Chelmo News Portal

Top Menu

  • About Us
  • Contact Us

Main Menu

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • About Us
  • Contact Us

logo

Chelmo News Portal

  • Home
  • Hot!
  • Lifestyle
  • Exclusive
  • Pet
  • ၅မိနစ်အတွင်း တရားဝင်ကွာရှင်းခဲ့တဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေကို

Knowledge
Home›Knowledge›ရှေးဦးဆုံး ကျောက်စာရေးထိုးသောလူမျိုးမှာ ဘယ်လူမျိုးလဲ?

ရှေးဦးဆုံး ကျောက်စာရေးထိုးသောလူမျိုးမှာ ဘယ်လူမျိုးလဲ?

By Kyaw Hein
January 27, 2020
3574
0
Share:

ကမ္ဘာပေါ်မှာ ကျောက်စာရေးထိုးတဲ့ဓလေ့ ပေါ်ပေါက်ခဲ့တာက ဘီစီ(၃၆၀၀) ခန့်လို့ ယူဆရပါတယ်။ ရှေးဦးစွာ ကျောက်စာရေးထိုးသော လူမျိုးက အီဂျစ်လူမျိုး ဖြစ်ပါတယ်။ အီဂျစ် ပြည်သူတွေက ဟိုင်ယာရိုဂလစ်ခေါ် ရုပ်ပုံစာအမှတ်အသားနဲ့ ဘုရင်သင်္ချိုင်းတွေ၊ အထိမ်းအမှတ် အဆောက်အအုံတွေမှာ ရေးထိုးထားခဲ့ကြတယ်။

အီဂျစ်နိုင်ငံမှာ ဘီစီ(၃၄၀၀) မှ (၂၇၀၀) အထိ နှစ်အမည်တွေကို ရေးမှတ်ထားတဲ့ ကျောက်တုံးတစ်ခုကို တွေ့ရှိတဲ့အတွက် ယခု စစ္စလီကျွန်း ပါရာမိုပြတိုက်မှာ ထားရှိထားပါတယ်။ အဲ့ကျောက်တုံးကိုတော့ ပါလာမိုကျောက်စာလို့ ခေါ်ကြတယ်။

အိန္ဒိယနိုင်ငံမှာလည်း ကျောက်စာရေးထိုးတဲ့ခေတ် ရှိခဲ့ပါတယ်။ ရှေးအီဂျစ်နိုင်ငံ ဗက်ဗီလုံးနိုင်ငံများရဲ့ ယဉ်ကျေးမှုခေတ်နဲ့ တစ်ခေတ်တည်းမှာပဲ ကျောက်စာရေးထိုးခြင်း ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အိန္ဒိယနိုင်ငံမှာ အခြားထင်ရှားခဲ့တဲ့ ကျောက်စာတွေကတော့ ဘီစီ(၂၅၀) ခန့်က စိုက်ထူခဲ့တဲ့ သီရိဓမ္မာသောက ကျောက်စာတွေပဲဖြစ်တယ်။

