Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

ExclusiveKnowledge
Home›Exclusive›ကမာ္ဘ့အကောင်းဆုံး တက္ကသိုလ် (၅) ခု

ကမာ္ဘ့အကောင်းဆုံး တက္ကသိုလ် (၅) ခု

By Kyaw Hein
February 26, 2020
4403
0
Share:

လူငယ်တွေမှာ ကိုယ့် ဘ၀ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့စိတ်ကူးကောင်းတွေ ရှိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးကြတဲ့ လူတွေ အချို့ကလည်း နိုင်ငံခြားမှာ ပညာ ဆက်လက်လေ့လာရင်း ကိုယ့်ဝါသနာကို ထုဆစ်ကြပါတယ်။ ကိုယ်တက်ချင်တဲ့ ကျောင်းကို တက်ရဖို့ ဘာတွေ လိုအပ်မလဲ၊ ဘာတွေ ပြင်ဆင်ထားသင့်လဲ ဆိုတာတွေကို သိထားဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားမှာ ပညာသင်ကြားချင်တဲ့ လူငယ်တွေ အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျောင်း (၅) ကျောင်းကို ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

(၁) Massachusetts Institute of Technology

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် အဖြစ် ပထမနေရမှာ ရပ်တည်နေတာ ကတော့ မက်ဆာချူးဆက် စက်မှု တက္ကသိုလ် (Massachusetts Institute of Technology သို့ MIT) ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ စက်မှုထွန်းကာလာ နဲ့အတူ (၁၈၆၁) ခုနှစ်တွင် စတင်တည်ထောင်ခဲ့တဲ့ Massachusetts Institute of Technology ကလည်း အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ချ်မြို့မှာ တည်ရှိတဲ့ ပုဂ္ဂလိက သုတေသန တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ MIT တွင် ကျောင်း (၅) ကျောင်း နဲ့ ကောလိပ် တစ်ခု ရှိပြီး ပညာရေး ဌာနပေါင်း (၃၂) ခု ရှိပါတယ်။ သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသန လုပ်ငန်းများကို အာရုံစိုက် လုပ်ကိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကျောင်းသားတစ်ဦးချင်း အတွက် ဘွဲ့ကြိုကျူရှင် နဲ့ အဖိုးအခတွေက စုစုပေါင်းဒေါ်လာ (၄၀,၇၃၂) နှင့် နှစ်စဉ် ကုန်ကျစရိတ်က (၂၀၁၂) မှာ ဒေါ်လာ ၅၂,၅၀၇ ရှိတယ်လို့ ခန့်မှန်းရပါတယ်။ ကျောင်းသား (၆၂) ရာခိုင်နှုန်းက ဖက်ဒရယ်ပြည်နယ်မှ ပညာသင်ဆု နဲ့ ထောက်ပံ့ငွေတွေနဲ့ လိုအပ်တဲ့ ငွေရေးကြေးရေး အကူအညီများကို ရရှိကြပါတယ်။

