Forbes မဂ္ဂဇင်းရဲ့” 30 Under 30 Asia 2022″ အတွက် ဉီးစားပေးဖော်ပြခြင်းကိုခံရတဲ့ Aespa နဲ့ Squid Game သရုပ်ဆောင် Jung Ho Yeon
“30 Under 30 Asia ” ဟာဆိုရင် မတူညီတဲ့ Categories ပေါင်း ၁၀ ခုအတွက် အာဆီယံလူငယ်ခေါင်းဆောင်များ စွန့်ဉီးတီထွင်သူများ အယောက်၃၀ ကို နှစ်စဉ်နှစ်တိုင်း ရွေးချယ်လေ့ရှိပြီးCategories ဆယ်ခု အနက် အားကစားနဲ့ဖျော်ဖြေတင်ဆက်မှု အပိုင်းအတွက် Aespa နဲ့ Jung Ho Yeon ဟာ Forbes မဂ္ဂဇင်းမှာ ဖော်ပြခြင်းကို ခံခဲ့ရပါတယ် ၊ 2020 တိုကျို အိုလံပစ် (သို့)2022 Beijing Winter အိုလံပစ်အတွက် ဖျော်ဖြေတင်ဆက်ရန် ရွေးချယ်ခြင်းခံရတဲ့ Aespa ဟာဆိုရင် Kpop လောကရဲ့ Music Industry မှာ လွှမ်းမိုးနိုင်ဆုံး အဖွဲ့တစ်ဖွဲ့လည်းဖြစ်ပါတယ် ၊Aespa ဟာဆိုရင် 2021 May လမှာ ထုတ်လုပ်ခဲ့တဲ့ ” Next Level” သီချင်းဟာ နာမည်အကြီးဆုံး လူကြိုက်များဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပြီး Youtube မှာကြည့်ရှူသူ 215 million ကျော်ကို ရရှိခဲ့ပါတယ်၊ 2022 ရဲ့ Golden Disc Awards ၊ 2021 Mnet Asian Music Awards တို့ကိုရရှိခဲ့ကြတဲ့ အကောင်းဆုံး မိန်းကလေးအနုပညာရှင်တွေ ပဲဖြစ်ပါတယ် ၊ နောက်ပြီး 2021 MTV Europe Music Awards မှာလည်းအကောင်းဆုံး တေးဂီတသရုပ်ဆောင်အဖြစ်ဆုရရှိခဲ့ပြီး ၊ ပြီးခဲ့တဲ့နှစ်က Givenchy ရဲ့ Brand Ambassador လည်းဖြစ်လာခဲ့တယ်လို့ Forbes မဂ္ဂဇင်းကရေးသားဖော်ပြခဲ့ပါတယ် သရုပ်ဆောင် Jung Ho Yeon ကိုတော့ သူမဟာ Netflix မှာ ကြည့်ရှူသူအများဆုံးဖြစ်တဲ့ Squid Game မှာ ပရိသတ်တွေကို အာရုံစိုက်စေနိုင်ဆုံး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့ပြီး ၊ ဒီနှစ်ရဲ့ Best Actress In
A Drama Series ထဲမှာ အကောင်းဆုံး သရုပ်ဆောင်တစ်ဉီးအဖြစ်ရွေးချယ်ခံခဲ့ရပါတယ် ၊Academy Award Winner Alfonso Cuaron ကိုယ်တို်င ဇာတ်ညွှန်းရေးရိုက်ကူးမဲ့ Apple Series ” Disclaimer ” မှာလည်း
Lead role နေရာကနေ သရုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ် ၊ သူမရဲ့ Instagram မှာဆိုရင်လည်း Follower ပေါင်း 24 million နီးပါးရှိနေပြီး ၊ ပြီးခဲ့တဲ့နှစ်က Louis Vuitton ရဲ့ Brand Ambassador တစ်ဉီးလည်း
ဖြစ်လာခဲ့ပါတယ်ဆိုပြီး Forbes မဂ္ဂဇင်းရဲ့ အလေးထားဖော်ပြခြင်းကို ခံခဲ့ရပါတယ် ကိုယ့်အချစ်လေးတွေ အားလုံးအတွက် အများကြီး ဂုဏ်ယူမိပါတယ်ရှင်