သီရိဓမ္မာသောက မင်းတရားကြီးက ဗုဒ္ဓမြတ်စွာနဲ့ စပ်လျဉ်းတဲ့ထင်ရှားတဲ့နေရာတွေမှာ အထိမ်းအမှတ်ကျောက်စာတိုင်တွေ စိုက်ထူခဲ့တဲ့အပြင် မြတ်စွာဘုရားရှင်ရဲ့ ဆုံးမသြဝါဒတွေကိုလည်း နိုင်ငံတော်အတွင်း နေရာအနှံ့အပြားမှာ ကျောက်ထက်ရေးထိုးစေခဲ့တယ်။ဒါကတော့ သီရိဓမ္မာသောက မင်းကြီရဲ့ ကျောက်စာတိုင်တစ်ခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာလည်း ဘီစီ(၂၀၀၀)ခန့် ရှန်မင်းများလက်ထက်က စာပေရေးသားတတ်မြောက်ကြပေမဲ့ ကျောက်ထက်မှာရေးထိုးလေ့မရှိဘဲ ဆင်စွယ်၊ လိပ်ခွံတွေနဲ့ ဝါးများ အပေါ်မှာသာ ရေးမှတ်လေ့ရှိကြတယ်။ ခရစ်သက္ကရာဇ် (၂၀၀) ခန့်မှ တရုတ်စာကောင်းပေကောင်းတွေကို ကျောက်ပြားများပေါ်မှာ ရေးထိုးပြီး အဲ့မှတစ်ဆင့် စက္ကူနဲ့ ကူးယူတဲ့အကျင့်ကို အသုံးပြုလာကြတယ်။ရှေးဟောင်း တရုတ်နိုင်ငံရဲ့ ကျောက်စာတစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စာရေးထိုးတဲ့ အကျင့်က သရေခေတ္တရာခေတ်က စတင်ပေါ်ပေါက် လာခဲ့ပါတယ်။ သရခေတ္တရာမြို့ဟောင်းမှ တူးဖော်ရရှိတဲ့ ကျောက်အရိုးအိုးများမှာ ပျူဘုရင်ဘွဲ့တွေနဲ့ ပျူဘုရင်မင်းများရဲ့ နတ်ရွာစံသက္ကရာဇ် တွေကို ရေးထိုးထားတာလည်း တွေ့ရပါတယ်။ ပုဂံခေတ် မြန်မာလူမျိုးတို့က အထူးသဖြင့် ဘုရားတည်၊ ကျောင်းဆောက် စတဲ့ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါ အလှူပစ္စည်းစာရင်း နဲ့အတူ ဆုတောင်းစာတွေ ကျိန်စာတွေကို ကျောက်ထက်မှာ ရေးထိုး မှတ်တမ်းတင်ကြပါတယ်။

မြန်မာနိုင်ငံမှာ တွေရတဲ့ ကျောက်စာများထဲတွင် ပုဂံမြို့မှ မြစေတီကျောက်စာကတော့ အထူး အရာရောက်တဲ့ ကျောက်စာတစ်ချပ်လည်း ဖြစ်တယ်။ ကျောက်စာမှာ အကြောင်းအရင်း တစ်မျိုးထည်းကိုပဲ ကျောက်တိုင် (၄) မျက်နှာတွင် မြန်မာ၊ မွန်၊ ပါဋ္ဌိ၊ ပျူ ဟူတဲ့ ဘာသာကြီး (၄) မျိုးနဲ့ ရေးထိုးထားခဲ့ပါတယ်။ မြစေတီကျောက်စာကို လေ့လာခြင်းကြောင့် ပုဂံခေတ်မှာ သုံးနှုန်းထားတဲ့ ဘာသာစကားတွေကိုလည်း သိရှိနိုင်ပါတယ်…

 

 

 

Previous Article

EDM Festival တွေမှာ မိမိုက်နေစေမယ့် Outfit Ideasများ

Next Article

(၂၀၂၀) မှာ ရေပန်းစားမယ့် Hair Color များ

Share:

Related articles More from author

  • HotKnowledge

    Fake Love သီချင်းမှာ  billion ချီတဲ့ ကြည့်ရှူသူအများဆုံးနဲ့ ထိပ်တန်းရောက်နေတဲ့ BTS

    September 10, 2021
    By Kyaw Hein
  • KnowledgeLove

    ကိုယ့်ကိုကြိုက်တဲ့ကောင်လေးတွေရဲ့ လက္ခဏာတွေက?

    March 5, 2020
    By Kyaw Hein
  • HotKnowledge

    ပရိသတ်တွေရဲ့အချစ်တော် Song Ji Hyo ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲများ

    September 4, 2021
    By Kyaw Hein
  • KnowledgeLifestyle

    ပူပြင်းလှတဲ့ ရာသီဥတုမှာ မှန်ကန်တဲ့ နည်းလမ်းနဲ့ ရေချိုးနည်း

    May 13, 2020
    By Kyaw Hein
  • HotKnowledge

    စစ်ပြေးဒုက္ခသည် တစ်ဉီးဖြစ်ခဲ့ဖူးတဲ့ Girl Generation’s Sunny

    July 17, 2021
    By Kyaw Hein
  • HotKnowledge

    Social Media မသုံးတဲ့ Korea Celebrities

    July 7, 2021
    By Kyaw Hein

YOU MIGHT BE INTERESTED

  • HotKnowledge

    Penthouse ဇာတ်ဝင်ခန်းတစ်ခန်းကြောင့်ကြည့်ရှူသူတင်မကဘဲ ရိုက်ကူးသူကို ထိတ်လန့်တုန်လှုပ်စေခဲ့ရကြောင်း ပြောလာတဲ့ Kim So Yeon

