2020 မှာခေတ်စားလာမယ့် ဆံပင်ပုံစံများ…
၂၀၂၀မှာ ပုံစံဟောင်းနေပြီ ထင်တဲ့အရာတွေကို ထားခဲ့သင့်ပါပြီနော်။ တစ်နှစ်နဲ့ တစ်နှစ်မတူအောင်ပြောင်းလဲနေတဲ့ ခေတ်ကြီးထဲမှာ ကိုယ်ကနောက်ကျမကျန်ခဲ့အောင် အမှီလိုက်ဖို့တော့လိုပါတယ်။ အဲ့လို ပြောင်းလဲလာတာများတဲ့ထဲကမှ ဆံပင်ပုံစံကို တစ်မျိုးထဲမထားချင်ပဲ အမြဲပြောင်းချင်နေတဲ့ ပျိုပျိုမေတွေအတွက် ဘယ်လိုဆံပင်ပုံစံတွေ ခေတ်စားလာမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
1.Bob Haircut
ဆံပင်အတိုဂုတ်ဝဲတွေကတော့ ဘယ်တော့မှမရိုးပဲ ခေတ်စားနေတုန်းပါပဲ။ (၁၉၆၀)ခုနှစ်လောက်က ဆံပင်တိုပုံစံတွေရေပန်းစားလာဦးမှာပါ။ လူငယ်လည်းပိုဆန်ပြီး Classic Look လေးလည်းရချင်ရင်တော့ဒီလိုလေးကအဆင်ပြေပါတယ်နော်။
2.Modern Haircut
ဆံပင်အတိုကိုမှ ကုတ်ကုတ်ကလေးမဟုတ်ပဲ ဆံပင်တိုလည်းဖြစ်ချင်တယ်၊ ဆံပင်ရှည်ပုံစံလေးလည်း ပေါ်ချင်တယ်ဆို ဒီလိုလေးကအဆင်ပြေပါတယ်။ (၁၉၇၀) နဲ့ (၁၉၈၀) လောက်က ဆံပင်ပုံစံမျိုးဖြစ်ပါတယ်။
3.Bangs
(၂၀၁၉) မှာ မိန်းကလေးတိုင်းနီးပါးညှပ်လာကြတဲ့ Bangs က အခု (၂၀၂၀) မှာလည်း ခေတ်စားနေတုန်းပဲဖြစ်ပါတယ်။ Bangs ကိုမှ ကိုယ့်ရဲ့ ဆံပင်ပုံစံနဲ့လည်းလိုက်အောင် မျက်နှာShapeလေးလည်းပေါ်အောင်တော့ ညှပ်သင့်ပါတယ်။
4.Cool-Girl Haircut
Bangs ညှပ်ချင်ပေမယ့် အရမ်းလည်း အရှေ့ကို မချချင်တဲ့ ပျိုမေလေးတွအတွက်တော့ အရှေ့ဆံပင်ကို ဘေးခွဲလိုက်ပြီး ဆံပင်အရှည်ဆိုရင်တော့ အရှည်ကိုကောက်လိုက်ရင် ပိုပြီး လှပါတယ်။
5.Middle-Parted Haircut
ဆံပင်အတိုလည်းဖြစ်တယ် ဘေးခွဲရတာလည်းရိုးနေပြီဆို အလယ်ခွဲပုံစံလေးပြောင်းကြည့်ဖို့အကြံပေးချင်ပါတယ်။ ဘေးခွဲအမြဲထားရင် နဖူးပြင်ပိုကျယ်လာတတ်ပါတယ်။ ဒါကြောင့် ဆံပင်အတိုပဲဖြစ်ဖြစ်၊ အရှည်ပဲဖြစ်ဖြစ် အလယ်ခွဲထားကြည့်သင့်ပါတယ်။