Lee Jong Suk နဲ့ Song Hye Kyo ကို “Shining Ambitio” Drama မှာ ပါဝင်ဖို့ ကမ်းလှမ်းထား
ကိုရီးယား မင်းသားချော Lee Jong Suk နဲ့ မင်းသမီး Song Hye Kyo တို့ကို “Shining Ambitio” ဆိုတဲ့ Drama ဇာတ်ကားမှာ ပါဝင်ဖို့ အတွက် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းကိုတော့ “Hotel Del Luna” နဲ့ “Hwayugi” ကိုရေးတဲ့ ဇာတ်ညွှန်းရေးဆရာက ရေးသားထားတာ ဖြစ်ပါတယ်။ အဲဒီ့ဇာတ်ကား (၂)ကား စလုံးကလည်း ပရိသတ်တွေ ကြိုက်နှစ်သက်ကြပြီး တော်တော်လေး အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပါ။
သူတို့ နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေကတော့ ဒီသတင်းကြောင့် အရမ်းကို စိတ်လှုပ်ရှားနေကြပါတယ်။ နှစ်ယောက်လုံး confirm လုပ်လိုက်ရင်တော့ K Drama ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်း တစ်ကားကို ကြည့်ရတော့မှာ မလွဲမသွေပါပဲ…
တကယ်လို့ နှစ်ယောက်လုံးက confirm လုပ်လိုက်ရင်တော့ မင်းသား Lee Jong Suk စစ်မှုထမ်း ပြန်လာပြီးတဲ့ အချိန်မှာ စတင် ရိုက်ကူးမယ်လို့လည်း သိရပါတယ်။
#Chelmo #ChelmoTeam #LeeJongSuk #SongHyeKyo