(၂) Stanford University

Stanford University ရဲ့ နာမည်အပြည့်အစုံက Leland Stanford Junior University ဖြစ်ပေမယ့် အများစုက စတန်းဖို့ဒ် တက္ကသိုလ်လို့သာ ခေါ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိတဲ့ ဒီတက္ကသိုလ်ကို (၁၈၉၁) ခုနှစ်တွင် မီးရထားလမ်း သူဌေး လေလန် စတန်းဖို့ဒ် က တည်ထောင်ခဲ့ပါတယ်။ အချိန်ပြည့် ဘွဲ့ကြိုကျူရှင်က (၂၀၁၃-၂၀၁၄) ပညာသင်နှစ် အတွက် ဒေါ်လာ (၄၂၆၉၀) ဖြစ်ပါတယ်။ (၂၀၁၂-၁၃)  ပညာသင်နှစ်တွင် တက္ကသိုလ်ကျောင်းသား (၃,၄၈၅) ယောက်က်ကို လိုအပ်တဲ့ အခြေခံ ငွေကြေးထောက်ပံ့မှု အတွက် ဒေါ်လာ (၁၂၆) သန်း ပေးအပ်ခဲ့ပြီး ပျမ်းမျှအားဖြင့် ဒေါ်လာ (၄၀၄၆၀) ထောက်ပံ့ပေးခဲ့ပါတယ်။  ဘွဲ့ကြို ကျောင်းသားတွေထဲက ဝင်ငွေဒေါ်လာ (၁၂၅၀၀၀) အောက်ရှိတဲ့ မိသားစုတွေကတော့ ကျူရှင်ပေးဖို့ မလိုအပ်ပါဘူး။ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်မှာ စတန်းဖို့ဒ်က ဘွဲ့ကြို (၁,၇၁၅)၊ မဟာဘွဲ့ (၂,၂၇၈)၊ ပါရဂူဘွဲ့ (၇၆၄) နဲ့ ပရော်ဖက်ရှင်နယ် ဒီဂရီ (၃၆၆) ဦး ချီးမြှင့်ခဲ့ပါတယ်။ စတန်းဖို့ဒ် တက္ကသိုလ် ကျောင်းဆင်းတွေက ကမ္ဘာကျော် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဟျူးလက် ပက်ကက်၊ ဆန်း မိုက်ခရို စစ်စတမ်၊ အင်န် ဗီဒီယာ၊ ရာဟူး၊ စစ်စကို စစ်စတမ် နဲ့ ဂူဂဲလ် စတဲ့ ကုမ္ပဏီကြီးတွေကို တည်ထောင်ခဲ့ကြတဲ့ သူတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ် ကျောင်းဆင်း ကျောင်းသားဟောင်းတွေက ကုမ္ပဏီပေါင်းများစွာကို တည်ထောင်ခဲ့ပြီး (၂၀၁၁) ခုနှစ်မှာ အလုပ်အကိုင် (၅.၄) သန်း ကို ဖန်တီးနိုင်ခဲ့ပါတယ်။

(၃) Harvard University

ဟားဗတ် တက္ကသိုလ် ကို (၁၆၃၆) ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက် ပြည်နယ်၊ ကိန်းဘရစ်ချ်မြို့မှာ တည်ရှိတဲ့ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။ ခရစ်ယာန်ဘုန်းတော်ကြီး တစ်ပါး ဖြစ်တဲ့ ဂျွန်ဟားဗတ် က သူ့ရဲ့ ကိုယ်ပိုင်ငွေ ပေါင်စတာလင် (၇၇၉) ပေါင်နဲ့ သူ့ ကိုယ်ပိုင်စာအုပ် (၄၀ဝ) ကျော်ကို စတင် လှူဒါန်းခဲ့တာကြောင့် အလှူရှင် ဂျွန်ဟားဗတ်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဟားဗတ် တက္ကသိုလ် ခေါ်ဝေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟားဗက်တက္ကသိုလ်မှာ ဘာသာရပ်အလိုက် ကောလိပ်ခွဲတွေ သာမက ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာ၊ ဆေးဝါး၊ အင်ဂျင်နီယာ နဲ့ ဥပဒေဘာသာရပ်တွေ အတွက် ကမ္ဘာ့အကျိုးပြု သုတေသန များစွာကို လုပ်ဆောင် နိုင်ခဲ့တာတွေက ဟားဗတ်တက္ကသိုလ်ကို ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် အဖြစ် ရပ်တည်နိုင်ဖို့ အတွက် အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။

