Tiffany က Song Joong Ki နဲ့အတူ ရှိနေမယ်ဆိုပဲ
Girls’ Generation’s က Song Joong Ki နဲ့အတူ JTBC ကနေ ထုတ်လုပ်ရိုက်ကူးမယ့် Drama “The Youngest Son of the Chaebol Family'” မှာအတူတူ သရုပ်ဆောင်ကြမယ်ဆိုပါတယ်။
ဒီဇာတ်လမ်းကတော့ သူဌေးမိသားစုမှာ ၁၀ နှစ်ကျော်အလုပ်လုပ်ပြီးနောက် ဒုက္ခတွေနဲ့ဝေသွားအောင် ချောက်တွန်းခံရပြီး အသတ်ခံရတဲ့
Yoon Hyun Woo ကို Song Joong Ki က သရုပ်ဆောင်မှာပါ။ အသတ်ခံလိုက်ရတယ်ဆိုတဲ့ Yoon Hyun Woo ကနေ သူဌေးမိသားစုရဲ့ မိသားစုဝင် (အငယ်ဆုံးသား) အဖြစ်ပြန်လာပြီး ကလဲစားချေမှာပါ။
Tiffany ကတော့ နိုင်ငံခြားမှာမွေးတဲ့ ကိုရီးယားသူလေးအဖြစ် သရုပ်ဆောင်မယ်လို့သိရပါ။ Song Joong Ki ကတော့ အဓိက သရုပ်ဆောင်နေရာကနေပါဝင်ပြီး သူတို့နှစ်ယောက် ဘယ်လို သည်းထိရင်ဖို ဇာတ်လမ်းကို ဖန်တီးကြမလဲဆိုတာကို စောင့်မျှော်ကြရအောင်လား။