Druk International Film Festival မှာ ထူးချွန်ဆု (၄) ဆု ရရှိခဲ့တဲ့ ” နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား
ဘူတန်နိုင်ငံမှာ ကျင်းပတဲ့ “Druk International Film Festival” (DIFF) ရုပ်ရှင်ပွဲတော်မှာ အောင်သီရိရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားဟာ ထူးချွန်ဆု (၄) ဆု ဆွတ်ခူး ရရှိခဲ့ပါတယ်။
Druk International Film Festival က ချီးမြင့်တဲ့ 16th Season (Sept 2020) Competition မှာ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် အစရှိတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဇာတ်ကားတွေ နဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ဆု အမျိုးစားပေါင်းများစွာ အနက်မှ Official Selection အဖြစ် ပထမဆုံး ရွေးချယ်ခံခဲ့ရတာပါ။
အဲဒီ့မှ တစ်ဆင့် Finalist အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဆက်လက် ရွေးချယ်ခံခဲ့ရာ
(၁) Best Narrative Feature Film Outstanding Achievement Award Winner
နို့ဘီလူး ရုပ်ရှင်ဇာတ်ကား (The Milk Ogre)
(၂) Best Director Outstanding Achievement Award Winner – Director လူမင်း
(၃) Best Actor Outstanding Achievement Award Winner – လူမင်း
(၄) Best Supporting Actress Outstanding Achievement Award Winner – ရွှေမှုံရတီ
ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ အမျိုးသား ဇာတ်ဆောင်ဆု နဲ့ အမျိုးသမီး ဇာတ်ပို့ဆု ထူးချွန်ဆု (၄) ဆုကို ရရှိခဲ့ပါတယ်။
ဒီဆု (၄) ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အပြင် (၂၀၂၁) ခုနှစ်မှာ ကျင်းပမယ့် “GOLDEN DRAGON AWARDS” ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာလည်း ဆန်ကာတင် Nominees အဖြစ် ဆက်လက် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါသေးတယ်။
နိုင်ငံစုံ၊ လူမျိုးပေါင်းစုံတွေရဲ့ ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကား အဖြစ် ချပြတင်ဆက်ခွင့် ရခဲ့တဲ့ အပြင် ထူးချွန်ဆုတွေပါ ရရှိခဲ့တာကြောင့် ” နို့ဘီလူး” ရုပ်ရှင်ဇာတ်ကား အဖွဲ့သားတွေ နဲ့အတူ ထပ်တူ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
ဒါရိုက်တာ အကယ်ဒမီ လူမင်း ရိုက်ကူးတဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားဟာ (၂၀၁၉) ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး လူကြိုက်များခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားလည်း ဖြစ်ပါတယ်။
#Chelmo #ChelmoTeam #နို့ဘီလူး #themilkogre #DIFF #Film_Festival #DrukFilmFestival #aungthiri #Myanmar #MyanmarFilm #International #Filmfestival #outstanding #Winner