ချစ်သူနှစ်ဦးကြားမှာ ယုံကြည်မှုရဖို့နဲ့ စိတ်လုံခြုံမှု ခံစားရစေဖို့အတွက် ပွေ့ဖက်ခြင်းက အလှပဆုံးနဲ့ အကောင်းဆုံး ဆက်သွယ်မှုပါ။

ပွေ့ဖက်တဲ့အခါ တစ်ဖက်လူကို သူဟာ သင့်အတွက် အရေးပါတဲ့ သူဖြစ်ပြီး ချစ်တယ်ဆိုတာ ခံစားမိစေပါတယ်။

စက္ကန့် ၂၀ ထက်ပိုကြာတဲ့ ပွေ့ဖက်ခြင်းတွေဟာ သင့်ကို ပျော်ရွှင်စေပြီး အထီးကျန်မှု၊ အဖော်မဲ့မှု၊ တစ်ကိုယ်တည်းဖြစ်တည်နေမှု၊ ပူပင်ကြောက်ရွံ့မှုတွေကို လျော့ကျစေပြီး စိတ်ခံစားမှုတွေကို ကောင်းမွန်တိုးတက်စေမှာဖြစ်ပါတယ်။

ချစ်သူနှစ်ဦးကြားဆက်ဆံရေးအခြေအနေကို သိနိုင်မဲ့ ပွေဖက်တဲ့ ပုံစံ ၇ မျိုးကိုလေ့လာကြည့်ရင်း သင့်ချစ်သူသဘောထားဘယ်လိုဖြစ်မလဲ ကြည့်လိုက်ရအောင်…..

(1) နောက်မှနေ၍ပွေ့ဖက်ခြင်း

သင်မီးဖိုချောင် ဝင်နေတဲ့ အချိန်ပဲဖြစ်ဖြစ်၊ အခြားအလုပ်တစ်ခုထဲမှာ စိတ်ဝင်တစားရှိနေစဉ် သင့်ချစ်သူက အနောက်ကနေ လာပြီး ပွေ့ဖက်ထားတာမျိုးလေးကြုံဖူးကြလား? ဒါက အလွန်ရင်းချာတဲ့ ပွေ့ဖက်ခြင်းတစ်မျိုးပါ။ သင့်ရဲ့ချစ်သူက သင့်ကို ချစ်သလို သင့်ကို ကာကွယ်ပေးဖို့ အမြဲအသင့်ရှိနေတဲ့ ပုံစံမျိုးပါ။ တစ်နည်းအားဖြင့် “မင်းအတွက် ငါအမြဲအသင့်ရှိတယ်” ဆိုတာမျိုးပေါ့။ သင့်ချစ်သူက သင့်ကို ဒီလိုမျိုးမကြာခဏ ပွေ့ဖက်လေ့ရှိတယ်ဆိုရင်တော့ သူက နှစ်ဦးကြား relationship ကိုမြဲအောင် ထိန်းသိမ်းလိုသူတစ်ဦးပါ။

(2) ကျောကို ဖွဖွလေးပုတ်ရင်း ပွေ့ဖက်မယ်

ဒီလိုပွေ့ဖတ်တာကတော့ ယုံကြည်စိတ်ချခြင်းနဲ့ နှစ်သိမ့်ပေးခြင်း ကိုဖော်ဆောင်ပါတယ်။ ဒီလိုပွေ့ဖတ်ခြင်း က မိဘတွေ၊ ကလေး၊ သူငယ်ချင်း နဲ့ ရင်းနှီးတန်ဖိုးထားရသူတွေကြားမှာ ပြုလုပ်လေ့ရှိတာပါ။ ချစ်ရေးချစ်ရာ နဲ့တော့ သိပ်သက်ဆိုင်လေ့မရှိပါဘူး။

(3) ခါးကနေပွေ့ဖက်ခြင်း

သင့်ရဲ့ချစ်သူက သူ့အပေါ်မှာတိမ်းညွတ်စေလိုတာဖြစ်ပြီး ဖြစ်နိုင်သမျှသူ့အချိန် တွေကို သင်နဲ့အတူကုန်ဆုံးချင်တာပါ။ သူက သင့်ကို ယုံကြည်သလို သူ့ရဲ့အရင်းအချာတစ်ယောက်အနေနဲ့ သင့်ကို ရှိနေစေချင်ကာ သင့်ကိုမြင်နေရတာကိုက သူ့ကိုပျော်ရွှင်စေပါတယ်။

(4) မျက်လုံးချင်း ဆုံကာပွေ့ဖက်ခြင်း

ဒီအခြေအနေကတော့ ရင်းနှီးမှုထက်တစ်ဆင့် ပိုတိုးတဲ့ အခြေအနေကို ရောက်ရှိနေပါပြီ။ ပွေ့ဖက်ထားစဉ်အချိန်အတွင်း တစ်ယောက်မျက်လုံးတစ်ယောက် စိုက်ကြည့်ရင်း နက်နဲတဲ့ အနှောင်အဖွဲ့ သံယောဇဉ်တွေကို မျှဝေခံစားနေကြခြင်းဖြစ်ပါတယ်။

(5) ရင်ချင်းအပ်ကာ ပွေ့ဖက်ခြင်း

တင်းတင်းကျပ်ကျပ်ပွေ့ဖက်ခြင်းက ပူပန်သောကဖြေဖျောက်ပေးပြီး သင့်အပေါ်မှာ ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို ပိုပီးသိသာစေလိုခြင်းဖြစ်ပါတယ်။ဒီလိုပွေ့ဖက်ခြင်းက ချစ်သူနှစ်ဦးကြားမှာ လုံးဝယုံကြည်စိတ်ချမှု၊ နှစ်သိမ့်ပေးလိုမှု နဲ့ အတွင်းကျကျ ရင်းနှီးမှုတို့ကို ဖော်ကျူးုခြင်းပဲ ဖြစ်ပါတယ်။ ချစ်ရသူကို တစ်ချိန်တည်းမှာ လုံခြုံစိတ်ချရမှုနဲ့ ချစ်တယ်ဆိုတာကို ခံစားသိရှိရစေမှုတို့ ပဲဖြစ်ပါတယ်။

(၆) အချိန်ကြာမြင့်စွာ ပွေ့ဖက်ထားခြင်း

အချိန်အကြာကြီး ပွေ့ဖက်ထားခြင်းက ချစ်ခြင်းမေတ္တာနဲ့ အားကိုးအားထား မှုကိုပြတဲ့ နှစ်ဦးကြားက အသံတိတ်ဆက်သွယ်မှု တစ်ခုပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် နက်နက်နဲနဲ ချစ်ပြီး အေးအတူပူအမျှ မခွဲဘဲ ရင်ဆိုင်ကြမယ်ဆိုတာကို အသံတိတ်ဖော်ပြခြင်းပဲဖြစ်ပါတယ်။

(၇) လက်တစ်ဖက်ထဲဖြင့်ပွေ့ဖက်ခြင်း

လက်မောင်းတစ်ဖက်ထဲဖြင့် သူနဲ့နီးကပ်အောင် ဆွဲငင်ဖက်သွယ်ခြင်းက သူ့ရဲ့ဘဝခရီးလမ်းမှာ သင့်ကို လက်တွဲဖော်အဖြစ်လျှောက်လှမ်းစေလိုခြင်းပါ။ သင့်ကို ကာကွယ်ပေးဖို့ အဆင်သင့်ရှိနေသူဖြစ်ပြီး သင်လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲထောက်ခံအားပေးမဲ့သူပါ။

#ChelmoTeam
#Love