ဟားဗက်တက္ကသိုလ်ရဲ့ အဆင့်မြင့်တက္ကသိုလ် ပညာရေး သင်ကြားမှု ပုံစံတွေ ကတော့ ဘွဲ့ကြို ကာလကို (၄) နှစ် သက်မှတ်ထားပြီး ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်တွေကို အဓိက သင်ကြားပို့ချပေးတာပါ။ ပထမနှစ်မှာ ပညာရပ်ဆိုင်ရာ ဘာသာရပ် (Academic majors) နဲ့ အထောက်အကူပြု ဘာသာရပ် (Elective minors) ဘာသာရပ်တွေကို မိမိနှစ်သက်ရာ ရွေးချယ် သင်ကြားရတာဖြစ်ပါတယ်။ ဒုတိယနှစ်မှာတော့ ပထမနှစ်က သင်ယူခဲ့တဲ့ ဘာသာရပ်တွေထဲက (Qualified) ဖြစ်တဲ့ ဘာသာရပ်ကိုသာ အထူးပြု အနေနဲ့ သင်ကြားရပြီး အထူးပြု ဘာသာရပ်ကို တစ်ခု ထက်မက သင်ယူနိုင်ခွင့်ရှိပါတယ်။ ဘွဲ့ကြို သင်တန်း နဲ့ ဘွဲလွန်သင်တန်းကို တက်ရောက်လိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေ အနေနဲ့ တက္ကသိုလ် ဝင်ခွင့်ကို (၄) နှစ် ကြိုတင် လျှောက်ထားကြရမှာ ဖြစ်ပြီး တက္ကသိုလ် အနေနဲ့ ကလည်း သက်ဆိုင်တဲ့ သင်တန်း အလိုက် ဝင်ခွင့်ရရှိတဲ့ ကျောင်းသူ ကျောင်းသားတွေရဲ့ နာမည်စာရင်းတွေကို (၄) နှစ် ကြိုတင် အကြောင်းကြားလေ့ ရှိတာပါ။ ဝင်ခွင့်ရရှိတဲ့ ကျောင်းသား/ကျောင်းသူတွေအနေနဲ့ကတော့ တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ကြိုတင်လေ့လာရမယ့် အချက်အလက်တွေကို လေ့လာပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ကြိုသင်တန်းေ တွအတွက် ကျောင်းသား အသစ် (၂၀ဝဝ) ဝန်းကျင် ရွေးချယ် ခေါ်ယူလေ့ရှိပြီး ကမ္ဘာအနှံက ဝင်ခွင့်လျှောက်လွှာပေါင်း များစွာထဲမှ ၅၀% ဝန်းကျင်လောက်ကိုသာ ကျောင်းသားအဖြစ်လက်ခံတာပါ။

ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ကြားရင် ဘွဲ့ကြိုသင်တန်းတစ်ခုအတွက် စာသင်နှစ် (၁) နှစ်မှာ ကျောင်းလခ အနေနဲ့ အမေရိကန်ဒေါ်လာ (၆) သောင်းကျော် ကျသင့်မှာပါ။ ပညာသင်ဆု အနေနဲ့ “John Harvard Scholar” နဲ့ “Harvard College Scholar” တို့ကို နှစ်စဉ် ဝင်ခွင့်ရတဲ့ ကျောင်းသားများရဲ့ ၅% ကို ပေးအပ်လေ့ရှိပါတယ်။ ပထမနှစ်မှာ ပညာသင်ဆုရရှိခဲ့ရင် အဲ့ဒီကျောင်းသားဟာ အပြစ်တစုံတရာ မကျူးလွန်ခဲ့ရင် ဘွဲ့ရရှိတဲ့ အချိန်ထိ ပညာတော်သင်ဆု အထောက်အပံ့ကို ခံစားခွင့် ရရှိလေ့ရှိပါတယ်။

ဟားဗတ်တက္ကသိုလ်ကနေ နှစ်စဉ် ဘွဲ့ရရှိသူ (၁၆၆၀) ဦး၊ မဟာဘွဲ့ရရှိသူ (၄၀ဝ)၊ ပါရဂူဘွဲ့ရရှိသူ (၅၁၀) နဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဒီဂရီရရှိသူ (၄၄၆၀) ဦးခန့်ကို မွေးထုတ်နေတာပါ။ ဒီကျောင်းသားတွေထဲကနေ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ အနုပညာ အပါအဝင် နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ အများအပြားကို မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီထဲမှာတော့ အမေရိကန်သမ္မတ Barack Obama၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး Ban Ki-moon၊ စီးပွားရေးလုပ်ငန်းရှင်များထဲမှာတော့ Bill Gates၊ ဖေ့ဘုတ်တည်ထောင်သူ Mark Zuckerberg တို့အပြင် ကမ္ဘာ့နိုင်ငံများမှ တော်ဝင်မင်းသားများ၊ သမ္မတများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်တွေဟာ ဟားဗတ်ကျောင်းဆင်းတွေ ဖြစ်ကြပါတယ်။ ဟားဗတ်ရဲ့ သမိုင်းကြောင်း၊ ဩဇာလွှမ်းမိုးမှု နဲ့ ကြွယ်ဝချမ်းသာမှု တို့ကြောင့် ဟားဗတ်တက္ကသိုလ်ဟာ ကမ္ဘာပေါ်မှာ အထင်ရှား အကျော်ကြားဆုံး တက္ကသိုလ်တွေထဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

