အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ
အိပ်စက်နေစဉ် ဟောက်တတ်သူတွေနဲ့ အတူတကွ အိပ်စက်ရခြင်းဟာ အင်မတန်မှ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတခုပဲဖြစ်ပါတယ်။ ဟောက်ခြင်းဟာ အိပ်စက်နေစဉ် အသက်ရှုလေဝင်လမ်းကြောင်း ပိတ်ဆို့နေတဲ့အခါမျိုးမှာ ဖြစ်ပေါ် တာပဲဖြစ်ပြီး
အဆုတ်ထဲလေအဝင်နည်းလာတဲ့အချိန် ဦးနှောက်၊ နှလုံးနဲ့ ကြွက်သားတွေကို အောက်ဆီဂျင်ထောက်ပံ့ပေးမှုလျော့နည်းလာတဲ့ အခြေအနေမျိုးမှာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ အိပ်ပျော်နေစဉ် ဟောက်တတ်သူတွေဟာ ရေရှည်မှာ အသက်ရှုကြပ်တဲ့ ဝေဒနာမျိုးကို ခံစား နိုင်ရခြေ များတာကြောင့် လျော့ပါးသက်သာစေမယ့် အိမ်တွင်းသဘာဝ နည်းလမ်းတွေကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
(၁) ဂျင်းနဲ့ပျားရည် ရေနွေးကြမ်း
အိမ်ရဲ့မီးဖိုချောင်မှာ အလွယ်တကူရှိတဲ့ ဂျင်းဟာ ကျန်းမာရေးပြဿနာ တော်တော်များများကို ဖြေရှင်းပေးနိုင်တဲ့ သဘာဝပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ဂျင်း၊ ပျားရည်နဲ့ ရေနွေးတို့ ရောစပ်ထားတဲ့ ဂျင်းပျားရည်ရေနွေးကြမ်းကို တနေ့ ၂ ကြိ့်မ် သောက်သုံးပေးခြင်းအားဖြင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့အပြင် အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကျန်းမာရေးပြသနာတွေကို ကောင်းမွန်စေနိုင်တာကြောင့် အိပ်စက် နေစဉ် ဟောက်တတ်သူတွေအနေနဲ့ ပုံမှန်သောက်သုံးပေးသင့်ပါတယ်။
(၂) ငှက်ပျောသီး၊ နာနတ်သီးနဲ့ လိမ္မော်သီး
ငှက်ပျောသီး၊ နာနတ်သီးနဲ့ လိမ္မော်သီးတို့မှာ Melatonin ဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး Melatonin
ဓာတ်ဟာ ကောင်းမွန်စွာ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတဲ့အပြင် အိပ်ပျော်နေစဉ်
ဟောက်ခြင်းကို လျော့ပါးသက်သာစေပါတယ်။
(၃) သံလြင္ဆီ
သန့်စင်စွာပြုလုပ်ထားတဲ့ သံလွင်ဆီလက်ဖက်ရည်ဇွန်းတဇွန်းခန့်ကို ညအိပ်ရာဝင်ကာနီးတိုင်း
သောက်သုံးပေးခြင်းဟာ လည်ပင်းကြွက်သားတွေနဲ့ အသက်ရှုလမ်းကြောင်း ပိတ်ဆို့ခြင်းကို
ကာကွယ်ပေးတာကြောင့် ဟောက်တတ်သူတွေ အနေနဲ့ သောက်သုံးပေးသင့်ပါတယ်။
Credit – The Irrawady Lifestyle