ဘယ်အချိန်ပဲပြန်ကြည့်ကြည့် ရိုးမသွားတဲ့ ကိုရီးယားကားများ
ငယ်ငယ်ကဆို မြဝတီမှာ ကိုရီးယားကားပြမယ့်အချိန်ကို ထိုင်စောင့်ခဲ့ဖူးပါသလား? အချိန်တွေကြာသွားပေမယ့် ပြန်ကြည့်တိုင်းရိုးမသွားတဲ့ ဇာတ်လမ်းတွေရှိကြပါတယ်။ ပြန်မကြည့်ဖြစ်ရင်တောင် Posterလေးမြင်တာနဲ့ ဘာကားဆိုတာသိပြီး ဒီကားကြည့်ပြီး ဘယ်လိုငိုခဲ့ရတာဆိုတဲ့ Feeling မျိုးကိုရစေပါတယ်။ အဲ့ကားတွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်နော်။
(၁) Autumn In My Heart
ဆောင်းဦးရွက်ကြွေ ဆိုတဲ့နာမည်နဲ့ မြန်မာပရိတ်သတ်တွေ ရင်ထဲရောက်ခဲ့တဲ့ ဇာတ်လမ်းလေးပါ။ ဇာတ်ဝင်တေးတွေကအစ အရမ်းကိုနာမည်ကြီးခဲ့တဲ့ ဇာတ်လမ်းကောင်းဆိုတာ လူတိုင်းသိပါတယ်။
(၂) Stairway To Heaven
အချစ်လှေကားထစ်လေး ဇာတ်လမ်းတွဲက မြဝတီမှာ(၇)နာရီဆိုလာခဲ့တဲ့ ဇာတ်လမ်းဆိုတာ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။
(၃) Full House
အခုထိ ရင်ထဲစွဲနေတဲ့ ဇာတ်လမ်းတွေအကြောင်းဆိုတော့ ချစ်စံအိမ်က မပါမဖြစ်ပါပဲနော်။
(၄) Princess Hours
(၅) Moon Embracing The Sun
(၆) Boys Over Flowers
F4 ကတော့ ပရိတ်သတ်တွေ ရင်ထဲမှာ အမြဲရှိနေတဲ့ ဇာတ်လမ်းလေးဆိုလဲ မမှားပါဘူးနော်။
(၇) City Hunter
Lee Min Ho နဲ့ Park Min Young တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ဒီကားလေးကလည်း မပါမဖြစ်ပါပဲနော်။
(၈) Secret Garden
(၉) Dream High
လူငယ်ဆန်တဲ့ ဒီကားလေးက လူငယ်ပရိတ်သတ်တွေအတွက်တော့ အခုထိရင်ထဲစွဲနေတုန်းပါပဲ။ ဒီကားထဲက သီချင်းကလဲ နားထောင်စွဲနေဆဲပါပဲနော်။
(၁၀) The Heirs
Lee Min Hoနဲ့Park Shin Hye တို့ရဲ့အချစ်ဇာတ်လမ်းလေးအပြင် ဒုတိယမင်းသား Kim Woo Bin ကြောင့်လဲငိုခဲ့ရတဲ့ ကားလေးပါ။
(၁၁) Kill Me, Heal Me
(၁၂) My Love From The Stars
ဘယ်အချိန်ကြည့်ကြည့် ငိုရတဲ့ ဇာတ်ကားကောင်းလေးပါ။
(၁၃) Descendants Of The Sun
ဒီကားကတော့ ထွေထွေထူးထူး ပြောစရာမလိုအောင် Kdrama Fan တွေအသည်းကို ကိုင်လှုပ်နိုင်ခဲတဲ့ ဇာတ်လမ်းပါ။ ဇာတ်ဝင်တေးတွေကအစ အခုချိန်ထိ လူကြိုက်များနေတုန်းပါပဲ။
(၁၄) Goblin
နောက်ထပ် ပြောစရာမလိုအောင်ကောင်းတဲ့ ဒီဇာတ်လမ်းကတော့ ပြန်ကြည့်တိုင်းလဲ ငိုနေရတုန်းပါပဲ။
(၁၅) Moon Lovers: Scarlet Heart Ryeo
Kdrama Fan တွေရင်အကွဲခဲ့ဆုံး ဇာတ်လမ်းဆိုလဲ မမှားပါဘူးနော်။ ပြန်ကြည့်တိုင်းလဲငိုရသလို ပရိတ်သတ်တော်တော်များများကလည်း Season(2) ထပ်ထွက်စေချင်ကြတဲ့ထိပါပဲ။
ဒီကားတွေကို အကုန်လုံးနီးပါး ကြည့်ဖူးကြမယ်ထင်ပါတယ်နော်။ အခုပြောပြပေးသွားတဲ့ ဇာတ်လမ်းတွေထဲမှာ ပရိတ်သတ်အကြိုက်တွေ ဘယ်နှစ်ကားလောက်တောင်ပါ ပါသလဲ?