Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Lifestyle
Home›Lifestyle›မနက်အိပ်ယာထရင် တွေးသင့်သော အချက်များ

မနက်အိပ်ယာထရင် တွေးသင့်သော အချက်များ

By Kyaw Hein
October 25, 2019
4640
0
Share:

မနက်အိပ်ယာထပြီး စတွေးသင့်သော အချက်များကို လေ့လာကြည့်လိုက်ရအောင်နော်။

၀၁. ရွေးချယ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေအားလုံးဟာ ကိုယ့်မှာရှိတယ်။

ဒီနေ့ဟာ ကောင်းတဲ့နေ့၊ မကောင်းသောနေ့ဖြစ်တာတို့၊ ရာသီဥတု သာယာမယ်၊ မသာယာဘူးဆိုတာကို တွေးနေစရာမလိုပါ။ ကောင်းတဲ့နေ့တစ်နေ့ဖြစ်ဖို့ရန် မိမိသာလျှင် အဓိကပါ။

၀၂. အဖြေက အရေးမကြီးပါ။

လူတိုင်းက ကိုယ်လုပ်ငန်းအောင်မြင်ရန်၊ ကိုယ့်အလုပ်အောင်မြင်ရန်သာ အလေးထားပြီးဆောင်ရွက်နေကြတာပါ။ အရေးကြီးတာက ကိုယ်ဖြစ်ချင်သလို ကိုယ်ကြိုက်သလို နေနိုင်အောင် နေ့တိုင်း လုံ့လ၊ဝီရိယစိုက်ထုတ်ပြီး နေထိုင်တတ်ရန်လာ အရေးကြီးပါတယ်။

၀၃. အရှုံးမပေးခြင်းသာလျှင် အရေးကြီးဆုံးပါ။

ကြိုးစားနေချိန်မှ အခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါ။ လူအများစုကတော့ အခက်အခဲတွေနဲ့ကြံုတွေ့ချိန်မှာ လက်မြှောက် အရှုံးပေးတတ်ကြပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ လက်မလျှော့ပဲ၊ ဇွဲနဲ့ကြိုးစားမယ်၊ လုပ်သင့်တဲ့ ကိစ္စကို နေ့စဉ်မှန်မှန်၊ ဘယ်သူတွေက ဘာပဲပြောပြော လုပ်ဆောင်သွားဖို့ရန်သာ အဓိကပါ။ လုပ်ငန်းသစ်ကို လုပ်ဆောင်နေသူဟာ အရှုံးသမားမဟုတ်ပဲ ကြိုးစားနေသူပါ။

၀၄. လူ့လောကကြီးမှာ အရေးကြီးတာက လုပ်ချင်စိတ်ပါ။

မလိုတာတွေကို အားလုံးစွန့်လွှတ်လိုက်ပါ။ လူတွေက မလုပ်သင့်တဲ့ကိစ္စတွေကို လုပ်သင့်တယ်လို့ ပြောလာပါလိမ့်မယ်။ အဲဒါတွေကို မေ့ထားလိုက်ပါ။ နေ့တိုင်း ကိုယ်မလုပ်ချင်တဲ့ကိစ္စတွေကို လုပ်နေရတယ်ဆိုရင်တော့ တခုခုတော့ မှားနေပါပြီ။

၀၅. ကိုယ့်ဘဝကို ကိုယ်တိုင်သာ လမ်းဖောက်ရမှာပါ။

ဘဝဆိုတာ ကိုယ်ဟာကိုယ် မပိုင်ပါဟုဆိုတာမှားနေတယ်လို့ ထင်ပါတယ်။ ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်နိုင်တယ်လို့ထင်ပါတယ်။ ဒီနေ့ ဒီနေရာမှာရှိနေတယ်ဆိုတာလဲ အတိတ်မှာ ကြိုးစားခဲ့လို့ပါ။ ကိုယ့်ဘဝကို ကိုယ်မပိုင်ဘူးလို့ ထင်နေသောသူများဟာ ဇွဲ၊လုံ့လ၊ ဝီရိယ မရှိသူများသာဖြစ်ပါလိမ့်မယ်။

၀၆. လူကောင်းက ရှားပါတယ်။

ပတ်ဝန်းကျင်မှာ တန်ဖိုးထားသင့်သောသူဆိုတာ ရှားပါတယ်။ ဒါကိုမေ့နေသောသူများပါတယ်။ လောကကြီးမှာ မကောင်းသောသူနဲ့လည်းတွေ့နိုင်ေချရှိပါတယ်။ အထူးသဖြင့် ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်နေပြီဆိုရင် လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်တိုင်ကိုက သူ့ဘဝဟာလဲ ရိုးရိုးကြီးနဲ့ ဘာမှာစိတ်ဝင်စားစရာမရှိတာကို အခြေခံပြီး သူများတွေကိုလည်း ဘဝကြီးက ပျင်းစရာကြီးပါလို့ တရားဟောမှာပါ။

၀၇. လောကကြီးက ရယ်စရာကောင်းပါတယ်။

လောကကြီးမှာ ဒုက္ခရောက်နေတဲ့သူတွေ အားလုံးကို အကူအညီပေးချင်ပင်မဲ့လည်း အားလုံးကို ကယ်တင်ဖို့ကတော့ မဖြစ်နိုင်ပါ။

၀၈. စိတ်ချမ်းသာပြီး သာယာတယ်ဆိုတာ ဘယ်လိုတွေးသလဲပေါ်မှာ မူတည်ပါတယ်။

စိတ်ချမ်းသာတယ်ဆိုတာက ပတ်ဝန်းကျင်နဲ့ဆိုင်တယ်လို့တွေးေနရင် မှားပါတယ်။ ဒါပင်မဲ့ ကိုယ့်ရဲ့အခြေအနေကို လက်ခံရဲတဲ့သတ္တိရှိရင်တော့ စိတ်ချမ်းသာလာမှာပါ။