 

(၄) University of Oxford

အောက်စ်ဖိုဒ်တက္ကသိုလ် (Oxford University) က ယူနိုက်တက် ကင်းဒမ်း ရှိ အောက်စဖို့မြို့တွင် တည်ရှိတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ တက္ကသိုလ်မှာ ကောလိပ်ပေါင်း (၃၈) ခု ရှိပြီး ပုဂ္ဂလိကပိုင် ဟောပြောခန်း (၆) ခု ရှိပါတယ်။
ပထမနှစ် စာမေးပွဲ အတွက် ပြင်ဆင်ခြင်းကို ဂန္ထဝင်ဘာသာရပ်များ အပေါ်တွင် အထူး အာရုံစိုက်ရပါတယ်။ Oxford မှ ကျောင်းသားတွေက ပညာသင်ကြားစဉ် ငွေကြေး အကူအညီ ရယူရန် အခွင့်အလမ်း များစွာ ရှိပါတယ်။
နိုင်ငံတကာခေါင်းဆောင် အနည်းဆုံး အယောက် (၃၀) ဟာ အောက်စ်ဖို့တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ကြပါတယ်။

 

Oxford တက္ကသိုလ်မှာ တက်ရောက်ခဲ့တဲ့ နိုင်ငံတကာခေါင်းဆောင် များထဲတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တစ်ဦး အပါအဝင် ဖြစ်ပါတယ်။


(၅) California Institute of Technology (Caltech)

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တစ်ခု အဖြစ် ရပ်တည်နေတဲ့ အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ် (California Institute of Technology) ကို (၁၈၉၁) ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ Caltech လို့ အတိုကောက်ခေါ်တဲ့ ကယ်လီဖိုးနီးယား စက်မှုတက္ကသိုလ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်၊ ပါဆာဒေနာ (Pasadena ) ဒေသမှာ တည်ရှိတဲ့ ဘွဲ့လွန် တက္ကသိုလ်တစ်ခုပါ။ (၁၉၂၃) ခုနှစ်မှာ ကဲလ်တက်ချ် တက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့ မီလီကန်ဟာ ရူပဗေဒနဲ့ နိုဘယ်ဆုရရှိခဲ့ပြီး ပိုပြီးကျော်ကြားလာခဲ့ပါတယ်။ (၁၉၂၅) ခုနှစ်မှာ ဟားဗတ် တက္ကသိုလ်က ဝီလျံ ဘင်းနက် မွန်ရိုကို ငှားပြီး ပထဝီဌာန၊ (၁၉၂၈) ခုနှစ်မှာ နာမည်ကျော် ဇီဝဗေဒပညာရှင် သောမတ် ဟန့် မော်ဂန်ရဲ့ ဦးဆောင်မှုနဲ့ ဇီဝဗေဒ ဌာန၊ (၁၉၂၆) ခုနှစ် မှာ အာကာသသိပ္ပံ၊ ဒုံးပျံသိပ္ပံ၊ (၁၉၃၀) ခုနှစ်မှာ ခရက်ဟော့ဖ် ရေကြောင်း ဓာတ်ခွဲခန်း စတာတွေကို ထူထောင်ခဲ့ပါတယ်။ (၁၉၃၁) ခုနှစ်မှာ သိပ္ပံပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းဟာ ကဲလ်တက်ချ်ကို ပထမဆုံး အကြိမ် ရောက်လာခဲ့ပြီး နှိုင်းရသီအိုရီ နဲ့ ပတ်သက်ပြီး ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန် ရေတပ်ကလည်း ကဲလ်တက်ချ်မှာ အမျိုးသား ကာကွယ်ရေးသုတေသန ကော်မတီ အရာရှိရုံးကို လာရောက် ဖွင့်လှစ်ထားပါတယ်။ ဖက်ဒရယ် ရန်ပုံငွေကိုလည်း လက်ခံခဲ့ပြီး ဓာတု ဇီဝဗေဒ၊ ဂြိုဟ်ကမ္ဘာ သိပ္ပံ၊ နျူကလီးယား ရူပဗေဒ၊ ဘူမိ ဓာတုဗေဒ စတဲ့ ဘာသာရပ်တွေကိုလည်း တိုးချဲ့သင်ကြား စေခဲ့ပါတယ်။ (၁၉၄၈) ခုနှစ်တွင် တက္ကသိုလ်အနီးရှိ ပလိုမာတောင်ပေါ်မှာ လက်မ (၂၀ဝ) ရှိတဲ့ တယ်လီစကုပ်ကို တည်ဆောက်ခဲ့ပြီး ကမ္ဘာ့အားအကောင်းဆုံး တယ်လီစကုပ်အဖြစ် နှစ် (၄၀) ကျော်ကြာ ရပ်တည်နိုင်ခဲ့ပါတယ်။

