Still Life နဲ့ Billboard Global Chart 200 မှာ Top 10 ဝင်ခဲ့တဲ့ BIGBANG
BIGBANG ဟာ ဒီတစ်ပတ်အတွက် အဓိက Billboard Chart တွေမှာ သူတို့ရဲ့သီချင်းသစ် ‘Still Life’ နဲ့ ရှိနေခဲ့ပါတယ်။ ‘Still Life’ ဟာ Billboard Global 200 chart ရဲ့ No. 9 နေရာမှာရှိနေခဲ့ပြီး ဒါဟာ Blackpink နဲ့ BTS ပြီးရင် Billboard Global Chart မှာ Top 10 ဝင်ခဲ့တဲ့ တတိယမြောက် ကိုရီးယားအဖွဲ့ဖြစ်လာခဲ့တာပါ။ ‘Still Life’ album ဟာ Apr 4 ရက်နေ့မှာ ထွက်ရှိခဲ့ပြီး သုံးရက်အကြာမှာ ကြည့်ရှုသူ 34 သန်းနဲ့ အယ်ဘမ်အချပ်ရေပေါင်း 29,700 ကျော် ရောင်းချခဲ့ရပါတယ်။ YG နဲ့ BIGBANG အဖွဲ့ဟာ ဒီသီချင်းအတွက် promotion လုပ်မှာမဟုတ်ဘူးလို့ ကြေငြာထားခဲ့ပြီး comeback ကို ကြေငြာဖို့အတွက် pre-release posters တွေပဲ ထွက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။ လေးနှစ်လုံးလုံး ဘာ activity မှမရှိခဲ့ပဲ သီချင်းထွက်လာတော့လည်း no promotion ဖြစ်တာတောင်မှ PAK (Perfect All Kill) နဲ့ ချေချသွားတာနော်။ BIGBANG ရဲ့ impact က အခုချိန်ထိ ကြီးမားနေဆဲပါပဲ ။