EXO Kai ရဲ့ မဖြစ်မနေ စစ်မှုထမ်းရမဲ့ အကြောင်း ကို စစ်မှုထမ်းစီမံခန့်ခွဲရေး ကိုယ်စားလှယ်ရဲ့ ရှင်းပြချက်
EXO အဖွဲ့ဝင် Kaiရဲ့ နောက်တစ်ပတ် မေလ ၁၁ ရက်နေ့မှာ စစ်မှုထမ်းရမည့် ထုတ်ပြန်ချက်ကြောင့်တောင်ကိုရီးယားရဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ဥပဒေ ထောက်ပံ့ပို့ဆောင်မှုကို ပရိသတ်တွေက မေးခွန်းထုတ်လာကြပါတယ်။
“ပုံမှန်အားဖြင့် စစ်မှုထမ်း ဆင့်ခေါ်စာတစ်စောင် လက်ခံရရှိသူတွေဟာ ဆင့်ခေါ်စာလက်ခံရရှိပြီး ၂ နှစ်တာကာလအတွင်း စုစုပေါင်း ၅ ကြိမ် စစ်မှုထမ်းမည့်ရက်ကို ရွှေ့ဆိုင်းဖို့ တောင်းဆိုနိုင်ပါတယ်။’အထွေထွေ’ အပါအဝင် စစ်မှုထမ်းရွှေ့ဆိုင်းရန် တောင်းဆိုမှုအတွက် လက်ခံနိုင်သော အကြောင်းပြချက်များစွာရှိသော်လည်း အကြောင်းပြချက်ကခွင့်ပြုထားသော စုစုပေါင်း တောင်းဆိုနိုင်တဲ့ ၅ ကြိမ်မှာ နှစ်ကြိမ်သာ အသုံးပြုနိုင်ပါတယ်။ဒါကြောင့်Exo Kai ကစစ်မှုထမ်းရွှေ့ဆိုင်းရန် တောင်းဆိုနိုင်သော ၅ ချက်စလုံးကို အသုံးပြုထားပြီးဖြစ်တာကြောင့် ဥပဒေအရ လိုက်နာဖို့ရန် ဆင့်ခေါ်စာဖော်ပြသည့် ရက်စွဲအတွင်း စာရင်းသွင်းရန်မှတပါး ရွေးချယ်စရာ မရှိတော့ကြောင်း” ကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။Kai က လောလောဆယ်မှာ စစ်မှုမထမ်းခင် May လ ၉ ရက်နေ့မှာ Exo-L တွေနဲ့ offline fanmeeting လုပ်သွားမှာဖြစ်ပြီး Exo Youtube channel ကနေလည်း broadcast live လုပ်သွားမယ်လို့သိရပါတယ်။