True Beauty ဟာ ၂၀၂၀ ဒီဇင်ဘာ ၉ ရက်နေ့မှာမှာစတင်ထုတ်လွှင့်ခဲ့တာဖြစ်ပေမယ့်လူကြိုက်များတဲ့ Webtoon ဇာတ်လမ်းတစ်ခုကိုပြန်လည်ရိုက်ကူးထားတာဖြစ်တာကြောင့် သရုပ်ဆောင်ရွေးချယ်မှုစတင်ကတည်းက အထူးအာရုံစိုက်ခံရတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းမှာပါဝင်မယ့် သရုပ်ဆောင်တွေကိုရွေးချယ်ခဲ့စဉ်ကတော့တချိုု့ သရုပ်ဆောင်တွေဟာ သူတို့ မှန်းထားတဲ့သရုပ်ဆောင်တွေမဟုတ်ခဲ့ကြလို့ ဇာတ်လမ်းထွက်လာမှဝေဖန် စောင့်ကြည်မယ်ဆိုသူတွေလည်းရှိခဲ့ကြပါတယ်။ ဒါပေမယ့် တကယ်ထုတ်လွှင့်လာတဲ့အခါမှာတော့ အားလုံးအံ့အားသင့်ခဲ့ရတာကWebtoonနဲ့တစ်ပုံစံတည်းမတူပဲ အနည်းငယ်ပြောင်းလဲထားတဲ့ ဇာတ်ကွက်အသစ်များနဲ့မတူညီတဲ့ Character Development ...