ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းကို အခိုင်အမာငြင်းချက်ထုတ်လိုက်တဲ့ Son Ye Jin’s Agency
မင်းသမီး Son Ye Jin’s Agency ကတော့ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့သတင်းကို အခိုင်အမာငြင်းဆိုလိုက်ပါတယ်။ May 29 ရက်နေ့က မတ်မတ် Son Ye Jin ရဲ့ IG မှာတင်လိုက်တဲ့ပုံတွေအရ ပရိတ်သတ်တွေက ကိုယ်ဝန်ရှိနေပြီလို့ ထင်ကြေးပေးခဲ့ကြတာပါ။ ပုံထဲမှာ မတ်မတ် Son Ye Jin က ဂါဝန်အဖြူလေးကို ဝတ်ဆင်ထားပြီး သူမရဲ့ခွေးလေးနဲ့ အပန်းဖြေနေတဲ့ပုံကို တင်ပေးထားတာဖြစ်ပါတယ်။ ပုံတင်ပြီးပြီးချင်း ပရိတ်သတ်တွေက Son Ye Jin ရဲ့ဗိုက်ကလေးက မဆိုစလောက်ပူနေတယ်ဆိုပြီး honeymoon baby လေးလားဆိုပြီး ထင်ကြေးပေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ အဲ့နေ့ပြီးနောက်မှာတော့ agency ဘက်က ‘မင်းသမီးမှာကိုယ်ဝန်ရှိနေတယ်ဆိုတာ ကောလဟာလတွေပါ’ ဆိုပြီး တိတိကျကျ ခိုင်ခိုင်မာမာငြင်းဆိုချက်ထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ထုတ်ပြန်ခဲ့တဲ့ကြေငြာချက်ကတော့ ‘သတင်းထူးရှိလာခဲ့ရင် ပရိတ်သတ်တွေကို အရင်ဆုံးအသိပေးသွားမှာပါ’ ဆိုတဲ့ ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။
ကိုယ်တွေကတော့ ချစ်ရတဲ့မတ်မတ်ရဲ့ ချစ်စရာဘေဘီလေးကို မြင်ချင်စိတ်ရှိနေကြပေမဲ့ ကာယကံရှင်တွေကတော့ အနုပညာအလုပ်တွေလုပ်ရင်း လွတ်လွတ်လပ်လပ်နေချင်ကြသေးတဲ့ပုံပါပဲ ပရိတ်သတ်ကြီးရေ။ ကိုယ်ချစ်တဲ့သူတွေပျော်ဖို့ကအရေးကြီးတာမလို့ စိတ်အနှောက်ယှက်ဖြစ်စရာမှတ်ချက်တွေနဲ့ မနှောက်ယှက်မိအောင် နေကြမယ်နော်။