာမှာ ပစ်ကျူထရီက ကြီးထွားဟော်မုန်းတွေ စတင်ထွက်လာပါတယ်။ တရက်ကို ပျမ်းမျှ (၈) နာရီလောက် အိပ်စက်ခြင်းက အရပ်ရှည်ခြင်းကို အားပေးပါတယ်။

အနေအထိုင်တတ်သွားရင် လေ့ကျင့်ခန်းလုပ်ဖို့ ဆက်လက်ကြိုးစားသင့်တယ်။ အရပ်ရှည်ဖို့ ဘယ်လေ့ကျင့်ခန်းတွေကောင်းလဲ ဆိုရင် အဖြေက ရှင်းပါတယ်။ ခုန်ရတဲ့လေ့ကျင့်ခန်းတွေနဲ့ ခါးဆန့်ခြေထောက်လှုပ်ရတဲ့ လေ့ကျင့်ခန်းတွေက အကောင်းဆုံးဖြစ်ပါတယ်။ ဥပမာ ကြိုးခုန်တာ၊ ဘတ်စကတ်ဘော၊ ဘောလီဘော၊ တင်းနစ်၊ ကြက်တောင် စတာတွေက ခုန်ရခါးဆန့်ရတာ ဖြစ်လို့ အရပ်ရှည်စေပါတယ်။ အလားတူ ရေကူးတာ၊ ဘားဆွဲတာ၊ ဘောလုံး၊ ဘေ့စ်ဘော၊ အေရိုးဗစ်၊ Gym ကစားတာ၊ လမ်းအမြန်လျှောက်တာမျိုးဟာ ခြေထောက်လှုပ်ပြီး ခါးဆန့်ရတဲ့ လေ့ကျင့်ခန်းတွေဖြစ်လို့ အရပ်ပုသူတွေ အတွက် အထူးသင့်တော်ပါတယ်။ အထက်ပါ လေ့ကျင့်ခန်းတွေထဲက မိမိနှစ်သက်ရာလေ့ကျင့်ခန်းကို တစ်ရက် နာရီဝက်ခန့် လုပ်ပေးပါ။ ကြားထဲမှာ အရပ်ရှည်စေမယ့် အစားအသောက်၊ ဆေးဝါးသောက်သုံးနိုင်ပါတယ်။ အရိုးအတွက် ကယ်စီယမ်၊ မဂ္ဂနီစီယမ်၊ ဖော့စဖားရပ်၊ သွပ်ဓာတ်၊ သံဓာတ်နဲ့ ဗီတာမင် ဒီ စတာတွေ အဓိကလိုအပ်ပါတယ်။

ဗီတာမင်အားဆေးတွေအပြင် ကြီးထွားဟော်မုန်းကို တုပပြီးလုပ်တဲ့ HGH သောက်ဆေး၊ ထိုးဆေးတွေလည်း ရှိပေမယ့် ဘေးထွက်ဆိုးကျိုး များပါတယ်။

အားလုံးကို ခြုံပြီးပြောရရင် အရပ်ရှည်ဖို့ ကြီးထွားဟော်မုန်းက အရေးပါတယ်။ အရိုးတွေသန်မာဖို့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလိုအပ်ပါတယ်။ ပရိုတင်းပါတဲ့ အစားအသောက်တွေကို နေ့စဉ် စားသင့်ပြီး အိပ်ရေးဝဝ အိပ်စက်ဖို့နဲ့ အနေအထိုင်တတ်ဖို့လည်း အရေးကြီးပါသေးတယ်။ ဒီအခြေခံအချက်တွေနဲ့ ‌ြပည့်စုံရင် ဆက်လုပ်မှာက လေ့ကျင့်ခန်းဖြစ်ပါတယ်။ သူများကိုအားမကိုးပဲ မိမိကိုယ်တိုင် စနစ်တကျ စတင်လုပ်ဆောင်ကြည့်ပါ။ အသက်(၂၁)နှစ်အရွယ် အတွင်း သိသိသာသာ အရပ်ရှည်လာတာ တွေ့ရပါလိမ့်မယ်။

Credit _ ဒေါက်တာ အေးမင်းထူး

Previous Article

Homemade Hand Gel ပြုလုပ်နည်း

Next Article

ကိုရီးယားက Oppa တွေရဲ့ ငယ်ဘ၀ ပုံရိပ်လေးများ

Share:

