ပျိုမေတွေအတွက် နွေရာသီမှာ Skincare နည်းများ
အခုဆိုနွေရာသီထဲဝင်နေပြီဖြစ်လို့ ကိုယ့်ရဲ့အသားအရေကို နေရောင်ကြောင့်ပျက်စီးမသွားရအောင်ဂရုစိုက်သင့်ပြီး skincareကိုလည်း ပုံမှန်လုပ်သင့်ပါတယ်နော်။ ဒါကြောင့်နွေရာသီမှာ ကိုယ့်ရဲ့အသားအရေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။
1.Sunscreenမမေ့ပါနဲ့
နွေရာသီလည်းဖြစ်တယ် Sunscreenကလည်း Skincareလုပ်တဲ့နေရာမှာ မပါမဖြစ် ဖြစ်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။ အပြင်မထွက်ရင်တောင် ကိုယ့်ရဲ့နေ့စဉ်Skincareအပိုင်းမှာ Sunscreenကလိုအပ်ပါတယ်။
2.Moisturizer
တကယ်လို့အဆီပြန်တဲ့ အသားအရေဖြစ်နေရင်တောင် Moisturizer ကိုတော့မလိမ်းပဲမနေသင့်ပါဘူးနော်။ နွေရာသီလို ပူတဲ့ရာသီမျိုးမှာ ကိုယ့်ရဲ့အသားအရေက ရေဓာတ်ပြည့်ဝဖို့တော့လိုပါတယ်နော်။
3.Scrubပုံမှန်လုပ်ပါ
Scrubလုပ်တာက Glow Skinရစေဖို့ဆို တကယ်လိုတဲ့ Skincare တွေထဲကတစ်ခုဖြစ်ပါတယ်။ တစ်ပတ်ကိုနှစ်ကြိမ်ပုံမှန် Scrubလုပ်ပေးတာက မျက်နှာပေါ်ကအညစ်အကြေးတွေကို ဖယ်ရှားပေးပြီး အသားအရေကို ပိုကြည်လာစေပါတယ်။
4.မိတ်ကပ်လိမ်းတာကို တတ်နိုင်သလောက်ရှောင်ပါ
နွေရာသီမှာ မိတ်ကပ်အမြဲလိမ်းတာက ပိုပြီးလဲပူစေပါတယ်။ နေ့တိုင်းမိတ်ကပ်လိမ်းတာကိုရှောင်ပြီး အပြင်သွားရင်လဲ Skincare အဆင့်တွေကိုပဲအဓိကထားပြီး လိမ်းထွက်သင့်ပါတယ်။
5.ဆောင်းတွင်းတုန်းက သုံးတဲ့ Skincare တွေကိုပြောင်းပါ
နွေရာသီရောက်ပြီဆိုတော့ ဆောင်းတွင်းတုန်းကသုံးတဲ့ Moisturizerတွေကို ဆက်မသုံးသင့်တော့ပါဘူးနော်။ နွေရာသီနဲ့လဲ သင့်တော်ပြီး ကိုယ့်အသားအရေနဲ့လည်းလိုက်တဲ့ Skincare မျိုးကိုရွေးချယ်သုံးသင့်ပါတယ်။