Webtoon ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ အသစ်ထွက်မယ့် ကိုရီးယားဇာတ်လမ်းများ
ကိုရီးယားက ဒါရိုက်တာတွေက လူငယ်တွေကြားမှာ ရေပန်းစား နာမည်ကြီးတဲ့ webtoon တွေကို ပြန်လည်ပုံဖော်ရိုက်ကူးကြပါတယ်။ အခု 2020 မှာထွက်ရှိလာမယ့် webtoon ကို အခြေခံရိုက်ကူးထားတဲ့ ကိုရီးယား ဇာတ်လမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
အစားအသောက်နဲ့ပတ်သတ်တဲ့ “Double Decker Carriage” နောက်နာမည်တစ်မျိုးဖြစ်တဲ့ “Ssanggap Pocha” ကိုအခြေခံပြီး ရိုက်ကူးမယ့်ဇာတ်လမ်းထဲမှာ BTOB အဖွဲ့က Yook SungJae, Hwang JungEum နဲ့နောက်ထပ် အနုပညာရှင်တွေပါဝင်မယ်ပြီး JTBC Channel ကထုတ်လွှင့်ပြသမှာဖြစ်တယ်လို့သိရပါတယ်။
အချစ် webtoon ဖြစ်တဲ့ “Welcome” ဇာတ်လမ်းကို KBS ကထုတ်လွှင့်မှာဖြစ်ပြီး Infinite အဖွဲ့ထဲက L (Kim MyungSoo), Shin YeEun နဲ့ Seo JiHoon တို့ပါဝင် သရုပ်ဆောင်သွားမယ့်လို့သိရပါတယ်။
Fantasy thriller ဖြစ်တဲ့ “Memorist” ဆိုတဲ့ webtoon ကိုအခြေခံပြီးရိုက်ကူးတဲ့ ဇာတ်လမ်းထဲမှာ Yoo SeungHo နဲ့ Lee SeYoung တို့အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး TVN ကထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
Action Sci-Fi webtoon ဖြစ်တဲ့ “Rugal” ကိုအခြေခံထားတဲ့ ဇာတ်လမ်းထဲမှာ Choi Jin Hyuk, Park Sung Woong နဲ့ Jo Dong Hyuk တို့ပါဝင်သွားမှာဖြစ်ပြီး OCN Channel ကထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Romantic Comedy ဖြစ်တဲ့ “Backstreet Rookie” webtoon ကို Ji ChangWook နဲ့ Kim Yoo Jung တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ 2020 နှစ်လည်လောက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်။
“Sweet Home” ဆိုတဲ့ thriller horror နာမည်ကြီး webtoon ကို Song Kang, Lee DoHyun, Lee Si Young, Lee Jin Wook နဲ့အခြားအနုပညာများ ပါဝင်ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Netflix ထုတ်လွှင့်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အချစ်ဇာတ်လမ်းဖြစ်တဲ့ “Do you want to have dinner together” webtoon ကို ပြန်လည်ရိုက်ကူးပြီး MBC ကနေထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။ ပါဝင်ရိုက်ကူးမယ့်သရုပ်ဆောင်တွေကတော့ Song Seung Heon နဲ့ Seo Ji Hye တို့ဖြစ်ပါတယ်။