ကောင်လေးတွေ ဝိုင်းဝိုင်းလည်နေသူ မိန်းကလေး တစ်ယောက်အကြောင်း
တချို့က မင်းသမီးရှုံးအောင် မချောပေမယ့်လည်း သူ့နားမှာ ကောင်လေးတွေ ဝိုင်းနေတာကို တွေ့ဖူးမယ်ထင်ပါတယ်။ အဲဒါ ဘာကြောင့်လို့ ထင်သလဲ။ အရေးကြီးတဲ့ အချက်လေး (၅) ချက်ကို မျှလိုက်မယ်နော်။
၀၁. နာမည်ကို အမြဲတမ်း ခေါ်နေသူ …
လူတစ်ယောက်ကို နာမည်နဲ့ ခေါ်ခံရရင် မကြိုက်တဲ့သူ မရှိဘူးမဟုတ်လား။ ယောင်္ကျားလေးတွေဆိုလည်း အတူတူပဲ။ယောင်္ကျားလေးတစ်ယောက် ကို သူ့ရဲ့ချစ်စရာကောင်းတဲ့နာမည်ပြောင်လေးနဲ့ ခေါ်ပေးလိုက်ပါ။
XXX ရေ၊ ဘာစားချင်လဲ ? , XXX က စိတ်ဝင်စားဖို့ကောင်းတယ်နော် စသည်ဖြင့် နာမည်ကို ခေါ်ပြီးစကားပြောကြည့်လိုက်ပါ။ နာမည်ခေါ်ပြီး စကားမပြောတာထက် နာမည်ခေါ်ပြီး စကားပြောတာက ပိုပြီးတော့ ထိရောက်သလို၊ ယောင်္ကျားလေး ဖက်ကလည်း သူကို ဂရုတစိုက် အလေးထားတယ်လို့ ထင်ပါလိမ့်မယ်။
၀၂. လုံခြုံရေးတွေ လျော့ချပါ …
ယောင်္ကျားလေးတစ်ယောက်က ဒီမိန်းကလေးကို ကြိုက်ပင်မယ့်လည်း မိန်းကလေးဖြစ်သူက အလုပ်တွေများပြနေရင် သူ့အနားကိုတောင် ကပ်လို့မရဖြစ်နေတတ်တယ်။အဲဒီလိုဆိုရင် ဒီမိန်းကလေးကို ပြောရဆိုရတာ လွယ်မယ်လို့ မထင်ပဲ၊ အရှုံးပေးသွားတတ်တဲ့ ယောင်္ကျားလေးတွေ များတယ်။ အဲဒီလိုမဖြစ်အောင် မိန်းကလေးဖက်ကလည်း လုံခြုံရေးစည်းမျဉ်းကို နည်းနည်းလျော့ပေးဖို့တော့လိုမယ်နော်။ ဥပမာအားဖြင့် – ငါမှာတော့ ပိတ်ရက်မှာဆိုရင် အိမ်မှာ တယောက်တည်း သေတော့မယ်။ မုန့်သွားစားချင်တာကို ခေါ်မယ့်သူတောင် မရှိဘူး၊ စသည်ဖြင့်ပေါ့။ ရေလာ မြောင်းပေး နည်းနည်းလုပ်ရမယ်လေ။
၀၃. စားသောက်ပုံက နန်းဆန်တယ် …
ဝိုင်းဝိုင်းလည်နေသူလေးမှာ စားသောက်ပုံက နန်းဆန်တယ်လို့လည်း ကြားရတယ်။ မိန်းကလေးဆန်ဆန်လေး နန်းဆန်စွာ စားသောက်နေမယ်ဆိုရင် အကောင်းဆုံးပေါ့။ တချို့က ယောင်္ကျားလေးတောင် အရှုံးပေးရအောင် အားရပါးရ စားတတ် ကြတယ်လေ။ သတိထားဖို့လိုပါတယ်။ ယောင်္ကျားလေးတွေက မိန်းကလေးတွေ စားသောက်နေပုံကို သတိထားကြည့်နေတတ်တယ်။
၀၄. နှုတ်ဆက်ဖို့ကို ဝန်မလေးသူ …
မနက်ပဲဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ကို နှုတ်ဆက်ဖို့ ဝန်မလေးသူလေးက ဝိုင်းဝိုင်းလည်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြုံးပြုံးပျော်ပျော် မျက်နှာလေးနဲ့အတူ ချိုသာတဲ့ နှုတ်ဆက်စကားက လူတိုင်းအတွက် အားဆေးတခွက်ဖြစ်မှာပါ။
၀၅. မျက်နှာပေါ်မှာ စိတ်အခြေအနေကို သိနိုင်သူ …
သူ့မျက်နှာပေါ်မှာ ပျော်နေချိန်၊ စိတ်ညစ်နေချိန်၊ ဝမ်းနည်းနေချိန်၊ ဒီအချိန် အပိုင်းအခြားတွေမှာ ပတ်ဝန်းကျင်ကို အားနာမနေပဲ၊ ဖြစ်ပျက်နေတာကို အရှိအတိုင်း မျက်နှာပေါ်မှာ မြင်ရတဲ့ မိန်းကလေး ချစ်ဖို့ကောင်းပါတယ်။ သူ့ကို ကြည့်နေတဲ့ ယောင်္ကျားလေးတွေက သူ့ကို ကြည့်ပြီး စိတ်တွေ လှုပ်ရှားလာမှာ မလွဲပါ။
ကဲ အချက် ၅ ချက်ကတော့ ပြီးသွားပြီနော်။ ကိုယ်နဲ့ ဘယ်အချက်တွေ ကိုက်သလဲ တိုက်ကြည့်လိုက်ပါဦး။