မျက်လုံးပါဝါ ကျစေမယ့် နည်းလမ်းများ
ယနေ့ခေတ်မှာ တိုးတက်လာခြင်းနဲ့အတူ အီလက်ထရောပစ္စည်းတွေ ပေါများလာတဲ့အတွက် လူကြီးလူငယ်မရွေး မျက်မှန်တပ်လာရပါတယ်။ ဒါကြောင့် ဘယ်လိုနည်းလေးတွေနဲ့ ကိုယ့်ရဲ့အဖိုးတန်မျကလုံးတွေကို အားကောင်းအောင်လုပ်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်
(၁) အိပ်ယာထချင်း ဒူးခေါင်းကနေ စပြီးရေလောင်းပြီးမှ မျက်နှာသစ်ရပါမယ်။ အိပ်ယာထထချင်း မျက်နှာကို အရင်သစ်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတပြင်လုံးကို တကိုယ်လုံးကအပူတွေ အကုန်ပြေးလာကြတဲ့အခါ မျက်စိကို အပူခိုးတွေ လာရိုက်ပြီး မျက်စိအားနည်းကာ မျက်လုံးမှုန်တတ်ပါတယ်။ ခြေထောက်ကို ရေအရင်လောင်းမှသာ ရှိသမျှအပူတွေက အောက်ကို စုဆင်းသွားပြီး မျက်လုံးကို မထိခိုက်တော့မှာဖြစ်ပါတယ်။
(၂) ScreenTime ကို လျော့နိုင်သမျှလျော့ချပေးရပါမယ်။ စူးရှတဲ့အလင်းရောင်က မျကိစိသားငယ်အိမ်ကို ပိုကျုံ့လာစေပြီး ပါဝါပိုတက်လာစေပါတယ်။ တခုခုကို အာရုံ စူးစိုက်ကြည့်တာ မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေနှစ်ဆယ်အကွာမှာရှိတဲ့ အရာတစ်ခုခုကို second 20 ကြည့်ပေးဖို့ ဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာ တိုးတက်ဖို့ကူညီပေးနိုင်ပါတယ်။
(၃) အမြင်ကြည်လင်ဖို့ ရေများများသောက်ပေးဖို့လိုအပ်ပါတယ်။ မျက်စိမှာ အဖြစ်များတဲ့ ပြသနာတစ်ခုကတော့ ရေဓာတ်ခမ်းခြောက်တာဘဲ ဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် မျက်စိမှုန်တာတွေ မျက်စိဝါးတာတွေဖြစ်နိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကို ကာကွယ်ပေးနိုင်တဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ ရေများများသောက်ပေးတာဘဲဖြစ်ပါတယ်။
(၄) နောက်တစ်ချက်အနေနဲ့ကတော့ မျက်လုံးကြည်လင်အေးမျှစေဖို့ မျက်လုံးကို သခွားသီးကပ်ပြီး ညအိပ်ပေးတာဘဲဖြစ်ပါတယ်။ သခွားသီးရဲ့ အအေးဓာတ်က မျက်စိကြွက်သားတွေကို ပြေလျော့စေပြီး မနက်အိပ်ရာနိုးတဲ့အခါ မျက်လုံးကို ကြည်လင်အေးမျှစေပါတယ်။
(၅)ကျန်းမာသော မျက်လုံးရရှိဖို့အတွက် ကျန်းမာအောင်စားတတ်ဖို့လဲလိုပါတယ်။ ဗီတာမင်ဓာတ်၊ သံဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက် အသားငါးများဟာ မျက်စိအမြင်ေ၀ဝါးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၆) နောက်ဆုံးအချက်အနေနဲ့ကတော့ မျက်စိလေ့ကျင့်ခန်း လုပ်ပေးရမှာဘဲဖြစ်ပါတယ်။ မျက်လုံးကို နာရီလက်တံအတိုင်း (၃) ကြိမ်လှည့်ပေးရမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်စိကြွက်သားတွေ ပြေလျော့လာပြီး အမြင်အာရုံတွေကို ပိုမိုကောင်းမွန်လာစေမှာပါ။
ဒီလိုအချက်တွေကို ဂရုတစိုက်လုပ်ပေးခြင်းဖြင့် မျက်မှန်တပ်နေရတဲ့သူတွေလဲ ပါဝါ ပိုမတက်အောင် လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ပါဝါ အများကြီးမရှိသေးတဲ့သူတွေအနေနဲ့ မျက်မှန်ကိုအချိန်တိုင်း တပ်မထားဘဲ တစ်ခါတစ်ရန်မှာ ချွတ်ထားသင့်ပါတယ်။
#Chelmo