Related articles More from author

  • Beauty

    သင့်မျက်နှာ အရေပြားအမျိုးအစားကို ဘယ်လိုသိနိုင်မလဲ

    May 28, 2020
    By Pwint Thit Tin Maw
  • Beauty

    ဖြူဖွေးတဲ့ ဒူးခေါင်း တံတောင်စစ် လေးတွေရအောင် ဘယ်လိုလုပ်ကြမလဲ

    February 19, 2020
    By Pwint Thit Tin Maw
  • KnowledgeLifestyle

    AB သွေးအမျိုးတွေ Stay Home ဖြစ်ရင် ဘာတွေ လုပ်တတ်သလဲ။

    April 26, 2020
    By Kyaw Hein
  • KnowledgeLove

    အိမ်မက်ထဲမှာ Crush လေးနဲ့တွေ့နေရပြီဆိုရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ

    April 14, 2020
    By Kyaw Hein
  • KnowledgeLove

    FA လေးတွေ Valentine’s Day ကိုဘယ်လို ကုန်ဆုံးသင့်လဲ?

    February 6, 2020
    By Kyaw Hein
  • Lifestyle

    လူကောင်း ဆိုသည်မှာ …

    April 27, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • HotLifestyle

    Kai ရဲ့ ပထမဆုံး Solo Album “KAI (开)” ကို လာမယ့် နိုဝင်ဘာလ (၃၀) ရက်နေ့မှာ ဖြန့်ချီတော့မယ်နော်

  • Exclusive

    ကိုယ့်ရဲ့တစ်ပတ်တာကံကြမ္မာကို ဖတ်ကြည့်ကြပါဦးနော်

  • ExclusiveHot

    Crash Landing On You စာရေးဆရာရဲ့ ဇာတ်လမ်းတွဲအသစ်အတွက် ခေါင်းဆောင်မင်းသမီးနေရာကမ်းလှမ်းမှုကို ငြင်းဆိုခဲ့တဲ့ IU

Timeline

  • August 8, 2022

    အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

  • August 5, 2022

    Benny Blanco၊ Snoop Dogg နဲ့ BTS တို့ရဲ့ Collaborationသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Bad Decisions”

  • August 5, 2022

    ပြီးခဲ့တဲ့ညက ကြည့်ရှူသူ နှုန်းတပြိုင်နက်တည်း မြင့်တတ်ခဲ့တဲ့ “Extraordinary Attorney Woo” နဲ့ “Jinxed At First” ဒရာမာဇာတ်လမ်းတွဲ

  • August 4, 2022

    နာမည်ကြီး အနုပညာရှင်တွေ ရှိရာ Agency တစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့ Jung So Min

  • August 4, 2022

    HBO ရဲ့ရုပ်သံဇာတ်လမ်းတွဲ “The Idol” ကို ရိုက်ကူးနေစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့ Jennie

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

    By May Thu
    August 8, 2022
  • Benny Blanco၊ Snoop Dogg နဲ့ BTS တို့ရဲ့ Collaborationသီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ “Bad Decisions”

    By May Thu
    August 5, 2022
  • ပြီးခဲ့တဲ့ညက ကြည့်ရှူသူ နှုန်းတပြိုင်နက်တည်း မြင့်တတ်ခဲ့တဲ့ “Extraordinary Attorney Woo” နဲ့ “Jinxed At First” ဒရာမာဇာတ်လမ်းတွဲ

    By Htet Htet Aung
    August 5, 2022
  • နာမည်ကြီး အနုပညာရှင်တွေ ရှိရာ Agency တစ်ခုနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်တဲ့ Jung So Min

    By Htet Htet Aung
    August 4, 2022
  • အဖွဲ့လေးတည်ထောင်ခဲ့တာ ၆နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်တဲ့ BLACKPINK

    By May Thu
    August 8, 2022
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.40, Room No.(010) No (1) Industrial Road, Opposite to Central Bank, Bahan Township, Yangon, Myanmar
  • +95-9-9641-55430
  • info@chelmo.tips
Copyright © 2019-2022 Chelmo.tips. All rights reserved.