Caltech မှာ အဓိက ပညာရေးဌာနကြီး (၆) ခုရှိပါတယ်။ ဇီဝဗေဒနှင့် ဇီဝဗေဒဆိုင်ရာ အင်ဂျင်နီယာ ဌာန၊ ဓာတုဗေဒနှင့် ဓာတုဗေဒဆိုင်ရာ အင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာနှင့် အသုံးချ သိပ္ပံ၊ ဘူမိဗေဒနှင့် ဂြိုဟ်ကမ္ဘာ သိပ္ပံ၊ လူမှုဗေဒနှင့် လူမှုသိပ္ပံ၊ ဓာတုဗေဒ၊ သင်္ချာနှင့် နက္ခတ်ဗေဒဌာန တို့ ဖြစ်ပါတယ်။ (၄) နှစ် တက်ရတဲ့ ဘွဲ့ကြိုတန်းကို တက်ရောက်သူ အနည်းငယ်သာ ရှိပြီး အများစုကတော့ သုတေသန အထူးပြု ဘွဲ့လွန် ဘာသာရပ်တွေကိုသာ သင်ကြားပါတယ်။ ဘွဲ့လွန်တန်းတွေကတော့ ပါရဂူ ကျောင်းသားတွေ များပြီး ဓာတုဗေဒ၊ ရုပဗေဒ၊ ဇီဝဗေဒ၊ နည်းပညာ၊ လျှပ်စစ် အင်ဂျင်နီယာ၊ ဓာတု အင်ဂျင်နီယာ၊ သင်္ချာ စတဲ့ နယ်ပယ်တွေမှာ ဖြစ်ပါတယ်။ Caltech ဟာ တောင်ပိုင်း ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ကက်ခ် ဆေးပညာကျောင်း၊ ကယ်လီဖိုးနီးယား တက္ကသိုလ်ရှိ ဒေးဗစ် ဂက်ဖန် ဆေးပညာကျောင်း (၂) ခုနဲ့ ချိတ်ဆက်ပြီး ဆေးပညာ ပါရဂူဘွဲ့လည်း ပေးအပ်ပါတယ်။

