Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • About Us
  • Contact Us

logo

Header Banner

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

ExclusiveHot
Home›Exclusive›Kim Go Eun ရဲ့လူကြိုက်များခဲ့တဲ့ ဇာတ်လမ်း(၇)ခု

Kim Go Eun ရဲ့လူကြိုက်များခဲ့တဲ့ ဇာတ်လမ်း(၇)ခု

By Kyaw Hein
June 16, 2020
2541
0
Share:

ဒီတစ်ခါတော့ သဘာဝဆန်တဲ့ အလှတရားနဲ့ သဘာဝကျကျသရုပ်ဆောင်မှုတွေနဲ့ ပရိတ်သတ်အချစ်တွေ အများကြီးရထားတဲ့ Kim Go Eun ရဲ့ လူကြိုက်များတဲ့ ဇာတ်လမ်းတွေ ကိုပြောပြပေးချင်ပါတယ်။ ပရိတ်သတ်ကြီး ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေ ဘယ်နှစ်ကားလောက်ပါမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

1. Eungyo

ဒီဇာတ်ကားကတော့ Kim Go Eun ဆိုတဲ့ မင်းသမီးချောလေးကို စပြီး လူသိများလာခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ Kim Go Eun ကအစမှာတော့ သရုပ်ဆောင်ဝါသနာမပါခဲ့ပါဘူး။ ဒီဇာတ်လမ်းရိုက်ဖို့အတွက်ကို ဒါရိုက်တာက အရင်ကမ်းလှမ်းခဲ့ပေမယ့် သူမက လက်မခံခဲ့ပါဘူး။ ဒါပေမယ့် ဒါရိုက်တာက သူမအဖေကို ခွင့်တောင်းပြောကြည့်ပြီးမှ ဒီဇာတ်လမ်းကို Kim Go Eun ကစရိုက်ခဲ့တာပါ။ ဒီကားလေးကတော့ အထက်တန်းကျောင်းသူလေးက အသက်(၇၀)ရှိပြီဖြစ်တဲ့ ကဗျာဆရာတစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီး သူ့ရဲ့ အိမ်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပါတယ်။ အဲ့လိုကနေ တဖြည်းဖြည်းရင်းနှီးလာကြပါတယ်။ ဒီဇာတ်လမ်းက Kim Go Eun ရဲ့ပထမဆုံး ပွဲဦးထွက်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး ပထမဆုံးလို့မထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းလို့ ပရိတ်သတ်တွေက ချီးကျူးကြပါတယ်။ ဒီကားနဲ့ သူမက ဆုတွေအများကြီးလည်း ရခဲ့ပါတယ်။

2. Monster

ပထမဇာတ်လမ်းကလို ရိုးသားဖြူစင်တဲ့ ကျောင်းသူလေးအနေနဲ့ မြင်ရမှာမဟုတ်ပဲ သူ့ကိုယ်သူထက် တစ်ဦးတည်းသော ညီမလေးကိုပိုချစ်တဲ့ ကောင်မလေး၊ သူ့ညီမလေးကျောင်းစရိတ်အတွက် ရုန်းကန်ပြီးရှာဖွေနေရတဲ့ ကောင်မလေးအနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ အဲ့ကောင်မလေးရဲ့ အသက်ထက်အရေးကြီးတဲ့ ညီမလေး အသတ်ခံလိုက်ရတဲ့နောက်မှာတော့ ညီမအတွက် ကလဲ့စားချေဖို့အတွက် Psycho ဆန်ဆန်တွေ သရုပ်ဆောင်ထားတာက Kim Go Eun ကိုပိုပြီး အထင်ကြီးလေးစားလာကြပါတယ်။ ဒီကားထဲမှာ Kim Go Eun နဲ့အတူ မင်းသား Lee Min Ki လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်

3. Coin Locker Girl

ဒီကားထဲမှာတော့ မင်းသား Park Bo Gum လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ ဆိုးလ်မြို့ဘူတာရုံရဲ့ ပစ္စည်းတွေသိမ်းတဲ့နေရာမှာ စွန့်ပစ်ခံထားရတဲ့ ကလေးတစ်ယောက်ကို သူဖုန်းစားတစ်ယောက်ကတွေ့ခဲ့ပြီး မွေးစားခဲ့ပါတယ်။ Il Young လို့နာမည်ပေးထားပြီး သူမအသက်(၁၀)နှစ်ရောက်တဲ့အချိန်မှာတော့ တရားမဝင်လုပ်ငန်းတွေရဲ့ ခေါင်းဆောင် “Mother” လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်က ခေါ်ယူမွေးစားလိုက်ပါတယ်။ အဲ့နောက်မှာ သူမက “Morther” ရဲ့ယုံကြည်ရသူ၊ သူနဲ့အတူ ဒုစရိုက်တွေကျူးလွန်တဲ့သူ ဖြစ်လာပါတယ်။ အဲ့လိုနဲ့ “Mother” ကသူ့ကို အကြွေးတောင်းဖို့အတွက် တာဝန်ပေးလိုက်တဲ့ အချိန်မှာ Park Bo Gum နဲ့ဆုံပါတော့တယ်။ Park Bo Gum ကသူမ အကြွေးသွားတောင်းတဲ့ လူရဲ့သားဖြစ်ပြီး သူမကို နွေးနွေးထွေးထွေးဆက်ဆံပေးတဲ့ တစ်ဦးတည်းသောကောင်လေးဖြစ်ပါတယ်။ အဲ့လိုနဲ့ အဲ့ကောင်လေးပေါ်မှာ ခံစားချက်တွေ ဖြစ်လာတဲ့အချိန်မှာတော့ သွေးအေးရက်စက်တဲ့ ကောင်မလေးကနေ ဘယ်လိုနူးညံ့တဲ့ကောင်မလေး ဖြစ်သွားမလဲ? “Mother” နဲ့ ချစ်ရတဲ့ကောင်လေးကြားသူမ ဘယ်လိုတွေ ဖြစ်မလဲဆိုတာ ကြည့်ကြည့်ဖို့ ပြောပြလိုက်ပါတယ်နော်။

