မင်းသမီးကြီး Song Hye Kyo နဲ့လက်တွဲအလုပ်လုပ်ရတဲ့အပေါ် သူမရဲ့ခံစားချက်ကို ဖွင့်ဟပြောဆိုလာတဲ့ The Glory သရုပ်ဆောင် Jung Ji So
Netflix ရဲ့ နာမည်ကြီး K-Drama ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်တဲ့ The Glory ရဲ့ လူငယ် Moon Dong Eun အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့မင်းသမီး Jung Ji So ဟာ မတ်လထုတ် Cosmopolitan Korea မှာ ပါဝင်ခဲ့ပါတယ်။Cosmopolitan Korea နဲ့တွေ့ဆုံမေးမြန်းခန်းတွင် သူမက လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ပြီးသူငယ်ချင်းတွေနဲ့အတူ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားလုပ်ဆောင်ရတာကို သဘောကျတယ်”လုံ့လဝီရိယရှိပြီး ကျန်းမာတဲ့ Gen Z နေထိုင်မှုပုံစံ” ကို နေထိုင်တယ်လို့ ပြောပြခဲ့ပါတယ်။
The Glory ဇာတ်လမ်းတွဲ ကနေ ရရှိတဲ့ ချီးကျူးမှုတွေက သူမအတွက် မယုံကြည်နိုင်လောက်အောင် အောင်မြင်မှုတွေ ခံစားခဲ့ရတယ်လို့လည်းဆိုပါတယ်။” ကျွန်မ ပွဲဦးထွက်ပြီး ဆယ်နှစ်ကြာတဲ့အထိ ကောင်းမွန်တဲ့ ထုတ်လုပ်ရေးတွေ အများကြီး ပါဝင်ခဲ့ပေမဲ့The Glory ကတော့ တခြားသူတွေနဲ့ မတူဘူးလို့ ထင်မိပါတယ်။ကျွန်မရဲ့ သရုပ်ဆောင်မှုအပေါ် ချီးကျူးမှုတွေရလာတဲ့အခါ အောင်မြင်မှုရလာတယ်လို အရမ်းခံစားရတယ်။ ‘ငါအကောင်းဆုံးလုပ်ခဲ့တယ်၊ သင်ယူနေတယ်၊ ဘယ်သူ့ကိုမှ နှိမ့်ချမနေဘူး’ လို့တွေးတဲ့အခါ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။
မင်းသမီး Song Hye Kyo ( Moon Dong Eun ) ရဲ့ ငယ်ရွယ်တဲ့ ဗားရှင်းကို ရိုက်ကူးဖို့ရန်အတွက်Jung Ji So က မင်းသမီးရဲ့ မျက်နှာအမူအရာ၊ အသက်ရှုပုံတွေကအစ အတုယူပြီးသူမရဲ့ ဇာတ်ကောင်စရိုက်ကို အပြည့်အ၀ ပုံဖော်ခဲ့ပါတယ်။ “အပူပေးကိရိယာနဲ့ နှိပ်စက်ကြတဲ့ အခန်းမှာခလုတ်မဖွင့်ရသေးသည့်တိုင် ပူလောင်တဲ့ ဝေဒနာကို ခံစားရလုနီးပါး ခံစားရမိကြောင်း”လည်းပြောပြခဲ့ပါတယ်။
Moon Dong Eun ရဲ့ အရွယ်ရောက်ပြီးတဲ့ ဗားရှင်းအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးကြီး Song Hye Kyoဟာလည်း
“Dong Eun ရဲ့လူငယ်ပုံစံ ဖျော်ဖြေမှုကို ကြိုမြင်ခွင့်ရခဲ့တယ်။ ကျွန်မ နှလုံးသားကို အရမ်းကြေကွဲအောင် ငိုခဲ့တယ်” လို့ပြောခဲ့ပါတယ်။ဆက်လက်ပြီး မင်းသမီး Song Hye Kyo နဲ့ တွဲလုပ်ရတာ ဘယ်လိုခံစားရလဲလို့ မေးတဲ့အခါမှာတော့Jung Ji So က မင်းသမီး Song Hye Kyo ရဲ့ အံ့သြစရာကောင်းတဲ့ စွမ်းအင်နဲ့ မယုံနိုင်လောက်တဲ့ သရုပ်ဆောင်စွမ်းရည်တွေကို ပြောပြခဲ့ပါတယ်။
“စာကြည့်စားပွဲမှာ သူမကို ပထမဆုံးအကြိမ်တွေ့ခဲ့ရပြီး သူမရဲ့ စွမ်းအင်တွေက အံ့မခန်းပါပဲ။ သူမပြောသမျှစကားတိုင်းကို စွဲစွဲလန်းလန်းအာရုံစိုက်နေခဲ့တယ်။ ကြီးပြင်းလာတဲ့ Dong Eun ရဲ့ အေးစက်ပြီး ကလဲ့စားချေတတ်တဲ့နှလုံးသားကို ငါတကယ်ခံစားလိုက်ရသလိုပါပဲ”
နောက်ပြီး Song Hye Kyo ဆက်ဆံပုံဟာဆိုရင်လည်
Jung Ji So က Song Hye Kyo သည် သူမအား လေးစားစွာ ဆက်ဆံခဲ့တယ်လို့လည်းပြောခဲ့ပါတယ်
“သူမက ကျွန်မကို ကလေးလိုမဟုတ်ဘဲ လုပ်ဖော်ကိုင်ဖက်အနေနဲ့ ကြင်နာစွာ ဆက်ဆံတယ်”Song Hye Kyo ရဲ့ ငယ်ရွယ်တဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်ရတာ ဂုဏ်ယူတယ်လို့လည်း ပြောခဲ့ပါတယ်။
Jung Ji So က သူမရဲ့ သရုပ်ဆောင်အလုပ်နဲ့ပတ်သက်လာရင် တိကျတဲ့ရည်မှန်းချက်တွေမထားဖို့ ကြိုးစားနေပေမယ့်အခြေအနေတိုင်းအတွက် အမြဲတမ်း အကောင်းဆုံးကြိုးစားပြီး အနာဂတ်မှာ သရုပ်ဆောင်ရမယ့် အခန်းကဏ္ဍတွေကို ဇောက်ချလုပ်ကိုင်သွားမယ်လို့ ပြောပါတယ်။