ကိုယ့်ကိုကြိုက်တဲ့ကောင်လေးတွေရဲ့ လက္ခဏာတွေက?
တစ်ခါတစ်လေ ကိုယ့်ရဲ့အနီးနားမှာရှိနေတဲ့သူက ကိုယ့်ကိုသဘောကျနေတာကို မသိတာမျိုးတွေရှိတတ်ပါတယ်။ လူတစ်ယောက်ရဲ့စိတ်ကို ခန့်မှန်းနိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့အရာပါ။ ဒါပေမယ့် သူ့ရဲ့အပြုအမူ အပြောအဆိုကနေတဆင့် သူ့စိတ်ကို ခန့်မှန်းလို့တော့ရပါတယ်။ ကိုယ်သဘောကျနေတဲ့သူကရော ကိုယ့်ကိုသဘောကျနေမလားဆိုတာ ဒီအချက်လေးတွေကြည့်ပြီး ခန့်မှန်းလိုက်ရအောင်နော်။
၁.မျက်လုံးချင်းခဏခဏဆုံသူ
ယောက်ျားလေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကိုသဘောကျပြီဆို သူနဲ့အမြဲ မျက်လုံးချင်းဆုံအောင်ကြိုးစားပါတယ်။ မသိမသာခိုးကြည့်တတ်ပြီး မျက်လုံးချင်းဆုံသွားရင် ချက်ချင်းပြန်လှည့်သွားတတ်ပါတယ်။ အဲ့လိုခဏခဏလုပ်တတ်ပြီး မျက်လုံးချင်းဆုံနေကြဆို သူကိုယ့်ကိုသဘောကျနေပြီဆိုတာသိနိုင်ပါတယ်။ တကယ်လို့ ကောင်မလေးဘက်ကလည်း သူ့ကိုစိတ်ဝင်စားတယ်ဆို ဒီလိုမျက်လုံးချင်းဆုံတာကို ကိုယ်ကသတိထားမိတယ်ဆိုတဲ့ အရိပ်အယောင်လေးတွေပြပေးပါ။
၂.အနီးဆုံးမှာအမြဲရှိတယ်
လူတွေများတဲ့နေရာမှာရှိနေရင်တောင် သင်နဲ့နီးတဲ့နေရာ ဒါမှမဟုတ် သင့်ကိုသေချာမြင်နိုင်တဲ့နေရာမျိုးမှာ ရှိနေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနီးအနားမှာရှိနေအောင် သူကကြိုးစားမှာပါ။ ထိုင်ရင်တောင် သင့်အနားမှာပဲထိုင်တတ်ပြီး သူရဲ့နေရာကွက်လပ်ကို သင့်အတွက်ပဲဖြစ်စေမှာပါ။
၃.သင့်အမြင်ကိုအလေးထားတယ်
သင့်ရဲ့အတွေးတွေ အမြင်တွေကိုအမြဲအလေးထားတတ်ပါတယ်။ ဆံပင်ပုံစံအသစ်ပြောင်းတာတို့၊ အင်္ကျီအသစ်ဝယ်တာတို့၊ သူဘာပဲလုပ်လုပ်သင့်ကို အသိပေးတတ်ပြီး သင့်အတွေးကိုအမြဲမေးတတ်ပါတယ်။ ဘာလို့ဆို သင့်အတွေး၊ အမြင်တွေက သူ့အတွက်အရေးပါလို့ပါ။
၄.အမြဲတမ်းအသင့်ရှိတယ်
သူက သင့်ကိုအရမ်းကြိုက်တယ်ဆိုတာ ဒီအချက်နဲ့သိနိုင်ပါတယ်။ ဘယ်အခြေအနေမျိုးမှာပဲဖြစ်ဖြစ် သင်လိုအပ်တဲ့အချိန်တိုင်း သူကအမြဲရှိနေတတ်ပါတယ်။ စိတ်ညစ်တဲ့အချိန် ငိုချင်ရင်တောင် သူ့ပုခုံးကသင့်အတွက်ဆို အဆင်သင့်ရှိနေမှာပါ။ သူ့ရဲ့အချိန်တွေအကုန်လုံးက သင့်အတွက်ပဲဖြစ်နေမှာပါ။
၅.စကားပြောမပြတ်ဘူး
တစ်ချို့ယောကျ်ားလေးတွေက ကြိုက်ပေမယ့် အရင်စပြီး Messageပို့ရမှာကိုကြောက်ကြပါတယ်။ ဒါပေမယ့် ဘယ်လိုမှမနေနိုင်တဲ့အဆုံး အရင်စပြီး စကားလာပြောကြပါတယ်။ သင်နဲ့ အကြာကြီးစကားပြောနိုင်အောင် စကားပြောတာရပ်သွားရင်တောင် အကြောင်းအရာတစ်ခုခုရှာပြီး ဆက်ပြောတတ်ပါတယ်။
ဒီအချက်(၅)ချက်လုံးကိုဖတ်ပြီး စိတ်ထဲပေါ်လာတဲ့သူရှိတယ်ဆို သေချာပါတယ် သူသင့်ကိုတော်တော်ကြွေနေပါပြီ။