ကျန်းမာတဲ့ခန္ဓာကိုယ်လေးရဖို့ လုပ်သင့်တဲ့အချက်များ
အားကစားနေ့တိုင်းလုပ်ပါ
ကျန်းမာတဲ့ခန္ဓာကိုယ်လေးရဖို့ဆို အားကစားလုပ်ဖို့က မဖြစ်မနေလိုအပ်ပါတယ်နော်။ မနက်ထပြေးတဲ့ အကျင့်လေးကို လေ့ကျင့်ပေးသွားပါ။ တခြားကိုယ်နဲ့ အဆင်ပြေတဲ့ အားကစားတွေလည်း လုပ်ပေးလို့ရပါတယ်။
အစားအသောက်ဂရုစိုက်ပါ
ကျန်းမာတဲ့အစားအသောက်တွေ နေ့တိုင်းစားပေးပါ။ အသီးအရွက်ပါတာကို ပုံမှန်စားပေးပြီး ထမင်းစားပြီးချိန်ပဲဖြစ်ဖြစ် အဆာပြေစားတာပဲဖြစ်ဖြစ် အသီးတွေစားပေးပါ။ အသီးစားပေးတာက ကျန်းမာရေးအတွက်လည်းကောင်းပြီး အသားအရေလည်း ကောင်းစေပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ဖြစ်ဖို့က အစားအသောက်ကို ကောင်းကောင်းမွန်မွန်အစုံ မျှမျှတတစားပေးရပါတယ်။
ရေများများသောက်ပါ
တစ်နေ့ကို ကိုယ့်ရဲ့ ခန္ဓာကိုယ်အရွယ်အစားနဲ့အညီ ကိုယ်ပိုင်Limitလေးထားပြီး သောက်ပေးပါ။ ရေသောက်များခြင်း ကျန်းမာရေးကောင်းဖို့အတွက် မပါမနေရပါနော်။
မနက်စာပုံမှန်စားပေးပါ
မနက်စာကို ပုံမှန်နေ့တိုင်းစားပေးတာက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကိုကောင်းစေပါတယ်။ တစ်နေ့ကို (၃)နပ်စားကြတာဖြစ်လို့ တတ်နိုင်သလောက် ပုံမှန်လေးစားပေးသင့်ပါတယ်။
စိတ်ဖိစီးမှုတွေကို လျှော့ချပါ
ဘယ်သူမဆို စိတ်ဖိစီးမှုတွေက ရှိတတ်ကြပါတယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ အိမ်ကိစ္စ အစရှိတဲ့ စိတ်ဖိစီးမှုတွေရှိနေတတ်ကြပါတယ်။ စိတ်ဖိစီးမှုများတာကလည်း ကျန်းမာရေးကို တစ်နည်းနည်းနဲ့ ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပေးပါ။
အကောင်းမြင်စိတ်ထားပေးပါ
နောက်ဆုံးအချက်အနေနဲ့ကတော့ အကောင်းမြင်စိတ်ထားပေးပါ။ အမြဲတမ်းအဆိုးဘက်ကတွေးရင် စိတ်ပင်ပန်းတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အကောင်းမြင်စိတ်လေးထားပြီး အကောင်းဘက်ကတွေးပေးပါ။ စိတ်ချမ်းသာမှ လူကျန်းမာဆိုတဲ့ စကားလေးအတိုင်း စိတ်ကျန်းမာအောင်နေပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်လေးရအောင် ကြိုးစားပြီး နေလိုက်ရအောင်နော်။