4. Cheese In The Trap

ဒီကားလေးကိုတော့ တော်တော်များများရင်းနှီးကြမယ်လို့ထင်ပါတယ်။ လူငယ်ဆန်ဆန်အချစ်ကားလေးလည်းဖြစ်ပြီး Park Hae Jinနဲ့အတွညီညီသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားလေးက Kim Go Eun ရဲ့ပထမဆုံး သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Webtoon အခြေခံရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး သမီးအလိမ္မာလေးလည်းဖြစ်၊ အမကြီး အမိရာလည်းဖြစ်ပြီး အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ဘဝကိုဖြတ်သန်းနေတဲ့ တက္ကသိုလ်ကျောင်းသူလေးနေရာက သရုပ်ဆောင်ထားပါတယ်။ Kim Go Eun ကရုပ်ရှင်ကားတွေ Movie တွေပဲ အဓိကရိုက်ဖူးတာဖြစ်လို့ ဒီကားလေးက သူ့ရဲ့ ပထမဆုံး Drama လေးဖြစ်ပြီး သဘာဝကျကျသရုပ်ဆောင်ထားတာကို မြင်ရမှာပါ။

5. Goblin

ဒီကားလေးကတော့ Kim Go Eun ကိုပိုပြီး လူကြိုက်များစေခဲ့ပြီး အောင်မြင်မှုများစွာရခဲ့တဲ့ ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဒီကားလေးကိုတော့ ထွေထွေထူးထူးပြောစရာမလိုဘူးထင်ပါတယ်နော်။ ခဏခဏပြန်ကြည့်တာတောင် ကြည့်လို့မရိုးနိုင်ပဲ ကြည့်တိုင်းငိုနေရတုန်းပဲနော်။

6. Tune In For Love

ဒီဇာတ်ကားလေးကတော့ အချစ်ကားလေးဖြစ်ပြီး မင်းသား Jung Hae In နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ Kim Go Eun ကသူ့မိဘတွေရဲ့ မုန့်တိုက်ကို ဆက်လက်ထိန်းသိမ်းပြီး ဖွင့်ထားတဲ့ ကျောင်းသူလေးပါ။ တစ်ရက်မှတော့ Jung Hae In ကသူတို့မုန့်တိုက်မှာ အချိန်ပိုင်းအလုပ်လုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲ့လိုနဲ့ နှစ်ယောက်က ကွဲသွားလိုက် ပြန်ဆုံလိုက်နဲ့ နောက်ဆုံးတကယ်ဆုံတွေ့ပြီး ကြိုက်သွားတဲ့အချိန်မှာ Hyun Woo(Jung Hae In) ရဲ့အတိတ်က သူတို့နှစ်ယောက်ကို နှောက်ယှက်လာပါတော့တယ်။ တကယ်ကိုအချစ်ကားကောင်းလေးဖြစ်ပြီး ကြည်နူးရလိုက်၊ ရင်ကွဲရလိုက်နဲ့ ဘယ်လောက်ဝေးဝေး ပြန်ဆုံစည်းတဲ့ သူတို့နှစ်ယောက် အတိတ်ကကိစ္စလေးနဲ့ ပျော်ရွှင်စွာအဆုံးသတ်မလား ဝေးကွာသွားမလားဆိုတာ ကြည့်ကြည့်လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

7. The King: Eternal Monarch

နောက်ဆုံးထွက်ရှိထားတဲ့ ဒီကားလေးကတော့ လောလောလတ်လတ် ဇာတ်သိမ်းထားတာဖြစ်လို့ အားလုံးပဲ ပြောစရာမလိုလောက်အောင် သိလိမ့်မယ်လို့ထင်ပါတယ်နော်။ ဝေဖန်မှုတွေလည်းမျိုးစုံကြုံရသလို ချီးကျူးခံရပြီး လူကြိူက်များတဲ့ ဇာတ်လမ်းကောင်းလေးလည်း ဖြစ်ပါတယ်။ ဘုရင်ကြီး Lee Min Ho နဲ့ Kim Go Eun ကိုတော့ လွမ်းနေရပြီနော်။

အားလုံးပဲ Kim Go Eun ဇာတ်ကားကောင်းလေးတွေ မကြည့်ရသေးတာရှိရင် ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Tags#ChelmoKimGoEun
Previous Article

Stay Cool Stay Fresh Challenge TikTok ပြိုင်ပွဲ

Next Article

ချွေးပေါက်ကျဉ်းအောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ?