  • Hot

    KBS2 ရဲ့ ‘Problem Child in House’ မှာ Guest အဖြစ် ပါဝင်သွားမဲ့ Song Ji Hyo

  • BeautyExclusiveHot

    ပဲရစ်မှာ YSL’s Creative Director Anthony Vaccarello ၊ Hailey Bieber ၊ အခြားအနုပညာရှင် များနဲ့အတူ ညစာအတူတူစားသောက်ခဲ့တဲ့ Rose’

Timeline

  • May 29, 2023

    “Summer” မှာ ကြည့်ကို ကြည့်သင့်တဲ့ Summer Vibe Korean Drama လေး “Our Beloved Summer”

  • May 25, 2023

    ‘Cannes ရုပ်ရှင်ပွဲတော်’မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တတ်နေတဲ့ ပွဲဦးထွက်စီးရီး’The Idol’

  • May 23, 2023

    အမိုက်စားသီချင်းတွေနဲ့ Comeback ပြုလုပ်တော့မည့်အကြောင်း အတည်ပြုခဲ့တဲ့ NewJeans

  • May 22, 2023

    ကြည့်ရှူသူ 20 million ရရှိသွားပြီဖြစ်တဲ့ Lee Chae Yeon ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Knock” MV

  • May 18, 2023

    ‘Street Woman Fighter’ ရဲ့ season 2 ထုတ်လွှင့်တော့မဲ့အကြောင်း အတည်ပြုခဲ့တဲ့ Mnet

Find us on Facebook

logo

Chelmo ကုမ္ပဏီ၏ စီးပွားရေး ကဏ္ဍတစ်ခု အနေဖြင့် Chelmo သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။

Chelmo မှ စာဖတ်သူပရိသတ်များအတွက် တန်ဖိုးလည်းရှိပြီး အကျိုးရှိစေမည့် သတင်းမှစ၍ အထောက်အကူပြု ဆောင်းပါးများ၊ ပျော်စရာသတင်းလေးများကို နေ့စဉ်မပြတ် တင်ပြလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်
  • Recent

  • Popular

  • “Summer” မှာ ကြည့်ကို ကြည့်သင့်တဲ့ Summer Vibe Korean Drama လေး “Our Beloved Summer”

    By Htet Htet Aung
    May 29, 2023
  • ‘Cannes ရုပ်ရှင်ပွဲတော်’မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ပြီးနောက်ဝေဖန်မှုတွေမြင့်တတ်နေတဲ့ ပွဲဦးထွက်စီးရီး’The Idol’

    By Htet Htet Aung
    May 25, 2023
  • အမိုက်စားသီချင်းတွေနဲ့ Comeback ပြုလုပ်တော့မည့်အကြောင်း အတည်ပြုခဲ့တဲ့ NewJeans

    By Htet Htet Aung
    May 23, 2023
  • ကြည့်ရှူသူ 20 million ရရှိသွားပြီဖြစ်တဲ့ Lee Chae Yeon ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Knock” MV

    By Htet Htet Aung
    May 22, 2023
  • “Summer” မှာ ကြည့်ကို ကြည့်သင့်တဲ့ Summer Vibe Korean Drama လေး “Our Beloved Summer”

    By Htet Htet Aung
    May 29, 2023
  • ချစ်သူနဲ့ အမြဲစကားများရန်ဖြစ်နေပေမဲ့ အချစ်မပြယ်စေဖို့

    By Kyaw Hein
    October 21, 2019
  • အိပ်နေတဲ့အချိန် ဟောက်တာကို သက်သာစေမယ့်နည်းလမ်းများ

    By Kyaw Hein
    October 21, 2019
  • Celebrity တွေရဲ့အမိုက်စား ဝိတ်ချနည်းများ

    By Kyaw Hein
    October 21, 2019

Follow us

Reach us

  • No.23, Room No. 1_08, Sky suites, Yanshin Rd, Yankin Tsp, Yangon.
  • +95-9-9543 55430
  • [email protected]
Copyright © 2019-2022 Chelmo.tips. All rights reserved.