အေဂျင်စီအသစ်ဖြင့် စာချုပ်ချုပ်ခဲ့တဲ့ TREASURE အဖွဲ့ဝင်ဟောင်း Bang Ye Dam
ဩဂုတ်လ 24 ရက်နေ့ KST တွင် Bang Ye Dam သည် GF Entertainment နှင့် လက်မှတ် ရေးထိုးခဲ့ကြောင်း Instagram တွင် ကြေငြာခဲ့သည်။
မနှစ်က TREASURE နှင့် ၎င်း၏သက်တမ်းရှည်အေဂျင်စီ YG Entertainment တို့မှ ထွက်ခွာသွားခဲ့သော Bang Ye Dam သည် အောက်ပါမက်ဆေ့ခ်ျကို မျှဝေခဲ့ပါတယ်။
“မင်္ဂလာပါ၊ ဒါက Bang Ye Dam ပါ။
ကျွန်တော် အေဂျင်စီအသစ်ဖြစ်တဲ့ GF Entertainment နဲ့ ချိတ်ဆက်ထားပါတယ်။
TREASURE ကနေစပြီး အားပေးခဲ့ကြတဲ့ TREASURE Makers အားလုံးကို ကျေးဇူးတင်ရှိပါတယ်။ အချိန်ကာလကြာရှည်စွာ ကြီးပွားတိုးတက်ပြီး လူဖြစ်လာနိုင်စေခဲ့တဲ့ YG Entertainment ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။ အနာဂတ်တွင် ပိုမိုကောင်းမွန်အောင် ကြိုးစားမှာမို့ စောင့်ကြည့်ပေးကြပါဉီးနော်။” ဆိုပြီး ပြောခဲ့ပါတယ်။