Caltech ဟာ အဆင့်မြင့် ပညာရေး သတ်မှတ်ချက်အရ (၂၀၁၁) ခုနှစ် ကတည်းက ကမ္ဘာ့ အဆင့် (၁) ဖြစ်ပါတယ်။ဒီ့အပြင် အင်ဂျင်နီယာနှင့် နည်းပညာ၊ ရူပဗေဒ ဘာသာရပ် နှစ်မျိုးမှာ အထူးသဖြင့် ကမ္ဘာ့ ထိပ်တန်း စာရင်းဝင် တက္ကသိုလ်တစ်ခုလည်း ဖြစ်ပါတယ်။ ကမ္ဘာ့တက္ကသိုလ် အဆင့် သတ်မှတ်ချက်အရ သိပ္ပံ သုတေသနမှာ Caltech ဟာ (၂၀၁၅) ခုနှစ်၊ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အဆင့် (၇) ဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်အထိ စာရင်းအရတော့ ကဲလ်တက်ချ်ကျောင်းဆင်း နိုဘယ်ဆု ရရှိသူ (၃၄) ဦး ရှိပါတယ်။ တက္ကသိုလ်သည် ဌာနပေါင်း (၃၀၀၀) နဲ့ ဖွဲ့စည်းထားပြီး သိပ္ပံပညာ၊ အင်ဂျင်နီယာ ဘာသာရပ် စူးစမ်းရှာဖွေခြင်း နှင့် ပညာရေး ဘာသာများကို အဓိကထား သင်ကြားပေးပါတယ်။ ဒါ့အပြင် ကယ်တက်မှ နာဆာ နှင့် အခြား ဆက်သွယ်ရေးကွန်ယက်များ၊ အာကာသ ဆိုင်ရာ စမ်းသက် လေ့လာမှုများ လုပ်ဆောင်ခဲ့ပါတယ်။

#Chelmo #ChelmoTeam #Exclusive

Previous Article

စာမေးပွဲအတွက် ဘယ်လိုပြင်ဆင်မလဲ

Next Article

ပျိုမေတွေအတွက် နွေရာသီမှာ Skincare နည်းများ

Share:

Related articles More from author

  • ExclusiveHot

    M.A.C cosmestic ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ Brand Ambassador ဖြစ်လာတဲ့ Got 7က Jackson Wang

    August 18, 2022
    By Zue Zue
  • ExclusiveHot

    “Don’t Fight the Feeling” Album နဲ့ million Seller ဖြစ်လာတဲ့ Exo

    June 16, 2021
    By Kyaw Hein
  • Exclusive

    Convid 19 ကြောင့် နိုင်ငံတကာက နာမည်ကြီး နေရာအချို့ရဲ့ အရင်နဲ့ အခု ကွာခြားသွားတဲ့ ပုံရိပ်များ

    March 13, 2020
    By Kyaw Hein
  • ExclusiveHot

    Rom- Com Drama တစ်ခုဖြစ်တဲ့ “MonWedFriTuesThursSat”မှာပါဝင်သရုပ်ဆောင်ဖို့ သဘောတူ အတည်ပြုလိုက်တဲ့ Park Min Young , Go Kyung Pyo နဲ့ Kim Jae Young

    May 5, 2022
    By Kyaw Hein
  • ExclusiveHot

    ယခုနှစ်အတွင်း လူကြိုက်များဆုံးသီချင်းတွေနဲ့ Top 10 ဝင်နေဆဲ Kpop Boy Group များ

    June 11, 2021
    By Kyaw Hein
  • ExclusiveHotUncategorized

    Come Back album ထွက်ရှိလာတော့မယ့် “Girl’s Generation”

    August 1, 2022
    By Zue Zue

YOU MIGHT BE INTERESTED

  • Hot

    TXT’s New “Good Boy Gone Bad” MV ကို support ပေးခဲ့တဲ့ BTS’s J-Hope

  • Exclusive

    ပွဲဦးထွက်အဖွဲ့အမည်ကိုပါ ကြေညာခဲ့တဲ့ ‘Boys Planet’ ပြိုင်ပွဲဝင်ဟောင်း 7 ဦးဖြင့် ဖွဲ့စည်းထားသော byproduct group

  • Exclusive

    TAHITI အဖွဲ့ဝင်ဟောင်း Ari နဲ့ ချစ်သူတွေဖြစ်ကြောင်း Super Junior အဖွဲ့ဝင် Ryeowook ကိုယ်တိုင် confirm လိုက်ပါပြီ

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.