BIGBANG အဖွဲ့ကနေ နုတ်ထွက်လိုက်ပါပြီလို့ အတည်ပြုလိုက်တဲ့ T.O.P
မေလ 30 ရက်နေ့မှာ T.O.P က “Album ထုတ်လုပ်ဖို့လုပ်နေဆဲ” ဆိုတဲ့စာတန်းပါဓာတ်ပုံတစ်ပုံနဲ့အတူ Instagram ပို့စ်ကိုမျှဝေခဲ့ပါတယ်။နောက်နေ့မှာတော့ Fan တစ်ယောက်ကT.O.P ကို BIGBANG က ထွက်သွားပြီလားလို့ မေးခဲ့တဲ့အခါမှာတော့ “ကျွန်တော် ထွက်သွားပါပြီ” လို့ တုံ့ပြန်ခဲ့ပါတယ်။T.O.P က “ကျွန်တော် ထွက်သွားတော့မယ်လို့ ပြီးခဲ့တဲ့နှစ်ကတည်းက ပြောခဲ့ပြီးသားပါ ကျွန်တော့်ဘဝရဲ့ ကဏ္ဍသစ်တစ်ခုကို စတင်ဖို့ရင်ဆိုင်နေပါပြီ” လို့ ဆိုပါတယ်။နောက်ထပ် fan က နောက်ထပ်အနုပညာလှုပ်ရှားမှုတွေနဲ့ပြန်လာဉီးမှာလားလို့မေးတဲ့အခါမှာတော့ T.O.P က “Solo” ဆိုပြီးပြန်ဖြေခဲ့ပါတယ်။T.O.P က ၁၆ နှစ်ကြာပြီးနောက်မှာ YG Entertainment နဲ့လမ်းခွဲခဲ့ပြီး
သူ့ရဲ့နောက်ဆုံး comeback “Still Life” အပြီး BIGBANG အဖွဲ့ရဲ့ လှုပ်ရှားမှုတွေမှာတော့ ဆက်လက်ပါဝင်လှုပ်ရှားသွားမယ်လို့ Agency ကရှင်းပြခဲ့ပါတယ်။ဒီဇင်ဘာလမှာတော့ T.O.P က SpaceX ရဲ့ လကမ္ဘာခရီးသွားလုပ်ငန်း project ,dearMoon project အတွက် အဖွဲ့သားရှစ်ဦးထဲက တစ်ဦးအနေနဲ့ ပါဝင်သွားမှာဖြစ်ကြောင်းလည်း အတည်ပြုခဲ့ပါတယ်။