Share:

Related articles More from author

  • ExclusiveHot

    Taeyeon ရဲ့ solo အသစ်တွက် confirm လိုက်ပါပြီ

    June 21, 2021
    By Kyaw Hein
  • Knowledge

    တည်ကြည်ခန့်ညားတဲ့ရုပ်ရည်သွင်ပြင်နဲ့ Korean Drama Actors 10ယောက်က ဘယ်သူတွေလဲ?

    July 13, 2020
    By Ei Thandar Thet
  • ExclusiveHot

    Oppa မဖြစ်ချင်ခဲ့တဲ့ Jungkook Oppa

    June 27, 2021
    By Kyaw Hein
  • Hot

    ကြည့်ရှူသူတွေကို ဆွဲဆောင်မှုပေးနိုင်ဆုံး 2021 K Dramas

    June 30, 2021
    By Kyaw Hein
  • ExclusiveHot

    Lee Min Ho ရဲ့ရိုက်ကွင်းကို Pizza Truckပို့ပြီးအားပေးခဲ့တဲ့ Jung IL Woo

    May 29, 2020
    By Kyaw Hein
  • FashionHot

    အဖွဲ့ထဲမှာအငယ်ဆုံးနဲ့ အရပ်ရှည်ဆုံး နှစ်ယောက်ဖြစ်တဲ့ Rose နဲ့ Lisa

    June 23, 2021
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Hot

    အကျင့်စရိုက်မတူတဲ့ ကာရိုက်တာနှစ်ခုနဲ့ တွဲဖက်ကြည့်ရှူရမဲ့ Lee Dong Wook နဲ့ Wi Ha Joon

  • Exclusive

    TXT’s Huening Kai ရဲ့ Sk8er Boi သီချင်းကို ပြန်လည်သီဆိုထားတဲ့အပေါ် သဘောကျနှစ်သက်ခဲ့တဲ့ Avril Lavigne

  • Hot

    Apr 25 မှာ စစ်မှုထမ်းတာဝန်ပြီးဆုံးတော့မဲ့ EXO အဖွဲ့ဝင် Chen

Timeline

  • May 23, 2022

    Fantasy Romance Drama တစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ Kim Min Kyu

  • May 20, 2022

    Travel Variety Show တစ်ခုမှာပါဝင်သရုပ်ဆောင်သွားမဲ့ Kim Jong Kook , Ji Hyun Woo, Noh Sang Hyun

  • May 19, 2022

    စထွက်ကတည်းက အားပေးမှုတွေတခဲနက်ရရှိခဲ့တဲ့ ZOOM သီချင်းနဲ့ နောက်ထပ်အောင်မြင်မှုစံချိန်သစ်ကို ချိုးနိုင်ခဲ့တဲ့Jessi

  • May 18, 2022

    Single Magazine မှာ အပြုံးလှလှလေးတွေနဲ့ ဖမ်းစားသွားပြန်တဲ့ Kim Min Kyu

  • May 17, 2022

    15 နှစ်ပြည့်အထိမ်းအမှတ်အဖြစ် August လထဲမှာ Group Comeback လုပ်ဖို့ အတည်ပြုလိုက်တဲ့ Girl Generation အဖွဲ့

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Fantasy Romance Drama တစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ Kim Min Kyu

    By May Thu
    May 23, 2022
  • Travel Variety Show တစ်ခုမှာပါဝင်သရုပ်ဆောင်သွားမဲ့ Kim Jong Kook , Ji Hyun Woo, Noh Sang Hyun

    By Htet Htet Aung
    May 20, 2022
  • စထွက်ကတည်းက အားပေးမှုတွေတခဲနက်ရရှိခဲ့တဲ့ ZOOM သီချင်းနဲ့ နောက်ထပ်အောင်မြင်မှုစံချိန်သစ်ကို ချိုးနိုင်ခဲ့တဲ့Jessi

    By Htet Htet Aung
    May 19, 2022
  • Single Magazine မှာ အပြုံးလှလှလေးတွေနဲ့ ဖမ်းစားသွားပြန်တဲ့ Kim Min Kyu

    By May Thu
    May 18, 2022
  • Fantasy Romance Drama တစ်ခုမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ဖို့ အတည်ပြုလိုက်တဲ့ Kim Min Kyu

    By May Thu
    May 23, 2022
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By tuntun
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By tuntun
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By tuntun
    October 21, 2019

Follow us

Reach us

  • No.40, Room No.(010) No (1) Industrial Road, Opposite to Central Bank, Bahan Township, Yangon, Myanmar
  • +95-9-9641-55430
  • info@chelmo.tips
Copyright © 2019-2022 Chelmo.tips. All rights reserved.