သားဉီးလေးရဲ့ ဖခင်ဖြစ်လာပြီဖြစ်တဲ့ Song Joong Ki
Song Joong Ki နဲ့ သူ့ရဲ့ဇနီး Katy Louise Saunders တို့ဟာ သူတို့ရဲ့ ပထမဆုံးရင်သွေးလေးကို Juneလ ၁၄ရက်နေ့ အီတလီနိုင်ငံတွင် မွေးဖွားခဲ့ပါတယ်။ Song Joong Ki ကတော့ သူ့ရဲ့တရားဝင် fancafe မှာ သားဖြစ်သူရဲ့ ချစ်စရာကောင်းတဲ့ ဓါတ်ပုံတစ်ပုံကို ေ၀မျှပေးခဲ့ရင်းနဲ့ Letter တစ်ခုကို ပရိသတ်တွေဆီ ပေးပို့ခဲ့ပါတယ်။ “Hello, this is Joong Ki. အားလုံးလည်း သိကြသလိုပဲ၊ ဟန်ဂေရီမှာ “My Name Is Loh Kiwan” ရုပ်ရှင်အတွက် ရိုက်ကူးရေးတွေလည်း ပြီးသွားခဲ့ပါပြီ။ “Hopeless” ရုပ်ရှင်အတွက် Cannes ရုပ်ရှင်ပွဲတော်ကို တက်ရောက်ရတာ ဂုဏ်ယူမိပါတယ်။ ရုပ်ရှင်ပွဲတော်ရဲ့ အခိုက်အတန့်တွေအားလုံးက ကျွန်တော့်အတွက် အိပ်မက်တစ်ခုလို ခံစားမိနေတုန်းပါပဲ။ ငါ့ရဲ့နေ့ရက်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေပါတယ်။ ဒီနေ့တော့ မင်းတို့ကို နှုတ်ဆက်ရင်း ပထမဆုံး ပြောပြချင်တဲ့ အိပ်မက်တစ်ခုလို ခံစားရတဲ့ သတင်းတစ်ပုဒ်ရှိလို့ပါ။ အခု ကျွန်တော် အီတလီ ကျွန်တော့်ဇနီးရဲ့ မွေးရပ်မြေ ရောမမြို့မှာ ကျွန်တော်တို့ ရင်သွေးကို ကြိုဆိုခဲ့ကြပါတယ်။ ကျန်းမာသန်စွမ်းတဲ့ သားလေးဖြစ်ပြီး ကလေးရော သူ့အမေရော ကျန်းမာရေး ကောင်းမွန်ပါတယ်။ ကျွန်တော်တို့၏သား သည် ကျွန်တော်တို့ဘဝတစ်လျှောက်လုံးအတွက် အကြီးမားဆုံးအိမ်မက်ဖြစ်ပြီး ပျော်ရွှင်သောမိသားစုဘဝတစ်ခုစတင်ရန် ကျွန်ုပ်တို့အတွက် အဖိုးတန်ဆုံးလက်ဆောင်ဖြစ်ပါတယ်။ ပြီးတော့ အခုလို ပျော်ရွှင်စရာကောင်းတဲ့ နေ့တစ်နေ့ကို တွေ့ရှိရလို့ ကျွန်တော်တို့ကို အားပေးခဲ့ကြတဲ့ လူတော်တော်များများကို ကျေးဇူးတင်ပါတယ်။ မပြောင်းလဲတဲ့ ချစ်ခြင်းတွေကို ပေးကြတဲ့ Ki Aile ကို အမြဲတမ်း ကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော် Joong Ki ကလည်း မင်းတို့ဘဝတစ်လျှောက်လုံး ပျော်ရွှင်စရာတွေ ဖြစ်ပါစေလို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပေးနေပါတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပိုမိုက်တဲ့ ပရောဂျက်တစ်ခုနဲ့ ပြန်လာခဲ့ပါ့မယ်။ ကျန်းမာရေးဂရုစိုက်ကြပါ။ အကုန်လုံးကို ချစ်ပါတယ်။ Song Joong Ki ၊ Katy Louise Saunders နှင့် သူတို့ရဲ့ မိသားစုကို ဂုဏ်ပြုပါတယ်နော်။