ဂျပန်လူမျိုးလို့မထင်ရလောက်အောင် ကိုရီးယားစကားကျွမ်းကျင်လွန်းတာကြောင့် ပရိတ်သတ်တွေချီးကျူးခံနေရတဲ့ Treasure’s Haruto
Treasure အဖွဲ့ဝင် Rapper တစ်ဉီးဖြစ်တဲ့ ” Haruto” ဟာဆိုရင်သူ့ရဲ့ကိုရီးယားဘာသာစကားကို ကျွမ်းးကျင်ပိုင်နိုင်လွန်းတာကြောင့်ပရိသတ်တွေ က ဂျပန်လူမျိုးဖြစ်နေတာ မေ့ရလောက်တဲ့အထိကို ဖြစ်ခဲ့ရပါတယ်။Haruto က 2004 ခုနှစ် ဧပြီလ 5 ရက်နေ့ ဂျပန်နိုင်ငံ Fukuoka မှာမွေးဖွားခဲ့ပြီး မွေးချင်းညီမလေး တစ်ယောက်ရှိတဲ့အပြင် သူ့ရဲ့မိခင်ဖြစ်သူက Bigbang ရဲ့ Fan အကြီးစားတစ်ဉီးလည်းဖြစ်ပါတယ် ၊2016 ခုနှစ်မှာတော့ YG Entertainmentလက်အောက်မှာ Training စတင်ခဲ့ပြီး 2020 ခုနှစ်မှာ တော့ TREASUREအဖွဲ့ဝင်တစ်ဉီးအနေနဲ့ ပွဲဉီးထွက်ခဲ့ပါတယ်။ သူ့ရဲ့အဆိုစွမ်းရည် ၊ အကကျွမ်းကျင်မှုတွေသာမက ဘာသာစကားစွမ်းရည်မှာလည်း သူမတူအောင်ကျွမ်းကျင်တာကြောင့် အဖွဲ့ထဲမှာလည်း ထင်ရှားသူတစ်ဉီးမို့လို့ပရိသတ်တွေက Twitter နဲ့ Instagram တို့မှာ Haruto ရဲ့ ကိုရီးယားစကားပြောဆိုမှုနဲ့ပတ်သတ်ပြီး” ဂျပန်လူမျိုးဆိုတာကို မေ့သွားရလောက်တဲ့အထိပဲ” ဆိုတာမျိုးတွေ မှတ်ချက်တွေ ပေးလေ့ရှိပါတယ် တဲ့နော်
루토 일본 애니메이션 자막 없이 봐요?
ㄴ당연한거 아니겠습니까? 저 일본인이에요. 들으면 다 안다고요아 ㄱㅇㅇ pic.twitter.com/SZ1Au1qrE6
— 히쿵야 (@hicoonnya) April 5, 2023