၀၉. သူများအကြောင်းကို ခေါင်းထဲက ထုတ်ထားလိုက်ပါ။

လူတော်တော်များများက ကိုယ့်ဘဝနဲ့ မသက်ဆိုင်ပါ။ လူတွေက ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တတ်တာပါ။ သူများက အမှားလုပ်ရင် ချက်ချင်းဆိုသလို အပြစ်ပြောတတ်ပါတယ်။ ကိုယ်ကလုပ်သင့်တာကတော့ အဲဒီလို လူမျိုးကို မျက်စိမှိတ်၊ ခွင့်လွှတ်တတ်ဖို့သာ အရေးကြီးဆုံးပါ။

၁၀. လက်ရှိအခြေအနေကို လက်ခံသင့်ပါတယ်။

သူများအိမ်ကို အားကျ၊ သရေကျနေတတ်ပါတယ်။ ဘဝမှာ ကြိုးစားရင် အောင်မြင်မှာ ဖြစ်ပင်မဲ့လည်း ဘယ်လိုအထိအောင်မြင်မယ်ဆိုတာကို ဘယ်သူမှလည်း မသိနိုင်ပါ။ ကိုယ့်ရဲ့လက်ရှိဘဝကို လက်ခံပြီး မိသားစုအတွက် နွေးနွေးထွေးထွေး အလေးပေး နေထိုင်သွားရင်တော့ အကောင်းဆုံးပါ။

၁၁. အသက်ရှင်နေတယ်ဆိုတာကို ကျေးဇူးတင်ပါ။

နေ့စဉ်နှင့်အမျှ လူတွေ အကြောင်းအမျိုးမျိုးကြောင့် သေကြရပါတယ်။ ဒီနေ့မနက် အိပ်ယာနိုးတာကိုပဲ ကျေးဇူးတင်သင့်ပါတယ်။ တခုခုဖြစ်လို့ သေသွားသူများရှိသလို၊ ကိုယ်ကတော့ အသက်ရှုခွင့်ရတယ်ဆိုတာကို သတိပြုမိစေချင်ပါတယ်။ ဒီအတွက် ဒီနေ့လည်း အကျိုးရှိသော နေ့တစ်နေ့ ဖြစ်အောင် ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။

#ChelmoTeam
Credit. tabi-labo

Previous Article

သမီးရှင် ဖေဖေများ ဖတ်ရန်

Next Article

ယောက်ျားကံမကောင်းတာကို အမြန်ဆုံးပြင်ဆင်ပေးနိုင်တဲ့ အချက် ၅ ချက်

Share:

Related articles More from author

  • KnowledgeLifestyle

    ပျော်ချင်ရင် လုပ်ကြည့်သင့်တဲ့အချက်လေးများ

    May 25, 2020
    By Kyaw Hein
  • KnowledgeLifestyle

    မနက်စာကို ဘာကြောင့်သေချာ စားသင့်တာလဲ

    May 11, 2020
    By Kyaw Hein
  • Lifestyle

    သမီးရှင် ဖေဖေများ ဖတ်ရန်

    October 25, 2019
    By Kyaw Hein
  • HotLifestyle

    မိန်းကလေးတို့ စိတ်သဘာဝ

    October 25, 2019
    By Kyaw Hein
  • Lifestyle

    ၃ပတ်ကြာပြုလုပ်မည့် Tomorrowland 2022 EDM Festival ပွဲကြီး

    July 21, 2022
    By Zue Zue
  • ExclusiveHotLifestyle

    TC Candler က‌ ထုတ်ပြန်တဲ့ ကမ္ဘာ့အချောဆုံး မျက်နှာပိုင်ရှင် စာရင်းမှာ ပါဝင်ခဲ့တဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည်

    October 21, 2020
    By Kyaw Hein

YOU MIGHT BE INTERESTED

  • Hot

    Solo Track MV အတွက် ပြည်ပမှာ ရိုက်ကူးရေး ပြုလုပ်နေတဲ့ BLACKPINK’s Jisoo

  • Exclusive

    အသက် ၂၅ နှစ်မတိုင်မီ လက်ထပ်သင့်သော အကြောင်းရင်း ၇ ချက်

  • ExclusiveHot

    VIRTUAL CONCERT 2022 မှာ Ready For Love သီချင်းအသစ်ကို AI Effect များနဲ့တမူထူးခြားစွာတင်ဆက်လာတဲ့ BLACK PINK”

Timeline

  • February 20, 2024

    Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

  • February 2, 2024

    Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

  • January 15, 2024

    TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

  • January 5, 2024

    New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

  • December 29, 2023

    2024 မှာ ကြည့်ရမယ့် Park Shin Hye နဲ့ Park Hyun Sik တို့ရဲ့ ရုပ်ရှင်ကားအသစ် “Doctor Slump”

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • Korea ရောက်ရင် သွားလည်သင့်တဲ့နေရာများ

    By Kyaw Hein
    February 2, 2024
  • TVN ရဲ့ 2024 မှာ အသစ်ထွက်မယ့် Korean Drama “Carry Sun Jae and Run”

    By Kyaw Hein
    January 15, 2024
  • New Rom Com Drama အသစ်မှာ ပါဝင်မယ့် Jung So Min နဲ့ Jung Hae In

    By Kyaw Hein
    January 5, 2024
  • Music Video အသစ် ထွက်ရှိလာခဲ့တဲ့ ASTRO အဖွဲ့ဝင် Cha Eun Woo

    By Kyaw Hein
    February 20, 2024
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.